Connect with us

Hi, what are you looking for?

သတင်း

ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံရေးအပေါ် မြန်မာစစ်တပ် ခြိမ်းခြောက်နေသည်မှာ လွန်စွာထင်ရှားဟု ကုလလုံခြုံရေးကောင်စီကို သံအမတ်ကြီးပြော

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်သည့် ‘နိုင်ငံများအကြား တရားဥပဒေစိုးမိုးမှု ရှိစေရေး’ ခေါင်းစဉ်ဖြင့် ဝန်ကြီးအဆင့် ဆွေးနွေးမှု အစည်းအဝေး၌ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်မိန့်ခွန်းပြောခဲ့ခြင်းဖြစ်သည်။

ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံရေးအပေါ် မြန်မာစစ်တပ် ခြိမ်းခြောက်နေသည်မှာ လွန်စွာထင်ရှားဟု ကုလလုံခြုံရေးကောင်စီကို သံအမတ်ကြီးပြော
ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံရေးအပေါ် မြန်မာစစ်တပ် ခြိမ်းခြောက်နေသည်မှာ လွန်စွာထင်ရှားဟု ကုလလုံခြုံရေးကောင်စီကို သံအမတ်ကြီးပြော

ဖက်ဆစ်စစ်တပ်သည် ပြည်တွင်းတည်ငြိမ်မှုကို အာမခံဆောင်ကြဉ်းပေးနိုင်ခြင်းမရှိဘဲ ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံရေးအပေါ် ခြိမ်းခြောက်လျက်ရှိသည်မှာ လွန်စွာထင်ရှားကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ပြောသည်။

လုံခြုံရေးကောင်စီသည် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ယခင်က ကိုင်တွယ်ဖြေရှင်းပေးနိုင်ခဲ့သဖြင့် မြေပြင်အခြေအနေအတွက်လည်း အပြုသဘောဆောင်သည့် ရေရှည်အကျိုးရလဒ်များ ဖြစ်ပေါ်စေခဲ့ကြောင်းနှင့် မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍လည်း အလားတူဆောင်ရွက်နိုင်ရန် လုံခြုံရေးကောင်စီ၌ လိုအပ်သည့် လုပ်ငန်းစဉ်များ ရှိနေကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်သည့် ‘နိုင်ငံများအကြား တရားဥပဒေစိုးမိုးမှု ရှိစေရေး’ ခေါင်းစဉ်ဖြင့် ဝန်ကြီးအဆင့် ဆွေးနွေးမှု အစည်းအဝေး၌ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်မိန့်ခွန်းပြောခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက လုံခြုံရေးကောင်စီ၌ မြန်မာ့အရေးနှင့်ပတ်သက်၍ ပထမဆုံးသော ဆုံးဖြတ်ချက်အဆို အတည်ပြုချမှတ်နိုင်ခဲ့သည့်အပေါ် ကျေးဇူးတင်ရှိကြောင်း သံအမတ်ကြီး ထည့်သွင်းပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယခုအခါ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ပြန်လည်တည်ဆောက်နိုင်ရေး အတွက် ထူးခြားသည့် အခွင့်အရေး လက်ဝယ်ရှိနေပြီဖြစ်ပြီး စစ်တပ်မှ ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုများ ထပ်မံကျူးလွန်ခြင်းအား ကြိုတင်ကာကွယ်နိုင်ရေး၊ စစ်တပ်မှ အကျိုးခံစားနေသည့် ပြစ်ဒဏ်ခတ်ခြင်းမခံရသည့်ကျင့်စဉ်ကို ဖြေရှင်းပေးနိုင်ရေးတို့အတွက် ကောင်စီ၏ဆုံးဖြတ်ချက်ပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်‌ရွက်ရန်၊ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လုံခြုံရေးကောင်စီနှင့် အဖွဲ့ဝင်နိုင်ငံများကို သံအမတ်ကြီးက တောင်းဆိုသည်။

သံအမတ်ကြီးသည် ကုလလုံခြုံရေးကောင်စီ၌ ဖက်ဆစ်စစ်တပ်ဟု အကြိမ်ကြိမ်သုံးနှုန်းခဲ့ပြီး စစ်တပ်၏ နိုင်ငံတဝန်း အကြမ်းဖက်ကျူးလွန်နေမှုများကို အစီရင်ခံခဲ့သည်။

စစ်တပ်သည် မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ အကျဉ်းထောင်များတွင် အသက်သေဆုံး သည်အထိ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကြိမ်ဖန်များစွာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ပြည်သူများ၏ နေအိမ်များနှင့် ကျေးရွာများကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူ တစ်သန်းကျော်ကို နေရပ်စွန့်ခွာရသည့် အခြေအနေသို့ တွန်းပို့ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို ဥပဒေမဲ့ကွပ်မျက်စီရင်ခြင်း အစရှိသော နည်းလမ်းစုံသုံး၍ မြန်မာပြည်သူများ အပေါ် အကြမ်းဖက်မှုများ စဉ်ဆက်မပြတ် ကျူးလွန်နေကြောင်း တင်ပြသည်။

ထို့အပြင် ဖက်ဆစ်စစ်တပ်သည် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် လုံခြုံသည့်ရပ်ဝန်းတစ်ခုကို ဖန်တီးပေးနေကြောင်း ကောင်စီသို့ အသိပေးသည်။

လတ်တလောရရှိထားသည့်သတင်းများအရ စစ်တပ်သည် ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်တလျှောက် ကီလိုမီတာ (၄၀) ခန့်တွင် ပြစ်မှုဇုန် (၁၅) ခုကို ဖန်တီးပေးထားကြောင်း၊ ယင်းဒေသတွင် နိုင်ငံအနည်းဆုံး (၃၀) ကျော်မှ အပြစ်မဲ့ပြည်သူများ လိမ်လည်လှည့်ဖြားခြင်းခံရ၍ လူကုန်ကူးမှုများ အဓိကဖြစ်ပေါ် နေကြောင်း ပြောသည်။

ယင်းမှာ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးအတွက် စိုးရိမ်ရသည့် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းနှင့် သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီများအား အဆိုပါ လူကုန်ကူးမှုအကျပ်အတည်းကို အလေးအနက်ထားကာ အချိန်မီ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန်လည်း သံအမတ်ကြီးက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဒေသတွင်းအပေါ် သက်ရောက်မှုကို စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ Quad က ပူးတွဲထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။