Connect with us

Hi, what are you looking for?

သတင်း

ဒေါက်တာခလမ်ဆမ်ဆွန်အား မြစ်ကြီးနားထောင်သို့ ပို့ဆောင်ပြီး ၁၇(၁)ဖြင့် အမှုဖွင့်ထားဟု ကချင်သတင်းရင်းမြစ်ပြော

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဒီဇင်ဘာ ၅ရက်တွင် မန္တလေးမြို့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွန်အား မြစ်ကြီးနားထောင်သို့ ပို့ဆောင်ပြီး ၁၇(၁)ဖြင့် အမှုဖွင့်ထားဟု ကချင်သတင်းရင်းမြစ်ပြော
ဒေါက်တာခလမ်ဆမ်ဆွန်အား မြစ်ကြီးနားထောင်သို့ ပို့ဆောင်ပြီး ၁၇(၁)ဖြင့် အမှုဖွင့်ထားဟု ကချင်သတင်းရင်းမြစ်ပြော

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ခေါင်းဆောင်တစ်ဦးဖြစ်သည့် သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီကဖမ်းဆီးပြီး မြစ်ကြီးနားထောင်သို့ ပို့ဆောင်ထားပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားကြောင်း ကြားသိရသည်ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဒီဇင်ဘာ ၅ရက်တွင် မန္တလေးမြို့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“သူများအခုပြောတာ ထောင်ကြီးမှာ ရောက်ပြီလို့တော့ ပြောတာကြားတယ်။ ထောင်ရောက်ပြီဆိုတာ မြစ်ကြီးနားထောင်လို့ပြောတယ်။ ၁၇(၁)နဲ့ ဆွဲတယ်လို့ ကြားတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန် အမှုဖွင့်ခံရခြင်းနှင့်ပတ်သက်ပြီး KBC တာဝန်ရှိသူအချို့ထံ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။ KBCအနေဖြင့် ဒေါက်တာခလမ်ဆမ်ဆွန်၏ ကျန်းမာရေးအခြေအနေနှင့် ထားရှိသည့်နေရာကိုသိလိုကြောင်း စစ်ကောင်စီခေါင်းဆောင်ထံ စာပို့မေးမြန်းထားပြီး အကြောင်းပြန်ကြားချက်ရမရကို စုံစမ်းနေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ဒေါက်တာခလမ်ဆမ်ဆွန်အား အမြန်ဆုံးပြန်လွှတ်ပေးရန် KBCနှင့် ကချင်အသိုင်းအဝိုင်းအပြင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း ပုဂ္ဂိုလ်များက တောင်းဆိုထားသည်။ထို့ပြင် ဒေါက်တာခလမ်ဆမ်ဆွန်လွတ်မြောက်ရေးလှုပ်ရှားမှုကိုလည်း ကချင်အဖွဲ့များက ပြုလုပ်လျက်ရှိသည်။

မတရားဖမ်းဆီးခံထားရသည်မှာ ရက်ပေါင်း ၂၀ကျော်ကြာပြီဖြစ်သည့် ဒေါက်တာခလမ်ဆမ်ဆွန် အမြန်ဆုံး လွတ်မြောက်ရေး Facebookတွင် ပရိုဖိုင်ပုံပြောင်းခြင်းဖြင့် လူထုဆန္ဒထုတ်ဖော်မှု တစ်ရပ်ကိုလည်း Kachin State Civilian Movement က ယမန်နေ့(ဒီဇင်ဘာ ၂၈ရက်)က စတင်လုပ်ဆောင်လျက်ရှိသည်။ အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်ကြရန် KSCMက တိုက်တွန်းထားပြီး နိုင်ငံတကာရောက် ကချင်လူမျိုးများ ကချင်ပြည်သူ တိုင်းရင်းသားများအားလုံး ဆန္ဒထုတ်ဖော်မှု၌ ပါဝင်ကြရန် ဖိတ်ခေါ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။