Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၃)နယ်မြေ မုန်းဒေသကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒေသခံအချို့သေဆုံး

လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ် လေးလုံးထက်မနည်းပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် စပါးကျီ (၂)လုံးလည်းပျက်စီးခဲ့ရသည်ဟု ဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံသားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံသားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

ဒေသခံ ၁,၆၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက် ကြီးပစ်ခတ်မှုပြုလုပ်ခဲ့၍ ဒေသခံအချို့ သေဆုံးပြီး နေအိမ်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရကြောင်း KNUဗဟိုက ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၁ရက် နေ့မှစ၍ ၁၃ရက်အတွင်း စစ်ကောင်စီတပ်က KNU မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး (၃၈)လုံးခန့် ပစ်ခတ် ခဲ့သည့်အပြင် ဒရုန်းဖြင့်လည်း ဗုံးသီး လေးလုံးထက်မနည်းပစ်ချခဲ့ကြောင်း ဖော်ပြသည်။

ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံသားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံသားများအား တွေ့ရစဉ်၊ ဓာတ်ပုံ – KNU

စစ်ကောင်စီ၏ ခမရ(၃၅၁)/ခလရ(၆၀)တပ်မှ မုန်းဒေသရှိ နောင်ကုန်း၊ တမာခေါ၊ တောင်စု (ရှေ့,နောက်)၊ သပြေကုန်း၊ မျက်ရဲ(ဗမာ) ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဇန်နဝါရီ ၁၁ရက်တွင် ဒေသခံပြည်သူတစ်ဦး လက်နက်ကြီး ထိမှန် အသက်ဆုံးရှုံးခဲ့ရသည်ဟုထုတ်ပြန်သည်။ ထို့ပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ မျက်ရဲ(ဗမာ) ကျေးရွာအတွင်းသို့ ဝင်ရောက်ပစ်ခတ်ရာ ဒေသခံ ပြည်သူတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ရကြောင်းလည်း ဖော်ပြသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ် လေးလုံးထက်မနည်းပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် စပါးကျီ (၂)လုံးလည်းပျက်စီးခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ဒေသတွင်းကျေးရွာများမှ အိမ်ခြေ ၂၈၇ အိမ်မှ လူဦးရေ စုစုပေါင်း ၁,၆၁၆ဦး ရှိခဲ့သည်ဟုဆိုသ်။ ယမန်နေ့တွင် ကျေးရွာအတွင်း ပြန်လည်နေထိုင်ကြသူများ လည်းရှိကြောင်း KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook