Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်၏ အမျိုးသားဆိုင်ရာအရေးပေါ်ကြေညာချက်ကို သမ္မတဘိုင်ဒန် ဆက်လက်သက်တမ်းတိုး

ထိုသို့ မြန်မာနိုင်ငံ၏ ပုံမှန်မဟုတ်သည့်၊ သာမာန်ထက်လွန်ကဲသော ခြိမ်းခြောက်မှုများကြောင့် အမေရိကန်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်သော အမျိုးသားဆိုင်ရာအရေးပေါ်ကြေညာချက်ကို ဂျိုးဘိုင်ဒန်က ဒုတိယအကြိမ်ဆက်လက်သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

အမေရိကန်၏ အမျိုးသားဆိုင်ရာအရေးပေါ်ကြေညာချက်ကို သမ္မတဘိုင်ဒန် ဆက်လက်သက်တမ်းတိုး
အမေရိကန်၏ အမျိုးသားဆိုင်ရာအရေးပေါ်ကြေညာချက်ကို သမ္မတဘိုင်ဒန် ဆက်လက်သက်တမ်းတိုး

▪️စစ်အာဏာသိမ်းမှုကို အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကို ပုံမှန်မဟုတ်သည့်၊ သာမန်ထက်လွန်ကဲသော ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထား

မြန်မာ့အရေးနှင့်ပတ်သက်၍ အမျိုးသားဆိုင်ရာအရေးပေါ်ကြေညာချက်ကို ဆက်လက်သက်တမ်းတိုးမြှင့်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယမန်နေ့တွင် လက်မှတ်ရေးထိုးသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကို ပုံမှန်မဟုတ်သည့်၊ သာမန်ထက်လွန်ကဲသော ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ပြီး ယင်းကိုကိုင်တွယ်ဖြေရှင်းရန် အမေရိကန်သမ္မတက အပြည်ပြည်ဆိုင်ရာ အရေးပေါ်စီးပွားရေးအာဏာများအက်ဥပဒေကို သမ္မတအမိန့်အဖြစ် ကြေညာခဲ့သည်။

မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအရပ်သားအစိုးရကို ဖယ်ရှားကာ အစိုးရခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ သတင်းသမားများနှင့် နိုင်ငံရေးခေါင်းဆောင်များကို တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခြင်းများလုပ်ဆောင်ခဲ့သည်။ ထို့အပြင် ၂၀၂၀ နိုဝင်ဘာတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် ဖော်ပြခဲ့သော မြန်မာပြည်သူများ၏ ဆန္ဒကိုလည်း စစ်တပ်က ငြင်းပယ်ခဲ့ပြီး တိုင်းပြည်၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို လျော့ပါးစေကြောင်း အမေရိကန်သမ္မတ၏ ကြေညာချက်၌ ဖော်ပြသည်။

ထိုသို့ မြန်မာနိုင်ငံ၏ ပုံမှန်မဟုတ်သည့်၊ သာမာန်ထက်လွန်ကဲသော ခြိမ်းခြောက်မှုများကြောင့် အမေရိကန်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်သော အမျိုးသားဆိုင်ရာအရေးပေါ်ကြေညာချက်ကို ဂျိုးဘိုင်ဒန်က ဒုတိယအကြိမ်ဆက်လက်သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။