Connect with us

Hi, what are you looking for?

သတင်း

အင်းလေးမှာ ကျောင်းထိုင်ဆရာတော် ၁ ပါးနဲ့ PDF ခေါင်းဆောင်ကိုမိထားတယ်လို့စစ်ကောင်စီဆို

ရှမ်းပြည်နယ်တောင်ပိုင်း PDF အဖွဲ့ခေါင်းဆောင် ဆရာကျောင်းခေါ် ကိုဇော်ဇော်အောင်ကိုလည်း ဖမ်းမိထားတယ်လို့စစ်ကောင်စီက ဓာတ်ပုံတကွနဲ့ ဝါဒဖြန့်ထားပါတယ်။

အင်းလေး PDF တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်(ပုံဟောင်း)
အင်းလေး PDF တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်(ပုံဟောင်း)

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသမှာ ကျောင်းထိုင်ဆရာတော် နဲ့ PDF အဖွဲ့ခေါင်းဆောင်အပါအဝင် ၆ ဦးကို အရှင်ဖမ်းမိထားတယ်လို့ စစ်ကောင်စီက မနေ့ကညပိုင်းမှာ သတင်းထုတ်လာပါတယ်။

အင်းလေးဒေသမှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့ဝင်တွေကြား ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တိုက်ပွဲတွေဖြစ်ပြီးနောက် စစ်ကောင်စီဘက်က အခုလိုသတင်းထုတ်လာတာပါ။

စစ်ကောင်စီဖမ်းဆီးထားတဲ့ လူစာရင်းမှာ အင်းတိန်ကျေးရွာ အင်းတိန်ညောင်အုပ်ကျောင်းတိုက် ရဲ့ကျောင်းထိုင်ဆရာတော် ဥူးဇဝန ပါဝင်ပြီး လူဝတ်လဲထားတာတွေ့ရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း PDF အဖွဲ့ခေါင်းဆောင် ဆရာကျောင်းခေါ် ကိုဇော်ဇော်အောင်ကိုလည်း ဖမ်းမိထားတယ်လို့စစ်ကောင်စီက ဓာတ်ပုံတကွနဲ့ ဝါဒဖြန့်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် PDF အဖွဲ့ဝင်တွေဆိုပြီး အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၅ ဦးကို ဖမ်းဆီးထားတာတွေ့ရပါတယ်။စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ PDF ၆ဦးကို အသေမိတယ်လို့လည်းဆိုထားပါသေးတယ်။

ရှမ်းပြည်နယ်အခြေစိုက် Shan News သတင်းဌာနရဲ့ဖော်ပြချက်အရ ဇန်နဝါရီလ ၃ ရက်က အင်းလေးအနောက်ဘက်ခြမ်း ၊ ဘုရားနီကျေးရွာနဲ့သန်းထောင်ရွာကြားမှာ စစ်ကောင်စီတပ်နဲ့အင်းလေး IPDF တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ