Connect with us

Hi, what are you looking for?

သတင်း

တအာင်း နှစ်သစ်ကူးနေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာပို့ဟု TNLA အသိပေး

ဒီဇင်ဘာ ၂၀ရက်က ကျရောက်ခဲ့သည့် ၂၇၁၄ ခုနှစ် တအာင်းနှစ်သစ်ကူးနေ့ကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

၂၀၁၆တွင်ကျရောက်သည့် တအောင်းနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့၌ ကျင်းပနေစဉ်၊ဓာတ်ပုံ - CJ
၂၀၁၆တွင်ကျရောက်သည့် တအောင်းနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့၌ ကျင်းပနေစဉ်၊ဓာတ်ပုံ - CJ

▪️စစ်အာဏာရှင်ကိုအမြစ်ဖြတ်ပြီး ဖက်ဒရယ်ပြည်ထောင်စုကို အတူလက်တွဲထူထောင်နိုင်ပါစေဟု သဝဏ်လွှာ၌ ဖော်ပြ

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန် ကြီးဌာနမှ တအာင်းနှစ်သစ်ကူးနေ့သို့ သဝဏ်လွှာပေးပို့လာကြောင်း တအာင်းတပ်မတော်(TNLA) သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ဖော်ပြသည်။

ဒီဇင်ဘာ ၂၀ရက်က ကျရောက်ခဲ့သည့် ၂၇၁၄ ခုနှစ် တအာင်းနှစ်သစ်ကူးနေ့ကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

တအာင်း နှစ်သစ်ကူးနေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာပို့ဟု TNLA အသိပေး
တအာင်း နှစ်သစ်ကူးနေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာပို့ဟု TNLA အသိပေး

“တအာင်းလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းစသည့် အမွေအနှစ်များကို မပျောက်ပျက်အောင် အစဉ်အမြဲ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်”ဟု သဝဏ်လွှာ၌ ဖော်ပြသည်။

တအာင်းလူမျိုးများအပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး ကြုံတွေ့နေကြရသော စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ် တော်လှန်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စုကို အတူတကွလက်တွဲတည်ထောင်နိုင်ကြပါစေ ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

TNLA အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး မကြာသေးမီကပင် နမ့်ဆန်မြို့နယ်၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်တပ်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။