Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ New Year ညအတွက် စစ်တပ်က ညမထွက်ရအမိန့် ခေတ္တရုတ်သိမ်းတာ မူမမှန်ဘူးလို့ တော်လှန်ရေးအင်အားစုတွေ သုံးသပ်

အရပ်သားပြည်သူတွေ စုဝေးပျော်ပါးကြမယ့် ဒီလိုညမျိုးမှာ စစ်အုပ်စုက ​အရပ်သားတွေကိုပစ်မှတ်ထားပြီး မိုင်းထောင်ဖောက်ခွဲတာတွေ လုပ်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

(စစ်​ကောင်စီကရန်ကုန်မြို့တစ်​နေရာမှာ အင်းအားအများအပြားနဲ့ဧည်စာရင်းစစ်​နေစဥ် ။(ပုံ​​ဟောင်း/ဓါတ်ပုံ-CJ)
(စစ်​ကောင်စီကရန်ကုန်မြို့တစ်​နေရာမှာ အင်းအားအများအပြားနဲ့ဧည်စာရင်းစစ်​နေစဥ် ။(ပုံ​​ဟောင်း/ဓါတ်ပုံ-CJ)

▪︎လူစုလူ​ဝေးနဲ့ ​​ပျော်ပါးတဲ့​နေရာ​တွေကို စစ်​ကောင်စီက​ဖောက်ခွဲလုပ်ကြံပုံဖျက်နိုင်လို့ ပြည်သူ​တွေ​နေအိမိမှာပဲမိသားစုနဲ့​​နေကြဖို့ တိုက်တွန်း

စစ်ကောင်စီတပ်က ရန်ကုန်မြို့မှာ လာမဲ့နိုင်ငံတကာ နှစ်သစ်ကူး(New Year)ညအတွက်ရည်ရွယ်ပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ခေတ္တရုတ်သိမ်းလိုက်တာဟာ မူမှန်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုတွေက သုံးသပ်ပါတယ်။

အရပ်သားပြည်သူတွေ စုဝေးပျော်ပါးကြမယ့် ဒီလိုညမျိုးမှာ စစ်အုပ်စုက ​အရပ်သားတွေကိုပစ်မှတ်ထားပြီး မိုင်းထောင်ဖောက်ခွဲတာတွေ လုပ်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

“အရပ်သား လူစုလူဝေးနေရာတွေကို ပစ်မှတ်ထားဗုံးထောင်ဖောက်ခွဲပြီး ဝောာ်လှန်ရေးအဖွဲ့အစည်းက လုပ်တာပါလို့ ပုံဖော်ချင်လာနိုင်တယ်။ တကယ်လည်း စစ် တပ်က ယုတ်မာမှာ။ သတို့အာဏာတည်မြဲဖို့အတွက်ဆို မလုပ်ရဲတာ ဘာမှမရှိတဲ့ အကြမ်းဖက်စစ်တပ်ဖြစ်တယ်” လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်ပီတာက မှတ်ချက်ပေးပါတယ်။

“နှစ်သစ်ကူးည ငြိမ်းချမ်းစွာပျော်ရွှင်နေသည့်အရပ်သားပြည်သူများကို အကြမ်းဖက်သမား PDFများက ဗုံးခွဲတိုက်ခိုက်”ဆိုတဲ့ ခေါင်းစဉ်မျိုးကို စစ်တပ်က ကျယ်ကျယ်လောင်လောင်အော်ချင်နေပြီး တော်လှန်ရေးကိုပုံဖျက်ချင်တာလို့ ရဲဘော်ပီတာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အလားတူဖြစ်ရပ်များကို စစ်ကောင်စီတပ်က ကြိမ်ဖန် များစွာ လုပ်ဆောင်ခဲ့ဖူးပြီး အဲဒီထဲက ဒီဇင်ဘာ ၁၈ ရက်ဒလသင်္ဘောပေါ် ဗုံးပေါက်ကွမှု၊ ဒီဇင်ဘာ ၂၃ ရက်က ကျောက်မြောင်းပွဲဈေးတန်း ဗုံးဖောက်မှု စတဲ့ဖြစ်စဉ်တွေဟာ UG တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို စစ်တပ်က ပုံဖျက်တဲ့လုပ်ရပ်တွေဖြစ်တယ်လို့ ပြည်သူတွေက ထောက်ပြကြပါတယ်။

အခုလည်း လာမဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ နိုင်ငံတကာနှစ်သစ်ကူး New Years ညမှာ ညမထွက်ရအမိန့်အဖြစ် ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကို ခေတ္တရုတ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းအစိုးရဆိုသူတွေက ဒီဇင်ဘာ ၂၉ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။

“လူစုလူဝေးနဲ့လုပ်တဲ့ ပျော်ပွဲရွှင်ပွဲများဟာ စစ်တပ်ရဲ့ပစ်မှတ်ထားဖာက်ခွဲတိုက်ခိုင်နိုင်တဲ့အ‌တွက်ကြောင့် အရမ်းအန္တရာယ်များပါတယ်။ ရန်ကုန်‌မြို့နေပြည်သူများကို အိမ်မှာ မိသားစုနဲ့ပျော်ပွဲရွှင်ပွဲလုပ်ပြီး ဖြတ်သန်းကြဖို့ ‌တိုက်တွန်းလိုပါတယ်”လို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ဒါကြောင့် New Years ညမှာ အရပ်သားပြည်သူတွေ လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲလုပ်တာတွေ ရှောင်ကျည်ရန်လိုအပ်ပြီး မိသားစုနဲ့အတူမိမိအိမ်တွေမှာသာပျော်ပါးကြဖို့တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။