Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားတစ်ဦး KNLA တပ်မဟာ(၅) ထံ လက်နက်နှင့်အတူ အလင်းဝင်

တပ်သား ချစ်ကောင်းသည် ဇန်နဝါရီ ၁ရက် တွင် MA-1 တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ ကျည်ဆံ များနှင့်အတူ လက်နက်ချအလင်းဝင် လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(အလင်းဝင်လာသော တပ်သား ချစ်ကောင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU-Mutraw News)
(အလင်းဝင်လာသော တပ်သား ချစ်ကောင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU-Mutraw News)

စစ်ကောင်စီစစ်တပ် (ခမရ – ၄၃၄)မှ တပ်သားချစ်ကောင်းသည် လက်နက်နှင့်အတူ အလင်းဝင် လာကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၅) က ယနေ့ သတင်းထုတ်ပြန်သည်။

တပ်သား ချစ်ကောင်းသည် ဇန်နဝါရီ ၁ရက် တွင် MA-1 တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ ကျည်ဆံ များနှင့်အတူ လက်နက်ချအလင်းဝင် လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

စစ်ကောင်စီ ခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင်များအားလုံးက ပြည်သူလူထု၏ အခွင့်အရေးကို ဆန့်ကျင်ချိုးဖောက်နေခြင်းကြောင့် KNLAတပ်မဟာ(၅)ထံ လက်နက်ချခဲ့ခြင်းဖြစ်သည်ဟု တပ်သားချစ်ကောင်း၏ ပြောကြားချက်ကို ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီခေါင်းဆောင်ပိုင်းက ငယ်သားများအပေါ် အနိုင့်ကျင့်ခြင်း၊အပြင်သွားလာခွင့်မပြုခြင်း၊ စားသောက်ရေး၌ အခက်အခဲကြုံရခြင်းများ ရှိသည်ဟု အဆိုပါ တပ်သားက ပြောကြားသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ကောင်းမွန်စွာကြိုဆိုလက်ခံခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ပေးခဲ့ကြောင်း KNLA တပ်မဟာ(၅) က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။