Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – ကျောက်မြောင်းလမ်း၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပစ်ခတ်နေ၍ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် သတိပေး

ယနေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက် ၆ နာရီ မိနစ် ၄ဝခန့်က ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ ခမရ(၁၂)မှ လာသော စစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ် မောင်းတက်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။

(ဇန်နဝါရီ ၁၁ ရက်က ရွှေဘို-ကျောက်မြောင်းလမ်း၌ မိုင်းထိခဲ့သော စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်)
(ဇန်နဝါရီ ၁၁ ရက်က ရွှေဘို-ကျောက်မြောင်းလမ်း၌ မိုင်းထိခဲ့သော စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းဘေးရှိ ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်ဝင်ရောက်နေ၍ ပြည်သူ များ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးသည်။

ယနေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက် ၆ နာရီ မိနစ် ၄ဝခန့်က ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ ခမရ(၁၂)မှ လာသော စစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ် မောင်းတက်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ကော့ကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများကလည်း တအုံကျေးရွာသို့ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ရွှေဘို- ကျောက်မြောင်းလမ်းပိုင်းအား သွားလာအသုံးမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီခန့်ကလည်း ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကား နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။