Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ နှစ်ဦးသေဟုဆို

မြေပြင်မျက်မြင်ကင်းထောက်များနှင့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း အတည်ပြုနိုင်သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

မတ္တရာတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ နှစ်ဦးသေဟုဆို
မတ္တရာတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ နှစ်ဦးသေဟုဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီစစ် ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်း မတ္တရာ(ပကဖ)သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ၂၈ရက်) နံနက် ၁၁နာရီခန့်က မတ္တရာအရှေ့ပိုင်းနယ်၊ လမိုင်းအုပ်စု ကျောက်တံတားကျေးရွာ၊ မန္တလေးတူးမြောင်း (ဒေသအခေါ် ချောင်းမကြီး)တံတားနှင့် မြောင်းပေါင်ပေါ်တွင် ဂိတ်ဖွင့်ကာ ပြည်သူများအား ငွေတောင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း မတ္တရာ(ပကဖ) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“အဲဒီဂိတ်ကတော့ ပြည်သူတွေကိုစစ်ဆေးတယ်။ ယောကျာ်းလေးနှစ်ယောက်ဆိုင်ကယ်စီးရင်ဒဏ်ငွေတစ်သောင်းတစ်သောင်းခွဲတောင်းတယ်။ အထူးသဖြင့် တံတားပေါ်ကိုဖြတ်သွားတဲ့ ဆန်သယ်တဲ့စပါးသယ်တဲ့ယာဥ်တွေ ကုန်တင်ယာဥ်တွေကို တစ်စီးကိုတစ်သောင်းခွဲနှုန်းတောင်းတယ်။ စစ်ဆေးရင်းနဲ့ မသင်္ကါတဲ့သူတွေဆိုဖမ်းတယ်။ ရိုက်နှက်ပြန်လွှတ်တယ်။ ပြည်သူတွေက ကျောက်တံတားကိုတောင် မသွားရဲကြဘူး။ ဆန်ပွဲစားတွေ ဆန်ကြိတ်လာတဲ့ကားတွေဆိုအဆင်မပြေဘူး။အင်အားသုံးလေးဆယ်လောက်ရှိတယ်”ဟုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံကဆက်​ပြောသည်။

မြေပြင်မျက်မြင်ကင်းထောက်များနှင့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း အတည်ပြုနိုင်သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

ကျောက်တံတားရွာသည် မန္တလေး-မိုးကုတ် လမ်းဘေးတွင်တည်ရှိပြီး အထက်ပါဂိတ်သည် ကျောက်တံတား – ကင်းရွာ- ရေကြည်- တောင်ခေါင်းရွာချင်းဆက်လမ်းပေါ်တွင်ရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ် (ပ.က.ဖ-မတ္တရာ)သည် စစ်ကောင်စီထောက်တိုင် များ၊ စစ်ကောင်စီစခန်းများ၊ တပ်ဖွဲ့ဝင်များအား အဓိကပစ်မှတ်ထား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး ထိုသို့တိုက်ခိုက်ရာတွင် အများပြည်သူတို့၏ လုံခြုံရေးနှင့် အသက်အိုးအိမ်များကို ထိခိုက်မှုမရှိအောင် သတိထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။