Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူတွင် စစ်ရှောင်အမျိုးသမီးနှစ်ဦး မြွေ​ပွေးကိုက်ခံရ

စစ်ရှောင်များ မြွေဆိုးအန္တရာယ် ကြိုကာကွယ်နိုင်ရန် စွတ်ဖိနပ်များ၊ အခြေခံဆေးဝါးများ၊ BPIထုတ်နှင့် အိန္ဒိယထုတ် မြွေဆိပ်ဖြေဆေးများလိုအပ်နေပြီးကူ​ညီပါဝင်မှုမျှော်လင့်ကြောင်း ၎င်းက ဆက်​ပြောသည်။

စစ်​ရှောင် ပြည်သူကိုကိုက်ခဲ့​သော ​မြွေ​ပွေးကိုသတ်ပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
စစ်​ရှောင် ပြည်သူကိုကိုက်ခဲ့​သော ​မြွေ​ပွေးကိုသတ်ပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်၌ စစ်ရှောင်အမျိုးသမီးနှစ်ဦး မြွေ​ပွေးကိုက်ခံရ၍ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရကြောင်း ​ဒေသခံများက​ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂ ရက်) ည ၁၂ နာရီခွဲခန့်က ကိုးတောင်ဘို့တိုက်နယ်အစပ် စစ်ရှောင်တဲ၌ နေထိုင်နေရသူ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး နွားလှန်သွားစဥ် ​မြွေ​ပွေးကိုက်ခံခဲ့ရခြင်းဖြစ်ကာ မြန်မာထုတ် BPI မြွေဆိပ်ဖြေဆေး ခြောက်လုံးနှင့် အိန္ဒိယမြွေဆိပ်ဖြေဆေး လေးလုံးအထိ ထိုးပေးထားရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

“စစ်ရှောင်တဲမှာ ကျွဲနွားစုရင်း ထိသွားတဲ့အနေအထားပါ။ ဆေးက ဆယ်လုံးထိုးပေးထားတယ်။ ၈၀ ရာခိုင်နှုန်းလောက်ကတော့ အောင်မြင်မယ်လို့ ပြောလို့ရလောက်တဲ့အနေအထားပါ။ မြွေ​ကတော့ မြွေပွေးအမျိုးအစားပါ။ တော်တော်များများဖြစ်နေတယ်။”ဟု စစ်ရှောင်ကူညီနေသူ ကိုဂျောင်ဂီအွန်ကပြောသည်။

ထိုအပြင် ဖေဖော်ဝါရီ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်ကလည်း စစ်ရှောင်တဲတွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး မြွေ​ပွေးကိုက်ခံရမှု ထပ်မံဖြစ်ပွားခဲ့သည်။ ၎င်းအမျိုးသမီးမှာ ကျပန်းအလုပ်လုပ်ကိုင်သူဖြစ်ပြီးကြံဖတ်လှန်နေစဉ် ကိုက်ခံရခြင်း ဖြစ်ကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဧပြီလမှ ယနေ့အထိ ကန့်ဘလူနယ်တစ်ခုတည်းတွင် မြွေဆိုးကိုက်ခံရသူ ၄၇ ဦးအထိရှိပြီး အသက်မပြည့်သူကလေးတစ်ဦးနှင့် အခြား၂ ဦး အသက်ဆုံးပါးခဲ့ကြောင်း မြေပြင်တွင်စစ်ရှောင်ကူညီနေသူ ကိုဂျောင်ဂီအွန်က ပြောသည်။

စစ်ရှောင်များ မြွေဆိုးအန္တရာယ် ကြိုကာကွယ်နိုင်ရန် စွတ်ဖိနပ်များ၊ အခြေခံဆေးဝါးများ၊ BPIထုတ်နှင့် အိန္ဒိယထုတ် မြွေဆိပ်ဖြေဆေးများလိုအပ်နေပြီးကူ​ညီပါဝင်မှုမျှော်လင့်ကြောင်း ၎င်းက ဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ လူငယ်တစ်ဦးစစ်သင်တန်းဆင်းပြီးနောက် တပ်ရင်းသို့ ပို့ဆောင်ချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း မုံရွာခရိုင်၊ အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃)ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။