Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်ရှိ ချောင်းကြားရွာ နှစ်ကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရပြီး နေအိမ်နှင့် စပါးကျီ မီးလောင်ပြာကျ

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၃လုံးနှင့် စပါးကျီ ၁၃လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ကျွန်းလှ – ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ချောင်းကြားရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ- ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
ချောင်းကြားရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ- ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ချောင်းကြားကျေးရွာအား စစ်ကောင်စီတပ်နှင့် ပျူစောထီးများက နှစ်ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၀ကျော် နှင့် စပါးကျီ ၁၃လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၂၉ရက်) နံနက် ၈နာရီခွဲခန့်က ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်၊ ချောင်းကြားရွာအား စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း – (၃၆၈)နှင့် ပျူစောထီးအင်အား ၁၂၀ခန့်က ချောင်းကြားရွာအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၃လုံးနှင့် စပါးကျီ ၁၃လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ကျွန်းလှ – ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ကျွန်းလှမြို့နယ်၊ ကံပေါက်ရွာ ဘုန်းကြီးကျောင်း၌ အထိုင်ချတပ်စွဲထားရာမှ ကျွန်းလှနှင့် ကန့်ဘလူမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (ဇန်နဝါရီ ၂၈ရက်)မွန်းလွဲ ၂နာရီကျော် က ကံပေါက်ကျေးရွာ မြောက်ဘက်သို့ စစ်ကြောင်းထိုးပြီးနောက် ညနေ ၅နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ်၊ ချောင်းကြားရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် ညအိပ်တပ်စွဲခဲ့သည်။

Public Service Announcement
Public Service Announcement

ထို့နောက် ယနေ့နံနက်ပိုင်းတွင် ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ချောင်းကြားရွာအား မီးရှို့ပြီးနောက် စစ်ကောင်စီတပ်သည် တောင်ယာဆိပ်ရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးနေသည်ဟု ဒေသခံများက ပြောသည်။

ချောင်းကြားရွာသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်ကလည်း စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက် ဆီးခြင်းခံခဲ့ရပြီး နေအိမ် ရှစ်လုံးနှင့် စပါးကျီများ မီးလောင်ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်သည် ကျွန်းလှနှင့် ကန့်ဘလူမြို့နယ် နယ်စပ်ရှိ ကျေးရွာများအား လှည့်လည်စစ်ကြောင်းထိုးနေရာ ပင့်သာ၊ ချောင်းကြား၊ ဖလားရ၊ အင်းမ၊ ညောင်ကုန်း၊ မန်ကျည်းကုန်း၊ တောင်ယာဆိပ်၊ သရက်တော၊ တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စု၊ မြဘုံသာကျေးရွာ စသည့် ရွာပေါင်း ၁၂ ရွာမှ ဒေသခံပြည်သူတစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်တွင် ဒီဇင်ဘာအတွင်းကလည်း အိမ်ခြေ၂၃၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ငါးဦးထက်မနည်း သတ်ဖြတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။