Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်ကို ၁နာရီခန့်ကြာတိုက်ခိုက်

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း၊ မဟာမိတ်ရဲဘော်များမှာ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ကဆိုသည်။

(ရေကြောင်းစစ်ဆင်ရေးများတွင် တွေ့ရသည့် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်များ)
(ရေကြောင်းစစ်ဆင်ရေးများတွင် တွေ့ရသည့် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်များ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာသော စစ်ကောင်စီတပ်အား တစ်နာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင်တပ်ရင်း- (၁၀) တပ်ခွဲ- (၁) သိန်းငှက် ပြောက်ကျားတပ်ဖွဲ့ -ရေစကြိုက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ၂၉ရက် မွန်းလွဲ ၂ နာရီကျော်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ပေါက်အူကျေးရွာအနီးတွင် ဧရာဝတီမြစ်ကြောင်းမှဆန်တက်လာသော စစ်ကောင်စီတပ်များကို မဟာမိတ်တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် အချိန် ၄၅မိနစ်ခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

(ရေကြောင်းစစ်ဆင်ရေးများတွင် တွေ့ရသည့် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်များ)
(ရေကြောင်းစစ်ဆင်ရေးများတွင် တွေ့ရသည့် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်များ)

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း၊ မဟာမိတ်ရဲဘော်များမှာ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ကဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကိုသိန်းငှက်ပြောက်ကျားတပ်ဖွဲ့(ပခုက္ကူခရိုင် တပ်ရင်း – ၁၀ တပ်ခွဲ -၁ )၊ Phoenix အထူးပြောက်ကျားတပ် (ပခုက္ကူခရိုင် တပ်ရင်း – ၁၀ တပ်ခွဲ -၃)၊ ဒေါင်းညီနောင်(မန္တလေးခရိုင် တပ်ရင်း -၃ ၊ တပ်ခွဲ-တပ်ခွဲ၃)၊ Bright Star Group၊ညောင်ဦးခရိုင် တပ်ရင်း-၅ ၊ငဘ၊ရဲဘော်ညီနောင်၊ နဂါးနီ၊ YLK၊ ဗိုလ်ခြောက်ဆယ်၊ Royal Eagle စသည့် ပြောက်ကျားတပ်ဖွဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

(ရေကြောင်းစစ်ဆင်ရေးများတွင် တွေ့ရသည့် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်များ)
(ရေကြောင်းစစ်ဆင်ရေးများတွင် တွေ့ရသည့် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်များ)

ဖြစ်စဥ်နှင့်ပတ်သက်​၍ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ထို့အပြင် ဇန်နဝါရီ၂၈ရက် နံနက်ပိုင်းကလည်း ရေစကြိုမြို့နယ်၊ ရှင်မတောင်တောင်ပေါ်မှ ထော်လာဂျီဖြင့်ဆင်းလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်အား ထန်းတိုကျေးရွာနှင့် ဘောင်ဘဲ့တန်းကျေးရွာကြားတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးကြောင်း ရေစကြို(ပကဖ)အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook