Connect with us

Hi, what are you looking for?

သတင်း

ငွေတောင်အခြေစိုက် ခမရ(၄၂၇)မှ စစ်ကောင်စီတပ်သားများတင်ဆောင်လာသောယာဉ် မိုင်းထိ၍ ထိခိုက်သေဆုံးမှုများဟုဆို

တိုက်ပွဲ ပြင်းထန်နေသည့် ကရင်နီ(ကယား)ပြည်နယ်တွင် ယမန်နှစ်ကလည်း စစ်ကောင်စီတပ်၏ မော်တော်ယာဥ် ၁၈စီးထက်မနည်းကို ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။

(စစ်ကောင်စီတပ်ယာဉ် မိုင်းထိပြီးနောက် တွေ့ရစဥ်)
(စစ်ကောင်စီတပ်ယာဉ် မိုင်းထိပြီးနောက် တွေ့ရစဥ်)

ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခမရ (၄၂၇) တပ်မှ စစ်ကောင်စီတပ်သားများတင်ဆောင် လာသော ယာဉ်တစ်စီး မိုင်းထိ၍ ထိခိုက်သေဆုံးသူအများအပြားရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

အရပ်သားမော်တော်ယာဥ်အဖြစ် ဟန်ဆောင်ထွက်လာသည့် စစ်ကောင်စီယာဉ်မှာ ဇန်နဝါရီ၂၆ ရက်က ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၉၏ မိုင်းနင်းမိခဲ့ခြင်းဟု ဆိုသည်။

“စကစအယောက် ၃၀ လောက်ပါတယ်။ဒန်ဘာကားက ထက်ခြမ်းကို ကွဲသွားတာ”ဟု ဒေသခံသတင်းရင်းမြစ်က ရှင်းပြသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် စစ် ကောင်စီတပ်သားများမှာ တိုက်ပွဲပြင်းထန်လျက် ရှိသည် ဒီးမော့ဆိုမြို့အရှေ့ဘက်ခြမ်းသို့ စစ်ကူပို့ ရန် ထွက်လာခြင်းဟုလည်း သီးခြားသတင်းရင်းမြစ်က အတည်ပြုသည်။

Public Service Announcement

Public Service Announcement

သို့သော် အဆိုပါဖြစ်စဥ်တွင် စစ်ကောင်စီတပ် သားများ၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးအနေဖြင့် အတည်မပြုနိုင်သေးပေ။

“ကျွန်တော်တို့ သပ်သပ် ထုတ်ပြန်ပေးပါမယ်”ဟု KNDF တပ်ရင်း – ၉ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲ ပြင်းထန်နေသည့် ကရင်နီ(ကယား)ပြည်နယ်တွင် ယမန်နှစ်ကလည်း စစ်ကောင်စီတပ်၏ မော်တော်ယာဥ် ၁၈စီးထက်မနည်းကို ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။