Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နှစ်သစ်ကူးညအတွက် ရန်ကုန်မှာ ညမထွက်ရအမိန့် စစ်ကောင်စီ ပယ်ဖျက်

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း ပုံမှန်လည်ပတ်နေသယောင် နိုင်ငံတကာကိုပြသနိုင်ဖို့ တစိုက်မတ်မတ် လုံးပမ်းခဲ့ပါတယ်။

စစ်ကောင်စီက ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ ပြီးခဲ့တဲ့ သီတင်းကျွတ်ဈေးရောင်းပွဲတော်
စစ်ကောင်စီက ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ ပြီးခဲ့တဲ့ သီတင်းကျွတ်ဈေးရောင်းပွဲတော်

လာမယ့် နှစ်သစ်ကူးည ရန်ကုန် မှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပဖို့ဆိုပြီး စစ်ကောင်စီ က ညမထွက်ရအမိန့် ကို ဒီဇင်ဘာလ ၃၁ ရက် တစ်ရက်တာပယ်ဖျက်တယ်လို့ ကြေညာလာပါတယ်။

ရန်ကုန်မြို့ ၊ပြည်သူ့ရင်ပြင်မှာ နှစ်သစ်ကူးပွဲတော် ကို မီးရှုးမီးပန်းတွေ ဖောက်တာ ၊စတိတ်ရှိုး ပွဲတွေ နဲ့ စည်ကားအောင်ကျင်းပမယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ညမထွက်ရအမိန့်ကို ဒီဇင်ဘာလ ၃၁ ရက် ည ၁၂ နာရီ မှ နောက်နေ့ ဇန်နဝါရီ ၁ ရက်မနက် ၄ နာရီအထိ ခေတ္တပယ်ဖျက်ပေးမယ်လို့ စစ်ကောင်စီကြေညာထားတာပါ။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း ပုံမှန်လည်ပတ်နေသယောင် နိုင်ငံတကာကိုပြသနိုင်ဖို့ တစိုက်မတ်မတ် လုံးပမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ကာလတွေမှာ ဈေးပွဲတော်ကို ရန်ကုန်ပြည်သူ့ရင်ပြင်မှာ ကျင်းပပေမယ့် မစည်ကားခဲ့ပါဘူး။