Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ငွေတောင်အခြေစိုက် ခမရ(၄၂၇)မှ စစ်ကောင်စီတပ်သားများတင်ဆောင်လာသောယာဉ် မိုင်းထိ၍ ထိခိုက်သေဆုံးမှုများဟုဆို

တိုက်ပွဲ ပြင်းထန်နေသည့် ကရင်နီ(ကယား)ပြည်နယ်တွင် ယမန်နှစ်ကလည်း စစ်ကောင်စီတပ်၏ မော်တော်ယာဥ် ၁၈စီးထက်မနည်းကို ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။

(စစ်ကောင်စီတပ်ယာဉ် မိုင်းထိပြီးနောက် တွေ့ရစဥ်)
(စစ်ကောင်စီတပ်ယာဉ် မိုင်းထိပြီးနောက် တွေ့ရစဥ်)

ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခမရ (၄၂၇) တပ်မှ စစ်ကောင်စီတပ်သားများတင်ဆောင် လာသော ယာဉ်တစ်စီး မိုင်းထိ၍ ထိခိုက်သေဆုံးသူအများအပြားရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

အရပ်သားမော်တော်ယာဥ်အဖြစ် ဟန်ဆောင်ထွက်လာသည့် စစ်ကောင်စီယာဉ်မှာ ဇန်နဝါရီ၂၆ ရက်က ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၉၏ မိုင်းနင်းမိခဲ့ခြင်းဟု ဆိုသည်။

“ စကစအယောက် ၃၀ လောက်ပါတယ်။ဒန်ဘာကားက ထက်ခြမ်းကို ကွဲသွားတာ” ဟု ဒေသခံသတင်းရင်းမြစ်က ရှင်းပြသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် စစ် ကောင်စီတပ်သားများမှာ တိုက်ပွဲပြင်းထန်လျက် ရှိသည် ဒီးမော့ဆိုမြို့အရှေ့ဘက်ခြမ်းသို့ စစ်ကူပို့ ရန် ထွက်လာခြင်းဟုလည်း သီးခြားသတင်းရင်းမြစ်က အတည်ပြုသည်။

သို့သော် အဆိုပါဖြစ်စဥ်တွင် စစ်ကောင်စီတပ် သားများ၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးအနေဖြင့် အတည်မပြုနိုင်သေးပေ။

“ ကျွန်တော်တို့ သပ်သပ် ထုတ်ပြန်ပေးပါမယ်” ဟု KNDF တပ်ရင်း – ၉ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲ ပြင်းထန်နေသည့် ကရင်နီ(ကယား)ပြည်နယ်တွင် ယမန်နှစ်ကလည်း စစ်ကောင်စီတပ်၏ မော်တော်ယာဥ် ၁၈စီးထက်မနည်းကို ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။

You May Also Like

နိုင်ငံတကာ

လေဆင်နှာမောင်းဟာ ညပိုင်းအချိန် လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်း ရုတ်တရက် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ သတိပေး ကြေညာချက်တွေလည်း မကြားခဲ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီသည် ကျဆုံးခန်းမြင်နေရပြီဖြစ်၍ စစ်ကောင်စီလက်အောက်ခံများအနေဖြင့် အမှန်တရားဘက်ပြောင်းကာ ပြည်သူ့ရင်ခွင်ခိုလှုံသင့်ပြီဟု အဆိုပါအဖွဲ့က ဆိုသည်။

သတင်း

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အထိနာ၍ လက်နက်ကြီးများ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။