Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု သက်ဆိုးရှည်ရေး တရားမဝင်ရွေးကောက်ပွဲ ပူးပေါင်းပါဝင်နေသူများကို ထိရောက်စွာ အရေးယူမည်ဟု ဝေါ(ပအဖ) သတိပေး

စစ်အုပ်စု သက်ဆိုးရှည်ရေး ပါဝင်နေကြသူများကို ပြည်သူများက မှတ်တမ်းရယူထားကြရန်လည်း ဝေါ(ပအဖ)က မေတ္တာရပ်ခံခဲ့သည်။

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေခြင်းကို ပြည်သူများ ပူးပေါင်းပါဝင်ခြင်းမပြုရန် ပဲခူးတိုင်း ဝေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က အမိန့် ထုတ်ပြန်ခဲ့သည်။

စစ်အုပ်စု သက်ဆိုးရှည်ရေး ပါဝင်နေကြသူများကို ပြည်သူများက မှတ်တမ်းရယူထားကြရန်လည်း ဝေါ(ပအဖ)က မေတ္တာရပ်ခံခဲ့သည်။

စစ်အုပ်စု သက်ဆိုးရှည်ရေး တရားမဝင်ရွေးကောက်ပွဲ ပူးပေါင်းပါဝင်နေသူများကို ထိရောက်စွာ အရေးယူမည်ဟု ဝေါ(ပအဖ) သတိပေး
စစ်အုပ်စု သက်ဆိုးရှည်ရေး တရားမဝင်ရွေးကောက်ပွဲ ပူးပေါင်းပါဝင်နေသူများကို ထိရောက်စွာ အရေးယူမည်ဟု ဝေါ(ပအဖ) သတိပေး

တရားမဝင် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် လူဦးရေ စာရင်းကောက်ယူရေး တအိမ်တက်ဆင်း လုပ်ဆောင်နေသည့် စစ်အုပ်စုခန့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ Non – CDF ဝန်ထမ်းများ၊ လ၀က ဝန်ထမ်းများ၊ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၊ စစ်အာဏာရှင် တည်တံ့ရေး ပူးပေါင်း ပါဝင်အားပေးနေသည့် စစ်အုပ်စု ထောက်တိုင်များအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းလည်း ဝေါ(ပအဖ)က ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

အာဏာသိမ်းစစ်ကောင်စီသည် အာဏာဆက်လက် ထိန်းချုပ်ထားနိုင်ရေးအတွက် တရားမဝင် ရွေးကောက်ပွဲကို ယခု ၂၀၂၃အတွင်းကျင်းပရန် ကြိုးပမ်းလျက်ရှိရာ ယခုလပထမပတ်မှစ၍ လူဦးရေစာရင်းကောက်ယူလျက်ရှိသည်။

Public Service Announcement

Public Service Announcement

ထိုသို့ စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲအား ဖြစ်မြောက်ရေး ပါဝင်ဆောင်ရွက်သူများကို အရေးယူမည်ဖြစ်ကြောင်း သက်ဆိုင်ရာဒေသရှိ ပအဖနှင့် ကာကွယ်ရေးတပ်များက သတိပေးထားသည်။ လူဦးရေစာရင်းကောက်ယူနေသ့် စစ်ကောင်စီ လက်ပါးစေအချို့ကို ဖမ်းဆီးခဲ့ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရက ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။