Connect with us

Hi, what are you looking for?

သတင်း

နှစ်သစ်ကူးညအတွက် ရန်ကုန်မှာ ညမထွက်ရအမိန့် စစ်ကောင်စီ ပယ်ဖျက်

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း ပုံမှန်လည်ပတ်နေသယောင် နိုင်ငံတကာကိုပြသနိုင်ဖို့ တစိုက်မတ်မတ် လုံးပမ်းခဲ့ပါတယ်။

စစ်ကောင်စီက ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ ပြီးခဲ့တဲ့ သီတင်းကျွတ်ဈေးရောင်းပွဲတော်
စစ်ကောင်စီက ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ ပြီးခဲ့တဲ့ သီတင်းကျွတ်ဈေးရောင်းပွဲတော်

လာမယ့် နှစ်သစ်ကူးည ရန်ကုန် မှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပဖို့ဆိုပြီး စစ်ကောင်စီ က ညမထွက်ရအမိန့် ကို ဒီဇင်ဘာလ ၃၁ ရက် တစ်ရက်တာပယ်ဖျက်တယ်လို့ ကြေညာလာပါတယ်။

ရန်ကုန်မြို့ ၊ပြည်သူ့ရင်ပြင်မှာ နှစ်သစ်ကူးပွဲတော် ကို မီးရှုးမီးပန်းတွေ ဖောက်တာ ၊စတိတ်ရှိုး ပွဲတွေ နဲ့ စည်ကားအောင်ကျင်းပမယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

ဒါကြောင့် ညမထွက်ရအမိန့်ကို ဒီဇင်ဘာလ ၃၁ ရက် ည ၁၂ နာရီ မှ နောက်နေ့ ဇန်နဝါရီ ၁ ရက်မနက် ၄ နာရီအထိ ခေတ္တပယ်ဖျက်ပေးမယ်လို့ စစ်ကောင်စီကြေညာထားတာပါ။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း ပုံမှန်လည်ပတ်နေသယောင် နိုင်ငံတကာကိုပြသနိုင်ဖို့ တစိုက်မတ်မတ် လုံးပမ်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ကာလတွေမှာ ဈေးပွဲတော်ကို ရန်ကုန်ပြည်သူ့ရင်ပြင်မှာ ကျင်းပပေမယ့် မစည်ကားခဲ့ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။