ချင်းပြည်နယ်၊ ဖလမ်းမြို့ လယ်ရှိ ပညာရေးမှူးရုံးမှ စစ်ကောင်စီလက်အောက်ဆက်လက်တာဝန်ထမ်းထမ်းဆောင်နေသောဝန်ထမ်းများ၏ လစာကျပ်သိန်း ၈၀၀ခန့်ကို ယနေ့ မနက်တွင် လက်နက်ကိုင်ထးသူအချို့က သေနတ်ပြ၍ ယူဆောင်သွားကြောင်း ဖလမ်းမြို့ခံများကပြောသည်။
မြို့နယ် ပညာရေးမှူးရုံးတွင် Non CDMဝန်ထမ်းများ အစည်းအဝေးပြုလုပ်နေစဉ် လက်နက်ကိုင်ထားသူလေးဦးက ဝင်ရောက်လာပြီး ကျပ်သိန်း၈၀၀ခန့်ကို ယူဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

ထိုသို့ စစ်ကောင်စီ၏ လစာငွေများယူဆောင်မှုဖြစ်ပွားပြီးနောက် ဖလမ်းမြို့နယ်အတွင်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ထားသည်ဟုလည်း သိရသည်။

Public Service Announcement
“ဖုန်းလိုင်းတွေဖြတ်ပြီး ဝန်ထမ်းတွေကို စစ်နေတယ်လို့ကြားရတယ်”ဟု ဖလမ်းမြို့နယ်ရှိ ပညာဝန်ထမ်းတစ်ဦးကပြောသည်။
စစ်ကောင်စီဘက်မှ လစာငွေများယူဆောင်သွားခြင်းမှာ ဒေသခံကာကွယ်ရေးတပ်များလုပ်သည်ဟု သတင်းလွှင့်နေကြောင်း ဒေသခံများကပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး People’s Springကဖလမ်းမြို့နယ်၊ ဒေသကာကွယ်ရေးတပ်ဖြစ်သည့် CNDFထံ ဆက်သွယ်၍ မှတ်ချက်မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်မရသေးပါ ။
