Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးအား ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်

ရဲစခန်းရှိ စစ်အုပ်စုဝင်တစ်ဦးသေဆုံးသည်ဟု သိရပြီး ထွေအုပ်ရုံးအတွင်း ထိခိုက်မှုအခြေအနေ မသိရသေးဟု ၎င်းက ဆိုသည်။

ပုလဲမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးအား ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်
ပုလဲမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးအား ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ ရဲစခန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများအား နှစ်ဖက်ညှပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Burmese Peacock Defense Force-BPDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက် ည ၉ နာရီခန့်ကစ၍ ပုလဲမြို့ပေါ်ရှိ ရဲစခန်း၊ထွေအုပ်ရုံး စသည့် စစ်ကောင်စီတပ်စွဲရာ နေရာများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တောင်ဘက်နှင့် မြောက်ဘက်ကပါ ညှပ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်က အထိအခိုက်ရှိ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၁နာရီခွဲခန့် ကြာမြင့်ခဲ့ကြောင်း၊ မဟာမိတ်အဖွဲ့များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း BPDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

ရဲစခန်းရှိ စစ်အုပ်စုဝင်တစ်ဦးသေဆုံးသည်ဟု သိရပြီး ထွေအုပ်ရုံးအတွင်း ထိခိုက်မှုအခြေအနေ မသိရသေးဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“နောက်ဆက်တွဲအခြေအနေကတော့ ဆက်လက်စုံစမ်းနေပါတယ်”ဟု BPDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Burmese Peacock Defense Force-BPDFက ဦးဆောင်၍ မဟာမိတ်များဖြစ်သော မုံရွာခရိုင်တပ်ရင်း(တပ်ရင်း၁)၊ယင်းမာပင်ခရိုင် တပ်ရင်း၊ ပုလဲနယ်တပ်ရင်း (တပ်ရင်း -၄)ဒေါင်းနက်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများသည် ယခင်ကလည်း မကြာခဏ တိုက်ခိုက်ခံရဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းက ရဲတွေကင်းပတ်ဖို့ထွက်လာတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊မုန်းမြို့နယ်(မူးမြို့နယ်)မှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။