Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မှာ New Year ညအတွက် စစ်တပ်က ညမထွက်ရအမိန့် ခေတ္တရုတ်သိမ်းတာ မူမမှန်ဘူးလို့ တော်လှန်ရေးအင်အားစုတွေ သုံးသပ်

အရပ်သားပြည်သူတွေ စုဝေးပျော်ပါးကြမယ့် ဒီလိုညမျိုးမှာ စစ်အုပ်စုက ​အရပ်သားတွေကိုပစ်မှတ်ထားပြီး မိုင်းထောင်ဖောက်ခွဲတာတွေ လုပ်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

(စစ်​ကောင်စီကရန်ကုန်မြို့တစ်​နေရာမှာ အင်းအားအများအပြားနဲ့ဧည်စာရင်းစစ်​နေစဥ် ။(ပုံ​​ဟောင်း/ဓါတ်ပုံ-CJ)
(စစ်​ကောင်စီကရန်ကုန်မြို့တစ်​နေရာမှာ အင်းအားအများအပြားနဲ့ဧည်စာရင်းစစ်​နေစဥ် ။(ပုံ​​ဟောင်း/ဓါတ်ပုံ-CJ)

▪︎လူစုလူ​ဝေးနဲ့ ​​ပျော်ပါးတဲ့​နေရာ​တွေကို စစ်​ကောင်စီက​ဖောက်ခွဲလုပ်ကြံပုံဖျက်နိုင်လို့ ပြည်သူ​တွေ​နေအိမိမှာပဲမိသားစုနဲ့​​နေကြဖို့ တိုက်တွန်း

စစ်ကောင်စီတပ်က ရန်ကုန်မြို့မှာ လာမဲ့နိုင်ငံတကာ နှစ်သစ်ကူး(New Year)ညအတွက်ရည်ရွယ်ပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ခေတ္တရုတ်သိမ်းလိုက်တာဟာ မူမှန်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုတွေက သုံးသပ်ပါတယ်။

အရပ်သားပြည်သူတွေ စုဝေးပျော်ပါးကြမယ့် ဒီလိုညမျိုးမှာ စစ်အုပ်စုက ​အရပ်သားတွေကိုပစ်မှတ်ထားပြီး မိုင်းထောင်ဖောက်ခွဲတာတွေ လုပ်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

“အရပ်သား လူစုလူဝေးနေရာတွေကို ပစ်မှတ်ထားဗုံးထောင်ဖောက်ခွဲပြီး ဝောာ်လှန်ရေးအဖွဲ့အစည်းက လုပ်တာပါလို့ ပုံဖော်ချင်လာနိုင်တယ်။ တကယ်လည်း စစ် တပ်က ယုတ်မာမှာ။ သတို့အာဏာတည်မြဲဖို့အတွက်ဆို မလုပ်ရဲတာ ဘာမှမရှိတဲ့ အကြမ်းဖက်စစ်တပ်ဖြစ်တယ်” လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်ပီတာက မှတ်ချက်ပေးပါတယ်။

“နှစ်သစ်ကူးည ငြိမ်းချမ်းစွာပျော်ရွှင်နေသည့်အရပ်သားပြည်သူများကို အကြမ်းဖက်သမား PDFများက ဗုံးခွဲတိုက်ခိုက်”ဆိုတဲ့ ခေါင်းစဉ်မျိုးကို စစ်တပ်က ကျယ်ကျယ်လောင်လောင်အော်ချင်နေပြီး တော်လှန်ရေးကိုပုံဖျက်ချင်တာလို့ ရဲဘော်ပီတာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အလားတူဖြစ်ရပ်များကို စစ်ကောင်စီတပ်က ကြိမ်ဖန် များစွာ လုပ်ဆောင်ခဲ့ဖူးပြီး အဲဒီထဲက ဒီဇင်ဘာ ၁၈ ရက်ဒလသင်္ဘောပေါ် ဗုံးပေါက်ကွမှု၊ ဒီဇင်ဘာ ၂၃ ရက်က ကျောက်မြောင်းပွဲဈေးတန်း ဗုံးဖောက်မှု စတဲ့ဖြစ်စဉ်တွေဟာ UG တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို စစ်တပ်က ပုံဖျက်တဲ့လုပ်ရပ်တွေဖြစ်တယ်လို့ ပြည်သူတွေက ထောက်ပြကြပါတယ်။

အခုလည်း လာမဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ နိုင်ငံတကာနှစ်သစ်ကူး New Years ညမှာ ညမထွက်ရအမိန့်အဖြစ် ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကို ခေတ္တရုတ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းအစိုးရဆိုသူတွေက ဒီဇင်ဘာ ၂၉ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။

“လူစုလူဝေးနဲ့လုပ်တဲ့ ပျော်ပွဲရွှင်ပွဲများဟာ စစ်တပ်ရဲ့ပစ်မှတ်ထားဖာက်ခွဲတိုက်ခိုင်နိုင်တဲ့အ‌တွက်ကြောင့် အရမ်းအန္တရာယ်များပါတယ်။ ရန်ကုန်‌မြို့နေပြည်သူများကို အိမ်မှာ မိသားစုနဲ့ပျော်ပွဲရွှင်ပွဲလုပ်ပြီး ဖြတ်သန်းကြဖို့ ‌တိုက်တွန်းလိုပါတယ်”လို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ဒါကြောင့် New Years ညမှာ အရပ်သားပြည်သူတွေ လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲလုပ်တာတွေ ရှောင်ကျည်ရန်လိုအပ်ပြီး မိသားစုနဲ့အတူမိမိအိမ်တွေမှာသာပျော်ပါးကြဖို့တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။