Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများ နောက်ဆုံးတွင် ထိုက်တန်သည့်ဆုလာဘ်ရရှိမည်ဟု ကန်သံအမတ်ကြီးပြော

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သည့် ဗိုက်ဒါက ၎င်း၏ တာ၀န်ထမ်းဆောင်မှုပြီးဆုံးချိန်တွင် မြန်မာပြည်သူများထံ သတင်းစကားပါးခဲ့ခြင်း ဖြစ်သည်။

မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများ နောက်ဆုံးတွင် ထိုက်တန်သည့်ဆုလာဘ်ရရှိမည်ဟု ကန်သံအမတ်ကြီးပြော
မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများ နောက်ဆုံးတွင် ထိုက်တန်သည့်ဆုလာဘ်ရရှိမည်ဟု ကန်သံအမတ်ကြီးပြော

▪️သမ္မတဦးဝင်းမြင့်ထံ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်နိုင်ခဲ့ခြင်းမှာ ဆုလာဘ်ကြီးတစ်ခုဟုဆို

မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများသည် နောက်ဆုံးတွင် ထိုက်တန်သည့် ဆုလာဘ်ကို ရှိလိမ့်မည်ဟု ယုံကြည်ကြောင်း အမေရိကန်သံအမတ်ကြီးသောမက်စ်ဗိုက်ဒါက ယနေ့ထုတ်ပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သည့် ဗိုက်ဒါက ၎င်း၏ တာ၀န်ထမ်းဆောင်မှုပြီးဆုံးချိန်တွင် မြန်မာပြည်သူများထံ သတင်းစကားပါးခဲ့ခြင်း ဖြစ်သည်။

“ခုလို ကျွန်တော်ထွက်ခွာသွားသည့်တိုင် အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ မိမိတို့အနာဂတ်ကို မိမိတို့ ဆုံးဖြတ်နိုင်ခွင့်တွေကို လိုလားတောင့်တနေကြတဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံဖို့ အမေရိကန်ပြည်ထောင်စုက သန္နိဌာန်ချထားဆဲဖြစ်ကြောင်း ထပ်လောင်းအတည်ပြုချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများ နောက်ဆုံးတွင် ထိုက်တန်သည့်ဆုလာဘ်ရရှိမည်ဟု ကန်သံအမတ်ကြီးပြော
မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများ နောက်ဆုံးတွင် ထိုက်တန်သည့်ဆုလာဘ်ရရှိမည်ဟု ကန်သံအမတ်ကြီးပြော

အမေရိကန်သည် အာဏာရှင်အဖွဲ့အစည်းအပေါ် သံတမန်ရေးနှင့် စီးပွားရေးအရ ဖိအားပေးရန်၊ ယခင်က ၎င်းတို့ ကျူးလွန်ခဲ့မှုများနှင့် ဆက်လက်ပြီး ကျူးလွန်နေသော နှိပ်စက်ကလူပြုမှုများအတွက် အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်၊ အကူအညီလိုအပ်နေသည့် လူသန်းပေါင်းများစွာထံ အကူအညီများ ပေးအပ်နိုင်ရန်နှင့် ကိုယ့်အခွင့်အရေး၊ လွတ်လပ်ခွင့်များပိုင်ပိုင်နိုင်နိုင်ရရှိနိုင်ရန် ကြိုးစားအားထုတ်နေကြသည့် မြန်မာပြည်သူလူထုကို အားပေးထောက်ခံသွားရန် နိုင်ငံတကာက မိတ်ဖက်များနှင့်အတူ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆက်လက်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ၂၀၂၁ ဇန်နဝါရီ ၁၉ တွင် ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်နိုင်ခဲ့ခြင်းမှာ ဆုလာဘ်ကြီးတစ်ခုဟု သံအမတ်ကြီး သောမက်စ်ဗိုက်ဒါက ဆိုသည်။

ဆက်လက်ပြီး ၎င်းက “အဲ့ဒါပြီး သိပ်မကြာဘူး စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အကြမ်းဖက်မှုနဲ့ ဖိနှိပ်ချုပ်ခြယ်မှုလမ်းစဉ်ကို စတင်ခဲ့တာ ဒီနေ့အထိပါပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာအတွင်းမှာ မြန်မာနိုင်ငံက ထူးထူးခြားခြား အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တာတွေလည်း ဆိတ်သုဉ်းပျောက်ကွယ်ခဲ့ရပါတယ်” ဟု ပြောသည်။

လက်ရှိအခြေအနေများသည် လူတိုင်းအတွက် ခက်ခဲသည့် အချိန်အခါဖြစ်သော်လည်း မြန်မာပြည်သူများ၏ သူရသတ္တိ၊ ခံနိုင်ရည်ရှိမှုနှင့် စိတ်ဓါတ်ကြံ့ခိုင်မှုများမှာ တကယ်ကို လေးစားအတုယူဖွယ်ရာဖြစ်ကြောင်း အမေရိကန်သံအမတ်ကြီးက ပြောသည်။

မြန်မာပြည်သူများသည် အသက်မွေးမှု၊ ပညာရေး၊ လွတ်လပ်ခွင့်များနှင့် အများကောင်းစားရေးအတွက် ၎င်းတို့၏ အသက်များကို စတေးကြသည်မှာ ၎င်း၏ မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့ရကြောင်းလည်း ဖော်ပြသည်။

“တရားမျှတမှုဆီရောက်ဖို့ အချိန်ကြာမြင့်တတ်ပေမယ့် စကြဝဠာကြီးက တရားမျှတမှုဆီကိုပဲ ဦးတည်ရွေ့လျားနေပါတယ်” ဟု မာတင်လူသာကင်းဂျူနီယာ ပြောခဲ့ဖူးသည်ကို ကိုးကားကာ သံအမတ်ကြီးက မြန်မာပြည်သူများသည် နောက်ဆုံးတွင် ၎င်းတို့၏ မွေးရာပါ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို အသေအချာ ပိုင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။

“ဒါဟာ သင်တို့ အမှန်တကယ်တောင်းဆိုနေတာဖြစ်ပြီး သင်တို့နဲ့ ထိုက်တန်တဲ့အရာလည်း ဖြစ်ပါတယ်” ဟု သောမက်စ်ဗိုက်ဒါက ဆိုသည်။

အမေရိကန်သည် မြန်မာစစ်ကောင်စီကို သံတမန်ဆက်ဆံရေး အဆင့်လျှော့ချကာ သံအမတ်ကြီးအဆင့် ထားရှိမည်မဟုတ်ဘဲ သံရုံးအကြီးအကဲသာ ထားရှိတော့မည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။