Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့စစ်အုပ်ချုပ်ရေးကြေညာအပြီး ၂ရက် မြောက်တွင် မြို့ပေါ်၌ စစ်ကောင်စီတပ်သား တစ်ဦး ပစ်သတ်ခံရ

စစ်ကောင်စီသည် နိုင်ငံတဝှမ်းတော်လှန်မှုအားကောင်းနေသော မြို့နယ် ၃၇ မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာလိုက်ပြီး စစ်ကိုင်းတိုင်း ၁၁ မြို့နယ်အနက် ခင်ဦးမြို့နယ်လည်း ပါဝင်ခဲ့သည်။

သိမ်းဆည်းရမိသောလက်နက်အား တွေ့ရစဉ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
သိမ်းဆည်းရမိသောလက်နက်အား တွေ့ရစဉ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အား စစ်အုပ်ချုပ် ရေးကြေညာပြီး ၂ရက်မြောက်တွင် မြို့ပေါ်၌ စစ်ကောင်စီတပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၃ရက်)နံနက် ၁၀နာရီခန့်က ခင်ဦးမြို့မှ စစ်ကောင်စီစခန်းသို့ ဆိုင်ကယ်စီး၍ ပြန်လာသော တပ်ဖွဲ့ဝင်တစ်ဦးကို မြို့လယ် လမ်းမကြီးပေါ်တွင် ပြောက်ကျားစစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ရာ အဆိုပါတပ်သားမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“အချက်ရေငါးဆယ်လောက်အထိ ပြင်းပြင်းထန်ထန်ပစ်ခဲ့တယ်။ သူတို့က ခင်ဦးမြို့နယ်ကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာသွားတယ်။ ဒီစစ် ဆင်ရေးက စစ်ကောင်စီကို ဟန့်လိုက်တဲ့အနေအထားပေါ့။ နောက်ထပ်လည်းစစ်ကောင်စီကို သူတို့ခင်ဦးမြို့နယ်ကို မာရှယ်လောတွေထုတ်လို့ရတယ် မြေပြင်မှာတော့မဟုတ်ဘူးဆိုတာကို သက်သေပြလိုက်တာပေါ့။”ဟု မြို့နယ်(ပကဖ) အဖွဲ့တွင်ပါဝင်သူ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ တပ်သားကိုင်ဆောင်လာသော G3 လက်နက် တစ်လက်၊ ကျည်ဘောက် တစ်ခုနှင့် ကျည် (၉)တောင့်ကို သိမ်းဆည်းခဲ့ပြီး ပစ္စည်းများအား ရွှေဘိုခရိုင် အမှတ် (၂) ကွပ်ကဲရုံးသို့ အပ်နှံမည်ဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ယနေ့စစ်ဆင်ရေးတွင် ခင်ဦးမြို့နယ်(ပကဖ)နှင့် မြို့ပြပြောက်ကျား (UG)အဖွဲ့က ပူးပေါင်းတိုင်ခိုက်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိဟု အသိပေးထားသည်။

စစ်ကောင်စီသည် နိုင်ငံတဝှမ်းတော်လှန်မှုအားကောင်းနေသော မြို့နယ် ၃၇ မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာလိုက်ပြီး စစ်ကိုင်းတိုင်း ၁၁ မြို့နယ်အနက် ခင်ဦးမြို့နယ်လည်း ပါဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။