Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်-ဖယ်ခုံလမ်းမတိုက်ပွဲ စစ်ကောင်စီတပ်မှငါးဦးသေဆုံးပြီး ဖယ်ခုံPDFတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၄ ရက် ည ၁၀ နာရီခွဲခန့်တွင်ဖယ်ခုံ PDF တပ် ရင်း( ၂ )၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ရင်း (၃) နှင့် URF တို့ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့သည်။

(ဖယ်ခုံPDF တပ်ရင်း(၂)မှတပ်ဖွဲ့ဝင်များ၏အ​ခြေခံစစ်ပညာသင်တန်းဆင်းပွဲတစ်ခု။ဓါတ်ပုံ-PDFဖယ်ခုံ)
(ဖယ်ခုံPDF တပ်ရင်း(၂)မှတပ်ဖွဲ့ဝင်များ၏အ​ခြေခံစစ်ပညာသင်တန်းဆင်းပွဲတစ်ခု။ဓါတ်ပုံ-PDFဖယ်ခုံ)

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်-ဖယ်ခုံလမ်းမတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးပြီး ကရင် နီပူးပေါင်းတပ်မှ တစ်ဦးကျဆုံးခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂ )က ယနေ့ ထုတ်ပြန်သည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၄ ရက် ည ၁၀ နာရီခွဲခန့်တွင်ဖယ်ခုံ PDF တပ် ရင်း( ၂ )၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ရင်း (၃) နှင့် URF တို့ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့သည်။

“ တိုက်ပွဲက နှစ်နာရီကျော်ကျော်လောက်ကြာတယ်။ စကစ ဘက်က အထိနာတော့ လွိုင်ကော်နဲ့ ဖယ်ခုံ အခြေစိုက်တပ် တွေကနေ လက်နက်ကြီး အဆမတန်ပစ်ကူတယ်။အခုထိလည်း စစ်ရေးအရ တင်းမာနေဆဲပဲ” ဟု ဖယ်ခုံ PDF တပ်ရင်း( ၂ )နှင့် နီးစပ်သူတစ်ဦးက People’s Springသို့ ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ယမန်နေ့ည တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးသူ ငါးဦး အပြင် ပြင်းထန်ဒဏ်ရာ ၉ ဦးရှိကြောင်းလည်း ဖယ်ခုံ PDF တပ်ရင်း( ၂ )က အတည်ပြုသည်။

အလားတူ ဖယ်ခုံ PDF တပ်ရင်း ၂ မှ ရဲဘော် ဒေးဗစ် မှာ ပြည်သူ့အတွက်တိုကိပွဲဝင်ရင်းအသက်စွန့်ခဲ့ရပြီး KNDFရဲဘော် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကျဆုံးခဲ့သောရဲဘော်ဒေးဗစ်၏ရုပ်အလောင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် သဂြိုလ်ပြီးစီးခဲ့သည်။

ထိုတိုက်ပွဲနှင့်ဆက်စပ်၍လည်း စစ်ကောင်စီတပ်က လွိုင်ကော်မြို့ ဝါရီကောခူကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့်ဘုရားကျောင်းနှင့် လူနေအိမ် ၂၀ကျော် ပျက်စီးခဲ့ရပြီး ဒေသခံများစစ်ဘေးရှောင်နေရဆဲ ဖြစ်သည်။

You May Also Like

နိုင်ငံတကာ

လေဆင်နှာမောင်းဟာ ညပိုင်းအချိန် လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်း ရုတ်တရက် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ သတိပေး ကြေညာချက်တွေလည်း မကြားခဲ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီသည် ကျဆုံးခန်းမြင်နေရပြီဖြစ်၍ စစ်ကောင်စီလက်အောက်ခံများအနေဖြင့် အမှန်တရားဘက်ပြောင်းကာ ပြည်သူ့ရင်ခွင်ခိုလှုံသင့်ပြီဟု အဆိုပါအဖွဲ့က ဆိုသည်။

သတင်း

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အထိနာ၍ လက်နက်ကြီးများ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။