Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမြို့နယ်တွင်ပျူတစ်ဦးပစ်ခတ်ရှင်းလင်းခံရပြီးနောက်စစ်တပ်ကစာသင်​ကျောင်းကိုမီးရှို့

“မနက်ပိုင်းမှာဒလန်ပျုစောထီးကိုရှင်းလိုက်ပြီးစစ်တပ်နဲ့ ပျူစောထီးတွေ ၂၀လောက် ရောက်လာပြီးစစ်ဆေးရေးလုပ်တယ်။ပြီးတော့ ကျောင်းက မီးလောင်သွားတာ”ဟုဒေသခံကပြောသည်။

(စာသင်​ကျောင်းမီး​လောင်​နေသည်ကို အ​ဝေးမှ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(စာသင်​ကျောင်းမီး​လောင်​နေသည်ကို အ​ဝေးမှ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာတွင်စစ်​ကောင်စီတပ်လက်​အောက်ခံ ပျူစောထီးတစ်ဦးကိုPDFများက ပစ်ခတ်ရှင်းလင်းခံရပြီးနောက် ထိုရွာရှိ အထက်တန်းကျောင်းကို စစ်ကောင်စီတပ်က မီးရှို့လိုက်ကြောင်း ဒေသခံများကပြောသည်။

​ဖေ​ဖော်ဝါရီ ၃ ရက်မနက်ပိုင်း ၄ နာရီခန့်က ညောင်ဇင်ရွာမှ ထားဝယ်မြို့ကို သွားသည့် ပျူစောထီးတစ်ဦးကို ဒေသခံကာကွယ်ရေးတပ်များက ပစ်ခတ်ရှင်းလင်းပြီးနောက် နေ့လယ် ၁၂နာရီခန့်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများက စာသင်ကျောင်းကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု သရက်ချောင်းမြို့နယ်ရှိ ဒေသခံတစ်ဦးကပြောသည်။

“မနက်ပိုင်းမှာဒလန်ပျုစောထီးကိုရှင်းလိုက်ပြီးစစ်တပ်နဲ့ ပျူစောထီးတွေ ၂၀လောက် ရောက်လာပြီးစစ်ဆေးရေးလုပ်တယ်။ပြီးတော့ ကျောင်းက မီးလောင်သွားတာ”ဟုဒေသခံကပြောသည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်မှုဖြစ်ပွားပြီး​​​နောက် ဒေသခံများက နေအိမ်ထဲမှ အပြင်မထွက်ကြဘဲ စာသင်ကျောင်းမီးလောင်ချိန်မှသာ သိရသည်ဟု ဒေသခံအချို့ကပြောသည်။ အဆိုပါကျောင်းသည် စာသင်ကြားမှုမရှိတော့၍ ကျောင်းဖွင့်ထားနိုင်ခြင်းမရှိသည့် ကျောင်းဖြစ်သည်ဟုဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“ရုံးခန်းတစ်ခုပဲ ကျန်ခဲ့တော့တယ်၊ အကုန်လုံးပြာကြသွားပြီ”ဟု အဆိုပါကျောင်းတွင်တက်ရောက်ခဲ့သည့် အခြားဒေသခံတစ်ဦးကပြောသည်။

ပျူ​စောထီးအားပစ်ခတ်ရှင်းလင်းမှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။

ညောင်ဇင်ရွာသည် ရန်ကုန်-ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းမကြီးဘေးတွင်တည်ရှိသော ကျေးရွာတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ