Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သရက်ချောင်းမြို့နယ်တွင်ပျူတစ်ဦးပစ်ခတ်ရှင်းလင်းခံရပြီးနောက်စစ်တပ်ကစာသင်​ကျောင်းကိုမီးရှို့

“မနက်ပိုင်းမှာဒလန်ပျုစောထီးကိုရှင်းလိုက်ပြီးစစ်တပ်နဲ့ ပျူစောထီးတွေ ၂၀လောက် ရောက်လာပြီးစစ်ဆေးရေးလုပ်တယ်။ပြီးတော့ ကျောင်းက မီးလောင်သွားတာ”ဟုဒေသခံကပြောသည်။

(စာသင်​ကျောင်းမီး​လောင်​နေသည်ကို အ​ဝေးမှ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(စာသင်​ကျောင်းမီး​လောင်​နေသည်ကို အ​ဝေးမှ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာတွင်စစ်​ကောင်စီတပ်လက်​အောက်ခံ ပျူစောထီးတစ်ဦးကိုPDFများက ပစ်ခတ်ရှင်းလင်းခံရပြီးနောက် ထိုရွာရှိ အထက်တန်းကျောင်းကို စစ်ကောင်စီတပ်က မီးရှို့လိုက်ကြောင်း ဒေသခံများကပြောသည်။

​ဖေ​ဖော်ဝါရီ ၃ ရက်မနက်ပိုင်း ၄ နာရီခန့်က ညောင်ဇင်ရွာမှ ထားဝယ်မြို့ကို သွားသည့် ပျူစောထီးတစ်ဦးကို ဒေသခံကာကွယ်ရေးတပ်များက ပစ်ခတ်ရှင်းလင်းပြီးနောက် နေ့လယ် ၁၂နာရီခန့်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများက စာသင်ကျောင်းကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု သရက်ချောင်းမြို့နယ်ရှိ ဒေသခံတစ်ဦးကပြောသည်။

“မနက်ပိုင်းမှာဒလန်ပျုစောထီးကိုရှင်းလိုက်ပြီးစစ်တပ်နဲ့ ပျူစောထီးတွေ ၂၀လောက် ရောက်လာပြီးစစ်ဆေးရေးလုပ်တယ်။ပြီးတော့ ကျောင်းက မီးလောင်သွားတာ”ဟုဒေသခံကပြောသည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်မှုဖြစ်ပွားပြီး​​​နောက် ဒေသခံများက နေအိမ်ထဲမှ အပြင်မထွက်ကြဘဲ စာသင်ကျောင်းမီးလောင်ချိန်မှသာ သိရသည်ဟု ဒေသခံအချို့ကပြောသည်။ အဆိုပါကျောင်းသည် စာသင်ကြားမှုမရှိတော့၍ ကျောင်းဖွင့်ထားနိုင်ခြင်းမရှိသည့် ကျောင်းဖြစ်သည်ဟုဒေသခံများကပြောသည်။

“ရုံးခန်းတစ်ခုပဲ ကျန်ခဲ့တော့တယ်၊ အကုန်လုံးပြာကြသွားပြီ”ဟု အဆိုပါကျောင်းတွင်တက်ရောက်ခဲ့သည့် အခြားဒေသခံတစ်ဦးကပြောသည်။

ပျူ​စောထီးအားပစ်ခတ်ရှင်းလင်းမှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။

ညောင်ဇင်ရွာသည် ရန်ကုန်-ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းမကြီးဘေးတွင်တည်ရှိသော ကျေးရွာတစ်ခုဖြစ်သည်။

You May Also Like

သတင်း

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း စစ်တပ်တစ်တပ်၏ တာဝန်မှာ ပြည်သူများကို ကာကွယ်ရန်ဖြစ်ပြီး မြန်မာစစ်တပ်အနေဖြင့် ၎င်းကျူးလွန်နေသာ ရက်စက်သောအကြမ်းဖက်မှုများကို ရပ်တန့်ရန် ယနေ့ တောင်းဆိုထားသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။

သတင်း

ကော့ကရိတ်မြို့ တမိုင်ကုန်းတွင် ယနေ့(မတ်လ ၂၆ရက်) နံနက် ၅ နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

သတင်း

ပျူများက မုံရွေးကျေးရွာအားမီးရှို့သွား၍ တိုက်ပွဲများရှိလာနိုင်သောကြောင့် မုံရွာ-ချောင်းဦးလမ်းပိုင်းအား အရေးပေါ်အခြေအနေအရပိတ်သိမ်းထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးသည်။