Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်က တောင်သူများကိုပါလိုက် လံပစ်ခတ်နေ

အလယ်ရှိုကျေးရွာအား စစ်ကောင်စီတပ်သည် ဒီဇင်ဘာ၂၈ရက် နံနက် ၅ နာရီခွဲခန့်က ရွှေဘိုလေ့ကျင့်ရေး(၈)မှတဆင့် လာရောက်ကာ တပ်စွဲခဲ့ခြင်းဖြစ်သည်။

အလယ်ရှိုကျေးရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ - Cj
အလယ်ရှိုကျေးရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ - Cj

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား ဆက်လက်မီးရှို့ဖျက်ဆီးနေပြီး စပါးရိတ်နေသည့်တောင်သူများကိုပါ လိုက်လံပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ခင်ဦးမြို့နယ်၊ အရှေ့မြောက်ခြမ်းရှိ အလယ်ရှိုကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ယမန်နေ့(ဇန်နဝါရီ ၁ ရက်) ညနေ ၄နာရီခန့်က ကျေးရွာနေအိမ်များကို မီးတင်ရှို့ခဲ့ရာ ယနေ့(ဇန်နဝါရီ ၂ ရက်) နံနက်ပိုင်းအထိ မီးခိုးများထွက်ပေါ်နေဆဲဖြစ်ကြောင်း ခင်ဦးနယ်အခြေစိုက် Narapati Local Guerrilla Force အဖွဲ့က ပြောသည်။

“မနေ့က ညနေ၅နာရီခန့်ကနေ ညပိုင်း ၁၀နာရီခန့်အထိ နေအိမ်တွေကို မီးတင်ရှို့ခဲ့ကြပြီး ဒီကနေ့ မနက်မှာလည်း မီးခိုးအနည်းငယ်မြင်ရပြီး သေနတ်သံများ ကြားနေရပါတယ်”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထို့အပြင် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ စစ်သားနှင့် ပျူ၂၀ခန့်သည် အင်းပတ်ဘူတာအနီးရှိ စပါးရိတ်တောင်သူများအား လိုက်လံပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် မြကန်ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အလယ်ရှိုကျေးရွာတွင် စစ်ကောင်စီတပ်သည် ငါးရက်မြှောက် တပ်စွဲထားခြင်းဖြစ်ကြောင်း၊ အဆိုပါကျေးရွာ၌ အိမ်ခြေတစ်ထောင်ကျော်ရှိပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

အလယ်ရှိုကျေးရွာအား စစ်ကောင်စီတပ်သည် ဒီဇင်ဘာ၂၈ရက် နံနက် ၅ နာရီခွဲခန့်က ရွှေဘိုလေ့ကျင့်ရေး(၈)မှတဆင့် လာရောက်ကာ တပ်စွဲခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အလယ်ရှိုကျေးရွာအတွင်း၌ ဖမ်းဆီးခံရသူ ၂၀ထက်မနည်းရှိနေပြီး စစ်ကောင်စီတပ်နှင့်ပျူများက ဖမ်းဆီးခံထားရသူများအနက် ရှစ်ဦးထက်မနည်း အစုလိုက်သတ်ဖြတ်ခံထားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

အနီးဝန်းကျင် ကျေးရွာ ငါးရွာခန့်က ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။ အလယ်ရှိုကျေးရွာက ပြည်သူလေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ရိက္ခာနှင့်အဝတ်အထည်အပါအဝင် အခက်အခဲများရှိနေကာ အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။