Connect with us

Hi, what are you looking for?

သတင်း

ညောင်တုန်းတွင် စက်လှေတိမ်းမှောက်၍ ကလေးငယ်နှစ်ဦးပျောက်ဆုံးရာ တစ်ဦးရုပ်အလောင်းတွေ့

ပျောက်ဆုံးနေသည့် ကလေးနှစ်ဦးအနက် တစ်ဦး၏ ရုပ်အလောင်းကို နေ့လည် ၁၂နာရီခွဲခန့်တွင် ရှာဖွေတွေ့ရှိခဲ့သောကြောင့် ဆားမလောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ပျောက်ဆုံးကလေးငယ်အား ရှာဖွေနေစဉ်၊ ဓာတ်ပုံ - MFSD
ပျောက်ဆုံးကလေးငယ်အား ရှာဖွေနေစဉ်၊ ဓာတ်ပုံ - MFSD

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်ရှိ အမှတ်(၃) တူးမြောင်းတွင် စက်လှေတိမ်းမှောက်မှုတွင် ပျောက်ဆုံးနေသည့် ကလေးတစ်ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်း မေတ္တာရှင်နာရေးကူညီမှုအသင်းမှတာဝန်ရှိသူက ပြောသည်။

ဇန်နဝါရီ ၂၆ရက် နံနက် ၁၁နာရီခန့်တွင် စက်လှေတိမ်းမှောက်မှုဖြစ်ခဲ့ပြီး စက်လှေပေါ်တွင်လိုက်ပါလာသူများ ကိုးဦးအနက် ကလေးနှစ်ဦးပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပျောက်ဆုံးကလေးငယ်အား ရှာဖွေနေစဉ်၊ ဓာတ်ပုံ - MFSD
ပျောက်ဆုံးကလေးငယ်အား ရှာဖွေနေစဉ်၊ ဓာတ်ပုံ – MFSD

ပျောက်ဆုံးနေသည့် ကလေးနှစ်ဦးအနက် တစ်ဦး၏ ရုပ်အလောင်းကို နေ့လည် ၁၂နာရီခွဲခန့်တွင် ရှာဖွေတွေ့ရှိခဲ့သောကြောင့် ဆားမလောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းဖြစ်စဉ်ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ်တွင်လည်း ဖော်ပြထားပြီး စက်လှေတိမ်းမှောက်သည့် အကြောင်းအရာ နှင့်ပတ်သက်၍ ဖော်ပြထားခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့က ဒုဌဝတီမြစ်ဆိပ်နှစ်နေရာမှာ ‌သုံးရက်အတွင်း စက်လှေ နဲ့ ဖောင်နစ်မြုပ်မှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး လူငါးဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။