Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲများဖြစ်လာနိုင်၍ စစ်ကောင်စီတပ်ရှိရာနေရာများအား ရှောင်ကြရန် ကြာအင်းဆိပ်ကြီး (ပအဖ) သတိပေး

ကြာအင်းဆိပ်ကြီးမြို့နယ်သည် စစ်ကောင်စီတပ် ကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)၏ အုပ်ချုပ်နယ်မြေတွင် ပါဝင်သည့် မြို့နယ်ဖြစ်သည်။

တိုက်ပွဲများဖြစ်လာနိုင်၍ စစ်ကောင်စီတပ်ရှိရာနေရာများအား ရှောင်ကြရန် ကြာအင်းဆိပ်ကြီး (ပအဖ) သတိပေး
တိုက်ပွဲများဖြစ်လာနိုင်၍ စစ်ကောင်စီတပ်ရှိရာနေရာများအား ရှောင်ကြရန် ကြာအင်းဆိပ်ကြီး (ပအဖ) သတိပေး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် တိုက်ပွဲများမထက်မှတ်ဘဲ ဖြစ်လာနိုင်သည့် အခြေအနေကို သတိပြုဆင်ခြင်နေထိုင်ကြရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ယနေ့ ထုတ်ပြန်သတိပေးလိုက်သည်။

ယခုအချိန်သည် မြန်မာနိုင်ငံတဝှမ်းလုံး၌ တော်လှန်ရေးအရှိန်မြှင့်တင်ခြင်း ကာလသို့ရောက်ရှိနေပါသောကြောင့် တိုက်ပွဲများ မထင်မှတ်ထားသည့် အချိန် ၊မထင်မှတ်ထားသည့် နေရာများ၌ မထင်မှတ်ပဲ ဖြစ်ပေါ်လာနိုင်သောကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အခြားဒေသတဝန်းရှိ ပြည်သူများနည်းတူ အထူးသတိပြု သွားလာ၊နေထိုင်ကြပါရန်သတိပေးလိုက်ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

အထူးသဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်တပ်ဖွဲ့များ ဝင်ရောက်နေထိုင်သောနေရာများ၊ ၎င်းတို့ သွားလာလှုပ်ရှားသော နေရာများ နှင့် ထိုနေရာအနီးတဝိုက်အား သွားလာနေထိုင်ခြင်း မပြုကြပါရန် သတိပေးလိုက်ကြောင်း ကြာအင်းဆိပ်ကြီး ပအဖက ထုတ်ပြန်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်သည် စစ်ကောင်စီတပ် ကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)၏ အုပ်ချုပ်နယ်မြေတွင် ပါဝင်သည့် မြို့နယ်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။