Connect with us

Hi, what are you looking for?

သတင်း

NUGကရောင်းချ​သော ကွန်ဒိုခန်းအားလုံး​ရောင်းကုန်၊ တန်ဖိုးတိုက်ခန်းအမှာစာ ၁၅၀၀ကျော်ရရှိထားဟုအ​ရောင်းကိုယ်စားလှယ်များ​ပြော

NUG၏​နွေဦး​တော်လှန်​ရေး ရန်ပုံငွေရှာဖွေရေးအဖွဲ့ဖြစ်သည့် EOD အဖွဲ့က Spring Yangon Investment အဆင့် -၃ အဖြစ် ကွန်ဒိုတိုက်ခန်း ၈၅၀နှင့် ရိုးရိုးတိုက်ခန်း ၂၅၀၀ကို ကြိုပွိုင့်စနစ်ဖြင့်ရောင်း​နေသည်။

NUGကရောင်းချ​သော ကွန်ဒိုခန်းအားလုံး​ရောင်းကုန် ၊တန်ဖိုးတိုက်ခန်းအမှာစာ ၁၅၀၀ကျော်ရရှိထားဟုအ​ရောင်းကိုယ်စားလှယ်များ​ပြော
NUGကရောင်းချ​သော ကွန်ဒိုခန်းအားလုံး​ရောင်းကုန် ၊တန်ဖိုးတိုက်ခန်းအမှာစာ ၁၅၀၀ကျော်ရရှိထားဟုအ​ရောင်းကိုယ်စားလှယ်များ​ပြော

NUGက ရောင်းချသည့် ကွန်ဒိုတိုက်ခန်းများအကုန်ရောင်းချပြီးသည့်အပြင် တန်ဖိုးနည်းတိုက်ခန်းများအတွက် ဝယ်ယူရန် အမှာစာ အခန်း ၁၅၀၀ကျော်ရရှိထားပြီးဖြစ်ကြောင်း အရောင်းကိုယ်စားလှယ်များက​ပြောသည်။

NUG၏​နွေဦး​တော်လှန်​ရေး ရန်ပုံငွေရှာဖွေရေးအဖွဲ့ဖြစ်သည့် EOD အဖွဲ့က Spring Yangon Investment အဆင့် -၃ အဖြစ် ကွန်ဒိုတိုက်ခန်း ၈၅၀နှင့် ရိုးရိုးတိုက်ခန်း ၂၅၀၀ကို ကြိုပွိုင့်စနစ်ဖြင့်ရောင်း​နေသည်။

NUGက ကွန်ဒိုတိုက်ခန်းများကို ဇန်နဝါရီ ၂၁ ရက်က စတင်ရောင်းချရာနာရီပိုင်းအတွင်းဒေါ်လာ၁၀သန်းကျော်ဖိုးရောင်းချခဲ့ရသည်ဟု EODက ထုတ်ပြန်ထားသည်။

“လက်မလည်အောင်ပဲ၊ အလုအယက်ဝယ်ကြတယ်”ဟု အရောင်းကိုယ်စားလှယ်တစ်ဦးကမှတ်ချက်ပေးသည်။

Public Service Announcement

Public Service Announcement

ရဲရင့်နွေဦးကွန်ဒိုတိုက်ခန်းများအား စတင်ရောင်းချသည့်အချိန်မှ ၁၈နာရီ အတွင်း တိုက်ခန်းအားလုံးအကုန်ရောင်းချရပြီးဖြစ်ကာ စုစုပေါင်းရောင်းချတန်ဖိုးမှာ အ​မေရီကန်​ဒေါ်လာ ၁၀ ဒသမ ၃၅ သန်း ဖြစ်​ကြောင်းEOD ကထုတ်ပြန်ထားသည်။

တန်ဖိုးနည်းတိုက်ခန်းမှာ ၂၅၀၀ ​ရောင်းချရန်ရည်ရွယ်ထားပြီး လက်ရှိအချိန်အထိ အခန်း ၁၅၀၀ကျော် ကြိုတင်အမှာစာပေးပို့ထားပြီးဖြစ်သည်ဟုလည်း အရောင်းကိုယ်စားလှယ်များက​ပြောသည်။

တန်ဖိုးနည်းတိုက်ခန်းများကို ဇန်နဝါရီလကုန်တွင် စတင်ရောင်းချရန် စီစဉ်ထားသည်ဟုလည်း အရောင်းကိုယ်စားလှယ်များက​ပြောသည်။

NUG၏ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနကSpring Yangon Investment အဆင့်-၃ကို ရဲရင့်နွေဦး ကွန်ဒိုတိုက်ခန်းနှင့် နွေဦးစံရိပ်မွန်အိမ်ယာဟူ၍ နှစ်ပိုင်းခွဲ၍ရောင်းချနေခြင်းဖြစ်သည်။

ရဲရင့်နွေဦး ကွန်ဒိုတိုက်ခန်းများကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းဘေးရှိ စစ်တပ်သိမ်းယူထားသည့် ၁၀၆ တပ်ပိုင်မြေတွင်ဆောင်ရွက်မှာဖြစ်သည်။ ထိုမြေနေရာသည်ကမ္ဘာအေးဘုရားလမ်းဘေးရှိ Mecure Yagon ဟိုတယ်ဘေးကပ်လျက်တည်ရှိသည်။

နွေဦးစံရိပ်မွန် အိမ်ယာများတွင်လှိုင်သာယာ၊ဘုရင့်နောင် တံတားအဆင်းဘယ်ဘက်ရှိ စစ်ကောင်စီတပ်ပိုင်မြေဧက ၂၀၀၊ တောင်ဒဂုံမြို့နယ်ရှိ အမှတ် (၂) လမ်းမကြီးဘေးရှိ စစ်ကောင်စီ တပ်ရင်း ၃ မြေနေရာ နှင့် မင်္ဂလာဒုံ၊လေဆိပ်လမ်းဆုံအကျော် သီရိမင်္ဂလာလမ်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်ပိုင်မြေ ၈၀တွင် အိမ်ရာများအကွက်​ဖော်​ရောင်းချနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို