Connect with us

Hi, what are you looking for?

သတင်း

မရမ်းကုန်းက Safe House မှာ စီးနင်းဖမ်းခံရတဲ့ ဗကသကျောင်းသား ၃ ဦး ကို ထောင် ၃ နှစ်စီချ

ထောင်ချခံရသူ ၃ ဦးဟာ ကိုသူရိန်ဝင်း၊ ကိုကျော်ရဲထက်၊ ကိုနေဇင်ဝင်း တို့ဖြစ်ပြီး အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပုဒ်မ ၅၀၅ – က နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တာပါ။

ဓာတ်ပုံ − AFP
ဓာတ်ပုံ − AFP

လွန်ခဲ့တဲ့ ၉ လကျော်က ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့နယ်အတွင်း ဗကသကျောင်းသားတွေ ခိုလှုံရာ နေအိမ် ဝင်ရောက်စီးနင်းခံရပြီး ဖမ်းဆီးခံရသူတွေထဲက ၃ ဦးကို စစ်ကောင်စီက ဒီဇင်ဘာလ ၁၅ ရက်မှာ ထောင် ၃ နှစ်စီချလိုက်ပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလ ၂၅ ရက် ညနေပိုင်းက မရမ်းကုန်းမြို့နယ်ထဲက နေအိမ် ကို စစ်ကောင်စီတပ်ကဝင်စီးခဲ့ပြီး အခြေခံပညာကျောင်းသားများသမဂ္ဂ – အကသ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ ဟောင်း ကိုညီမင်းသူကိုနေရာမှာတင်ပစ်သတ်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ် ဗကသကျောင်းသား ၈ ဦး လည်း ဖမ်းခံရပါတယ်။

ဖမ်းခံရသူတွေထဲပါဝင်တဲ့ မိန်းကလေးငယ် ၄ ဦးဟာ အသက်မပြည့်သေးလို့ ပြန်လည်လွတ်လာတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၊ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးစီးပြီး ထုတ်ဝေတဲ့အိုးဝေစာစောင်က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဆက်လက်ဖမ်းဆီးခံရသူ ၄ ဦးအနက် ၃ ဦးကို ဒီဇင်ဘာလ ၁၅ ရက် က အင်းစိန်ထောင်တွင်းတရားရုံးမှာ ထောင်ချလိုက်တာလို့ အိုးဝေစာစောင်က ဆိုထားပါတယ်။

ထောင်ချခံရသူ ၃ ဦးဟာ ကိုသူရိန်ဝင်း၊ ကိုကျော်ရဲထက်၊ ကိုနေဇင်ဝင်း တို့ဖြစ်ပြီး အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပုဒ်မ ၅၀၅ – က နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တာပါ။

ဝင်ရောက်စီးနင်းမှုအတွင်း ပစ်သတ်ခံရတဲ့ ကိုညီမင်းသူရဲ့အလောင်းကိုတော့ စစ်ကောင်စီက မိသားစုကိုပြန်ထုတ်ပေးတာမရှိဘူးလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်း (အထက ၃)မှာ ဆရာမတွေခိုင်းလို့ ကျောင်းတံခါးသွားပိတ်တဲ့ (၉) တန်းကျောင်းသား သံတံခါး​ပိမိလို့ ပြင်းထန်ဒဏ်ရာရပြီး ဆေးရုံမှာ အရေးပေါ်​ဆေးကုသမှု ခံယူနေရပါတယ်။

သတင်း

မန္တလေး၊အမရပူရမြို့နယ်၊ ယဉ်တော်စံရွာရှိအခြေခံပညာမူလွန်ကျောင်း ရှေ့မှာမနေ့( ဇွန်လ ၂၃ ရက်)ကကျောင်းသားအချင်းချင်းစကားများရန်ဖြစ်ရာကဓားထိုးမှုဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။