Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရှိ ကျောက်စိမ်းမှော်အချို့ကို စစ်ကောင်စီစီးနင်းပြီး ရေမဆေးသမား ၂၀ထက်မနည်း ဖမ်းဆီး

ဖားကန့်တွင် မြန်မာနိုင်ငံနေရာအနှံ့မှလာရောက်ပြီး ရေမဆေးကျောက်ရှာဖွေ အသက်မွေးသူ နှစ်သိန်းခန့်ရှိနေသည်။ စစ်ကောင်စီက ၎င်းတို့ကို မထောက်ခံသော ကုမ္မဏီအချို့ကို ပိတ်သိမ်းခိုင်းခြင်း၊ ယန္တရားများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

(ဖားကန့်ဒေသတွင် တွေ့ရသော စစ်ကောင်စီလက်ပါးစေရဲများ၊ ဓာတ်ပုံ - CJ)
(ဖားကန့်ဒေသတွင် တွေ့ရသော စစ်ကောင်စီလက်ပါးစေရဲများ၊ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့မှ ကျောက်စိမ်းမှော်အချို့ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီးနောက် ရေမဆေးကျောက်ရှာဖွေသူ ၂၀ဦးထက်မနည်းကို ဖမ်းဆီးသွားသည်။

ဖားကန့်မြို့ မော်မောင်းလျန်နှင့် ဗလခမှော်ကို စစ်ကောင်စီတပ်က အင်အား ၅၀ ခန့်ဖြင့်ယမန်နေ့(ဇန်နဝါရီ၇ရက်)ညနေတွင် သေနတ်ပစ်ဖောက်ဝင်စီးနင်းပြီး ရေမဆေးကျောက်ရှာဖွေသူများကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

” အယောက် ၂၀ လောက်ဖမ်းသွားတယ်။ အပြစ်မရှိအပြစ်ရှာဖမ်းတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်တွင် မြန်မာနိုင်ငံနေရာအနှံ့မှလာရောက်ပြီး ရေမဆေးကျောက်ရှာဖွေ အသက်မွေးသူ နှစ်သိန်းခန့်ရှိနေသည်။ စစ်ကောင်စီက ၎င်းတို့ကို မထောက်ခံသော ကုမ္မဏီအချို့ကို ပိတ်သိမ်းခိုင်းခြင်း၊ ယန္တရားများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

ယခုအခါ ရေမဆေးကျောက်ရှာဖွေသူများကို အဓမ္မဝင်ရောက် ဖမ်းဆီးခြင်းဟု ဒေသခံများကပြောသည်။

” စစ်တပ်ကို မထောက်ခံလို့၊ မကြိုက်လို့ ဖမ်းကြေးဆို ဖားကန့်တစ်မြို့လုံးကိုဖမ်း။ တစ်မြို့လုံးက စစ်တပ်ကို ရွံမုန်းပြီးသား။ သတ္တိရှိရင် ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်ချ”ဟု ဒေသခံတစ်ဦးကပြောသည်။

ဖားကန့်တွင် ၂၀၂၂ ဒီဇင်ဘာအတွင်းက တိုက်ပွဲများ၌ KIA နှင့် PDF ပူးပေါင်းအဖွဲ့ကြောင့် စစ်ကောင်စီအထိနာခဲ့သည်။ ထို့နောက်ပိုင်းတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲမရှိဘဲ လူနေရပ်ကွက်များဖက်သို့ လက်နက်ကြီးဖြင့် စစ်ကောင်စီက မကြာခဏပစ်ခတ်ခဲ့သည်။ဒီဇင်ဘာလ ၃၀ရက်ညနေက မှော်ပုံ ကျေးရွာသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လူနေအိမ်နှင့်ဘုရားကျောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့သည်။ ယင်းဖြစ်စဥ်တွင် အရပ်သားတစ်ဦး သေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။