Connect with us

Hi, what are you looking for?

သတင်း

ကျုံလောင်းရွာဟောင်းဒေသ၌ စစ်ကောင်စီယန္တရား မလည်ပတ်နိုင်စေရန်လုပ်မည်ဟု ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်ပြော

ရေးဘီလူးအဖွဲ့သည် ရေးမြို့နှင့် မိုင်အနည်းငယ်သာကွာဝေးသည့် ကျုံလောင်းရွာဟောင်းရှိ မိုင်တဲတာဝါတိုင်ကို မကြာသေးမီက ဖျက်ဆီးခဲ့သည်။

(ရေးဘီးလူးအဖွဲ့ခေါင်ဆောင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - ရေးဘီလူး)
(ရေးဘီးလူးအဖွဲ့ခေါင်ဆောင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - ရေးဘီလူး)

မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းရွာဟောင်း ဒေသကို ရေးဘီလူးအဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး ယင်းဒေသရှိ စစ်ကောင်စီယန္တရား ရပ်ဆိုင်းသွားစေရန်လုပ်ဆောင်မည်ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

“လက်ရှိ ခ(စစ်ကောင်စီတပ်)တွေ မဝင်ရောက်နိုင် အောင် နယ်မြေရှင်းတယ်။ ပြီးတော့ စစ်ကောင်စီ လုပ်ငန်းတွေကို တားမယ်။ အုပ်ချုပ်မှုစနစ်ပြောင်းမယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က နယ်မြေရှင်းလင်းခဲ့မှု အပေါ် မှတ်ချက်ပြုဖြေကြားသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နှင့် မိုင်အနည်းငယ်သာကွာဝေးသည့် ကျုံလောင်းရွာဟောင်းရှိ မိုင်တဲတာဝါတိုင်ကို မကြာသေးမီက ဖျက်ဆီးခဲ့သည်။

ရေးဘီးလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များကို တိုက်ခိုက်ခြင်း၊ ရဲစခန်းမှူး နှစ်ဦးအပါအဝင် ရေးနယ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီထောက် တိုင်များကို ရှင်းလင်းခြင်းများ လုပ်ဆောင်ခဲ့သည့် အဖွဲ့ဖြစ်သည်။

Public Service Announcement

Public Service Announcement

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံတပ်သားများ အမြန်ဆုံးလက်နက်ချ နှုတ်ထွက်ကြရန်လည်း ရေးဘီလူးအဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်