Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးတွင် စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်က တောင်သူများကိုပါလိုက် လံပစ်ခတ်နေ

အလယ်ရှိုကျေးရွာအား စစ်ကောင်စီတပ်သည် ဒီဇင်ဘာ၂၈ရက် နံနက် ၅ နာရီခွဲခန့်က ရွှေဘိုလေ့ကျင့်ရေး(၈)မှတဆင့် လာရောက်ကာ တပ်စွဲခဲ့ခြင်းဖြစ်သည်။

အလယ်ရှိုကျေးရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ - Cj
အလယ်ရှိုကျေးရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ - Cj

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား ဆက်လက်မီးရှို့ဖျက်ဆီးနေပြီး စပါးရိတ်နေသည့်တောင်သူများကိုပါ လိုက်လံပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ခင်ဦးမြို့နယ်၊ အရှေ့မြောက်ခြမ်းရှိ အလယ်ရှိုကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ယမန်နေ့(ဇန်နဝါရီ ၁ ရက်) ညနေ ၄နာရီခန့်က ကျေးရွာနေအိမ်များကို မီးတင်ရှို့ခဲ့ရာ ယနေ့(ဇန်နဝါရီ ၂ ရက်) နံနက်ပိုင်းအထိ မီးခိုးများထွက်ပေါ်နေဆဲဖြစ်ကြောင်း ခင်ဦးနယ်အခြေစိုက် Narapati Local Guerrilla Force အဖွဲ့က ပြောသည်။

“မနေ့က ညနေ၅နာရီခန့်ကနေ ညပိုင်း ၁၀နာရီခန့်အထိ နေအိမ်တွေကို မီးတင်ရှို့ခဲ့ကြပြီး ဒီကနေ့ မနက်မှာလည်း မီးခိုးအနည်းငယ်မြင်ရပြီး သေနတ်သံများ ကြားနေရပါတယ်”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထို့အပြင် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ စစ်သားနှင့် ပျူ၂၀ခန့်သည် အင်းပတ်ဘူတာအနီးရှိ စပါးရိတ်တောင်သူများအား လိုက်လံပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် မြကန်ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အလယ်ရှိုကျေးရွာတွင် စစ်ကောင်စီတပ်သည် ငါးရက်မြှောက် တပ်စွဲထားခြင်းဖြစ်ကြောင်း၊ အဆိုပါကျေးရွာ၌ အိမ်ခြေတစ်ထောင်ကျော်ရှိပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

အလယ်ရှိုကျေးရွာအား စစ်ကောင်စီတပ်သည် ဒီဇင်ဘာ၂၈ရက် နံနက် ၅ နာရီခွဲခန့်က ရွှေဘိုလေ့ကျင့်ရေး(၈)မှတဆင့် လာရောက်ကာ တပ်စွဲခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အလယ်ရှိုကျေးရွာအတွင်း၌ ဖမ်းဆီးခံရသူ ၂၀ထက်မနည်းရှိနေပြီး စစ်ကောင်စီတပ်နှင့်ပျူများက ဖမ်းဆီးခံထားရသူများအနက် ရှစ်ဦးထက်မနည်း အစုလိုက်သတ်ဖြတ်ခံထားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

အနီးဝန်းကျင် ကျေးရွာ ငါးရွာခန့်က ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။ အလယ်ရှိုကျေးရွာက ပြည်သူလေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ရိက္ခာနှင့်အဝတ်အထည်အပါအဝင် အခက်အခဲများရှိနေကာ အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။