စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ရာအများအပြားသေဆုံးနိုင်ကြောင်း Shwebo Local People Defense Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ၂၅ ရက်)က မြင်းစီးကျေးရွာရှိ ပျူခေါင်းဆောင်ဦးဌေးအောင် ဦးဆောင်သည့်ပျူစခန်းကို ကာကွယ်ရေးအထူးတပ်ဖွဲ့များ ဝင်ရောက်ပစ်ခတ်ရာ ပျူ ၁၀ဦးထက််နည်းသေဆုံးနိုင်ကြောင်းPDFဘက်ကလည်း ရဲဘော်နှစ်ဦး ဝမ်းဗိုက်နှင့်ခြေထောက်ထိမှန်ခဲ့ပြီး မစိုးရိမ်ရကြောင်း Shwebo LPDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မြင်းစီးရွှေကျောင်းတိုက်တွင် ပျူ့အချို့ ဖမ်းဆီးရမိပြီး စိုက်ပျိုးရေးသင်တန်းကျောင်းမှ စစ် ကားနှစ်စီးရောက်ရှိလာ၍ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း၊ ညပိုင်းအချိန်ဖြစ်၍ လက်နက်မသိမ်းလိုက်နိုင်ကြောင်း ၎င်းက ဆိုသည်။
“တိုက်ပွဲဖြစ်ပွားချိန် မကြာဘူးဗျ။အသေအပျောက်ကတော့ ညပိုင်းတိုက်ပွဲမို့သဲကွဲစွာ မသိသေးပါဘူး။ မြင်းစီးရွာထဲမှာတော့ ပျူနဲ့စကစတချို့ရှိနေပါသေးတယ်။ ပျူခေါင်းဆောင် ဌေးအောင်ကတော့ မတွေ့ဘူးဗျ။”ဟု ၎င်းက ပြောသည်။

Public Service Announcement
ဇန်နဝါရီ၂၂ရက်ကလည်း ရွှေဘိုမြို့နယ်၊တည်သီးတောကျေးရွာနှင့်ရွာသာကျေးရွာရှိ ပျူများအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သေးသည်။


















































