Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီရွေးကောက်ပွဲအတွက် စာရင်းလိုက်ကောက်နေသည့် စစ်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများစတင်ဆောင်ရွက်နေပြီး မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေသည့် စစ်အုပ်စုကိုလည်း တော်လှန်ရေးအင်အားစုများက တန်ပြန်သတိပေးအရေးယူမှုများ ပြုလုပ်နေပြီဖြစ်သည်။

(ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ကထုတ်လုပ်၍မိုင်းဆွဲတိုင်ခိုက်ခဲ့​​သောမိုင်းများ။ဓါတ်ပုံ-ရွှေခြံသားပြောက်ကျားတပ်ဖွဲ့)
(ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ကထုတ်လုပ်၍မိုင်းဆွဲတိုင်ခိုက်ခဲ့​​သောမိုင်းများ။ဓါတ်ပုံ-ရွှေခြံသားပြောက်ကျားတပ်ဖွဲ့)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက စစ်​ကောင်စီရွေးကောက်ပွဲအတွက် လူဦး​ရေစာရင်းလိုက်ကောက်နေသည့် စစ်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာမှ ဆိုင်ကယ်(၇)စီးနှင့် ကားလေး(၂)စီးဖြင့် ထွက်လာသော အင်အား၂၅ ​ယောက်ခန့်ပါ​သည့် စစ်ကောင်စီတပ်အား ဖက်ရင်းကျေးရွာနှင့်လေးတန်းကျေးရွာကြားတွင် ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိသွားသည်ဟုဆိုသည်။ စစ်သားများ​သေဆုံးမှုကို မျက်မြင်​တွေ့ရှိသူများကတစ်ဆင့် အတည်ပြုနိုင်ခဲ့သည်ဟု အဖွဲ့က​ပြောသည်။ စစ်​ကောင်စီတပ်​သေဆုံး ထိခိုက်မှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

၎င်းစစ်အုပ်စုသည် တရားမဝင်ရွေးကောက်ပွဲအတွက် ရသာကျေးရွာသို့ အိမ်ထောင်စုစာရင်းများ လိုက်ကောက်နေ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

“မနေ့ကတိုက်ခိုက်ခဲ့တာဆိုတော့ဒီနေ့ထိတော့ အိမ်ထောင်စုဇယားကောက်တာတွေမရှိသေးပါဘူးဗျ” ဟု စစ်​ကောင်စီတပ်မိုင်းဆွဲခံရပြီး​နောက်အ​ခြေအ​နေကို ရွှေခြံသားပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြား​ရေးတာဝန်ခံက​ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများစတင်ဆောင်ရွက်နေပြီး မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေသည့် စစ်အုပ်စုကိုလည်း တော်လှန်ရေးအင်အားစုများက တန်ပြန်သတိပေးအရေးယူမှုများ ပြုလုပ်နေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။