Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်မြို့ရှိ ရွာသစ်ရွာနှင့် မူးမြစ်​ကူးတံတားကို စစ်ကောင်စီတ​ပ် မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် လယ်ယာသုံး ခိုင်းနွား တစ်ကောင်သေဆုံး၍ အကောင်ရေ(၂၀)ခန့် မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး လယ်ယာသုံး ခုတ်စက်များ၊ရေစုပ်စက်များလည်း ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

မီးရှို့ဖျက်ဆီးခံရသော ရွာသစ်ကျေးရွာအား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
မီးရှို့ဖျက်ဆီးခံရသော ရွာသစ်ကျေးရွာအား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ရွာသစ်ကျေးရွာမီးရှို့ခံရပြီး နေအိမ်များအပြင် လယ်ယာသုံးပစစ္စည်းများနှင့် စစ်ရှောင်များအသုံးပြုနေသည့် မူးမြစ်ကူးတံတားငယ်ကိုပါ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇန်နဝါရီ၂၈ရက်) နံနက်ပိုင်းက ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း၊ ရေဦး-ညောင်ပင်သာ ကားလမ်းဘေးရှိ ရွာသစ်ကျေးရွာအား အင်းပတ်ကွေ့အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူ ၃၀ခန့်သည် ပစ်ခတ်ဝင်ရောက်လာပြီးနောက် နေအိမ် ခြောက်လုံးနှင့် ဈေးသည်များ၊ စစ်ရှောင်များ ကူးသန်းသွားလာနေသောမူးမြစ်ကူးတံတားငယ်အား ဒုတိယအကြိမ် အခန်း၂၀ခန့် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“မူးမြစ်ကူးတံတားငယ်က ကိုယ်ထူကိုယ်ထ စစ်ရှောင်တွေ ဈေးသည်တွေ အကူးအသန်းပြုလုပ်နိုင်​အောင် ကိုယ်ထူကိုယ်ထ လုပ်ထားတဲ့တံတားပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် လယ်ယာသုံး ခိုင်းနွား တစ်ကောင်သေဆုံး၍ အကောင်ရေ(၂၀)ခန့် မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး လယ်ယာသုံး ခုတ်စက်များ၊ရေစုပ်စက်များလည်း ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် ရွာသစ်ကျေးရွာအတွင်းရှိ နေအိမ်အားလုံးနီးပါး မွှေနှောက်ခံရပြီး စားစရာများ၊ကျောပိုးအိတ်များ၊ဖုန်းများအား ခိုးယူသွားခဲ့ကြောင်း၊ ရွာပြင်အထွက်၌ အမျိုးသမီး လေးဦးထံမှ ဖုန်း လေးလုံးနှင့် ငွေသားများကိုလည်း သိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက် ဆီးမှုကြောင့် ရွာပေါင်း၆၀က နေအိမ်ပေါင်း၂,၉၀၀ကျော် ပြာကျပျက်စီးခဲ့ပြီး အိုးမဲ့အိမ်မဲ့ပြည်သူပေါင်း တစ်သောင်းခွဲခန့် ရှိနေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။