Connect with us

Hi, what are you looking for?

သတင်း

ဆောနယ် မြောက်ပိုင်းကို စစ်ကောင်စီစစ်ကြောင်းနှစ်ခုဝင်ရောက်၊ ပစ်ခတ်မှုများဖြစ်နေ ဒေသတွင်းကျေးရွာများကို ရှောင်ခိုင်းထား

စစ်ကောင်စီ၏ မင်းတပ်အခြေစိုက် ခလရ (၂၇၄) တပ်မှလည်း လက်နက်ကြီးများ ပစ်ခတ်နေကြောင်း ဆောနယ် သတင်းရင်းမြစ်က ပြောသည်။

ဆောနယ် မြောက်ပိုင်းကို စစ်ကောင်စီစစ်ကြောင်းနှစ်ခုဝင်ရောက်၊ ပစ်ခတ်မှုများဖြစ်နေ ဒေသတွင်းကျေးရွာများကို ရှောင်ခိုင်းထား
ဆောနယ် မြောက်ပိုင်းကို စစ်ကောင်စီစစ်ကြောင်းနှစ်ခုဝင်ရောက်၊ ပစ်ခတ်မှုများဖြစ်နေ ဒေသတွင်းကျေးရွာများကို ရှောင်ခိုင်းထား

မကွေးတိုင်း ဆောမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ယနေ့တွင် ပစ်ခတ်မှု ဖြစ်ပွားနေကြောင်း ဆောဒေသခံက ပြောသည်။

စစ်အင်အား ၇၀ကျော်ပါ စစ်ကြောင်း တစ်ခုနှင့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် ဆောမြို့နယ် မြောက်ပိုင်း ချင်း- မကွေး အစပ်၌ စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်သည်ဟုဆိုသည်။

“ခုခံစစ်ကနေ တန်ပြန်စစ်လုပ်တော့မယ်ဆိုတော့ သူတို့ကလည်း စစ်ကြောင်းထိုးလာတယ်ဆိုတော့ ထိတွေ့မှု ဖြစ်တော့မှာမို့ ရွာတွေတော့ အားလုံးရှောင်ခိုင်းထားတယ်။ ရွာတွေတော်တော်များများ ကျောက်စစ်တို့၊ ကံချောင်းတို့လက်မွန်တို့ လယ်ကြီးအိုင်တို့ ခူးချောင်းတို့ ရွာတွေအားလုံးကို ရှောင်ခိုင်းထားတယ်”ဟု ဆောဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့နံနက်တွင်လည်း ပစ်ခတ်မှု ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်မဖြစ်ကို အသေအချာမသိရသေးဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“ပစ်သံတော့ ကြားနေရတယ် ထိတွေ့လို့ပဲ ပစ်တာလားပေါ့။ ကျနော်တို့နဲ့ ၅မိုင်လောက်တော့ကွာတယ်”ဟု ဆောဒေသခံက ပြောသည်။

စစ်ကောင်စီ၏ မင်းတပ်အခြေစိုက် ခလရ (၂၇၄) တပ်မှလည်း လက်နက်ကြီးများ ပစ်ခတ်နေကြောင်း ဆောနယ် သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook