Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုနယ် မြင်းစီးရွာရှိ ပျူစခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ခိုက်

ဇန်နဝါရီ၂၂ရက်ကလည်း ရွှေဘိုမြို့နယ်၊တည်သီးတောကျေးရွာနှင့်ရွာသာကျေးရွာရှိ ပျူများအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သေးသည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် Shweo LPDF ရဲဘော်များ)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် Shweo LPDF ရဲဘော်များ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ရာအများအပြားသေဆုံးနိုင်ကြောင်း Shwebo Local People Defense Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ၂၅ ရက်)က မြင်းစီးကျေးရွာရှိ ပျူခေါင်းဆောင်ဦးဌေးအောင် ဦးဆောင်သည့်ပျူစခန်းကို ကာကွယ်ရေးအထူးတပ်ဖွဲ့များ ဝင်ရောက်ပစ်ခတ်ရာ ပျူ ၁၀ဦးထက််နည်းသေဆုံးနိုင်ကြောင်းPDFဘက်ကလည်း ရဲဘော်နှစ်ဦး ဝမ်းဗိုက်နှင့်ခြေထောက်ထိမှန်ခဲ့ပြီး မစိုးရိမ်ရကြောင်း Shwebo LPDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် Shweo LPDF ရဲဘော်များ)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် Shweo LPDF ရဲဘော်များ)

မြင်းစီးရွှေကျောင်းတိုက်တွင် ပျူ့အချို့ ဖမ်းဆီးရမိပြီး စိုက်ပျိုးရေးသင်တန်းကျောင်းမှ စစ် ကားနှစ်စီးရောက်ရှိလာ၍ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း၊ ညပိုင်းအချိန်ဖြစ်၍ လက်နက်မသိမ်းလိုက်နိုင်ကြောင်း ၎င်းက ဆိုသည်။

“တိုက်ပွဲဖြစ်ပွားချိန် မကြာဘူးဗျ။အသေအပျောက်ကတော့ ညပိုင်းတိုက်ပွဲမို့သဲကွဲစွာ မသိသေးပါဘူး။ မြင်းစီးရွာထဲမှာတော့ ပျူနဲ့စကစတချို့ရှိနေပါသေးတယ်။ ပျူခေါင်းဆောင် ဌေးအောင်ကတော့ မတွေ့ဘူးဗျ။”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ၂၂ရက်ကလည်း ရွှေဘိုမြို့နယ်၊တည်သီးတောကျေးရွာနှင့်ရွာသာကျေးရွာရှိ ပျူများအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။