Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့ စစ်​ကောင်စီပညာရေးမှူးရုံးမှ ကျပ်သိန်း ၈၀၀ကိုလူ​လေးဦးက​သေနတ်ပြ၍ယူ​သွား

စစ်ကောင်စီဘက်မှ လစာ​ငွေများယူ​ဆောင်သွားခြင်းမှာ ဒေသခံကာကွယ်ရေးတပ်များလုပ်သည်ဟု သတင်းလွှင့်​နေ​ကြောင်း ​ဒေသခံများက​ပြောသည်။

(ဖလမ်းမြိုကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ဖလမ်းမြိုကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ချင်းပြည်နယ်၊ ဖလမ်းမြို့ လယ်ရှိ ပညာရေးမှူးရုံးမှ စစ်​ကောင်စီလက်​အောက်ဆက်လက်တာဝန်ထမ်းထမ်း​ဆောင်​နေ​​သောဝန်ထမ်းများ၏ လစာကျပ်သိန်း ၈၀၀ခန့်ကို ယနေ့ မနက်တွင် လက်နက်ကိုင်ထးသူအချို့က သေနတ်ပြ၍ ယူဆောင်သွားကြောင်း ဖလမ်းမြို့ခံများက​ပြောသည်။

မြို့နယ် ပညာရေးမှူးရုံးတွင် Non CDMဝန်ထမ်းများ အစည်းအဝေးပြုလုပ်နေစဉ် လက်နက်ကိုင်ထားသူလေးဦးက ဝင်ရောက်လာပြီး ကျပ်သိန်း၈၀၀ခန့်ကို ယူဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများက​ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့ ​စစ်​ကောင်စီ၏ လစာ​ငွေများယူ​ဆောင်မှုဖြစ်ပွားပြီးနောက် ဖလမ်းမြို့နယ်အတွင်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ထားသည်ဟုလည်း သိရသည်။

“ဖုန်းလိုင်းတွေဖြတ်ပြီး ဝန်ထမ်းတွေကို စစ်နေတယ်လို့ကြားရတယ်”ဟု ဖလမ်းမြို့နယ်ရှိ ပညာဝန်ထမ်းတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်မှ လစာ​ငွေများယူ​ဆောင်သွားခြင်းမှာ ဒေသခံကာကွယ်ရေးတပ်များလုပ်သည်ဟု သတင်းလွှင့်​နေ​ကြောင်း ​ဒေသခံများက​ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး People’s Springကဖလမ်းမြို့နယ်၊ ဒေသကာကွယ်ရေးတပ်ဖြစ်သည့် CNDFထံ ဆက်သွယ်၍ မှတ်ချက်မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်မရသေးပါ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook