Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်-ဖယ်ခုံလမ်းမတိုက်ပွဲ စစ်ကောင်စီတပ်မှငါးဦးသေဆုံးပြီး ဖယ်ခုံPDFတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၄ ရက် ည ၁၀ နာရီခွဲခန့်တွင်ဖယ်ခုံ PDF တပ် ရင်း( ၂ )၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ရင်း (၃) နှင့် URF တို့ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့သည်။

(ဖယ်ခုံPDF တပ်ရင်း(၂)မှတပ်ဖွဲ့ဝင်များ၏အ​ခြေခံစစ်ပညာသင်တန်းဆင်းပွဲတစ်ခု။ဓါတ်ပုံ-PDFဖယ်ခုံ)
(ဖယ်ခုံPDF တပ်ရင်း(၂)မှတပ်ဖွဲ့ဝင်များ၏အ​ခြေခံစစ်ပညာသင်တန်းဆင်းပွဲတစ်ခု။ဓါတ်ပုံ-PDFဖယ်ခုံ)

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်-ဖယ်ခုံလမ်းမတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးပြီး ကရင် နီပူးပေါင်းတပ်မှ တစ်ဦးကျဆုံးခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂ )က ယနေ့ ထုတ်ပြန်သည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၄ ရက် ည ၁၀ နာရီခွဲခန့်တွင်ဖယ်ခုံ PDF တပ် ရင်း( ၂ )၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ရင်း (၃) နှင့် URF တို့ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့သည်။

“တိုက်ပွဲက နှစ်နာရီကျော်ကျော်လောက်ကြာတယ်။ စကစ ဘက်က အထိနာတော့ လွိုင်ကော်နဲ့ ဖယ်ခုံ အခြေစိုက်တပ် တွေကနေ လက်နက်ကြီး အဆမတန်ပစ်ကူတယ်။အခုထိလည်း စစ်ရေးအရ တင်းမာနေဆဲပဲ”ဟု ဖယ်ခုံ PDF တပ်ရင်း( ၂ )နှင့် နီးစပ်သူတစ်ဦးက People’s Springသို့ ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ယမန်နေ့ည တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးသူ ငါးဦး အပြင် ပြင်းထန်ဒဏ်ရာ ၉ ဦးရှိကြောင်းလည်း ဖယ်ခုံ PDF တပ်ရင်း( ၂ )က အတည်ပြုသည်။

Public Service Announcement

Public Service Announcement

အလားတူ ဖယ်ခုံ PDF တပ်ရင်း ၂ မှ ရဲဘော် ဒေးဗစ် မှာ ပြည်သူ့အတွက်တိုကိပွဲဝင်ရင်းအသက်စွန့်ခဲ့ရပြီး KNDFရဲဘော် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကျဆုံးခဲ့သောရဲဘော်ဒေးဗစ်၏ရုပ်အလောင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် သဂြိုလ်ပြီးစီးခဲ့သည်။

ထိုတိုက်ပွဲနှင့်ဆက်စပ်၍လည်း စစ်ကောင်စီတပ်က လွိုင်ကော်မြို့ ဝါရီကောခူကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့်ဘုရားကျောင်းနှင့် လူနေအိမ် ၂၀ကျော် ပျက်စီးခဲ့ရပြီး ဒေသခံများစစ်ဘေးရှောင်နေရဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။