Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အမေရိကန်၏ အမျိုးသားဆိုင်ရာအရေးပေါ်ကြေညာချက်ကို သမ္မတဘိုင်ဒန် ဆက်လက်သက်တမ်းတိုး

ထိုသို့ မြန်မာနိုင်ငံ၏ ပုံမှန်မဟုတ်သည့်၊ သာမာန်ထက်လွန်ကဲသော ခြိမ်းခြောက်မှုများကြောင့် အမေရိကန်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်သော အမျိုးသားဆိုင်ရာအရေးပေါ်ကြေညာချက်ကို ဂျိုးဘိုင်ဒန်က ဒုတိယအကြိမ်ဆက်လက်သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

အမေရိကန်၏ အမျိုးသားဆိုင်ရာအရေးပေါ်ကြေညာချက်ကို သမ္မတဘိုင်ဒန် ဆက်လက်သက်တမ်းတိုး
အမေရိကန်၏ အမျိုးသားဆိုင်ရာအရေးပေါ်ကြေညာချက်ကို သမ္မတဘိုင်ဒန် ဆက်လက်သက်တမ်းတိုး

▪️စစ်အာဏာသိမ်းမှုကို အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကို ပုံမှန်မဟုတ်သည့်၊ သာမန်ထက်လွန်ကဲသော ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထား

မြန်မာ့အရေးနှင့်ပတ်သက်၍ အမျိုးသားဆိုင်ရာအရေးပေါ်ကြေညာချက်ကို ဆက်လက်သက်တမ်းတိုးမြှင့်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယမန်နေ့တွင် လက်မှတ်ရေးထိုးသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကို ပုံမှန်မဟုတ်သည့်၊ သာမန်ထက်လွန်ကဲသော ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ပြီး ယင်းကိုကိုင်တွယ်ဖြေရှင်းရန် အမေရိကန်သမ္မတက အပြည်ပြည်ဆိုင်ရာ အရေးပေါ်စီးပွားရေးအာဏာများအက်ဥပဒေကို သမ္မတအမိန့်အဖြစ် ကြေညာခဲ့သည်။

မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအရပ်သားအစိုးရကို ဖယ်ရှားကာ အစိုးရခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ သတင်းသမားများနှင့် နိုင်ငံရေးခေါင်းဆောင်များကို တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခြင်းများလုပ်ဆောင်ခဲ့သည်။ ထို့အပြင် ၂၀၂၀ နိုဝင်ဘာတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် ဖော်ပြခဲ့သော မြန်မာပြည်သူများ၏ ဆန္ဒကိုလည်း စစ်တပ်က ငြင်းပယ်ခဲ့ပြီး တိုင်းပြည်၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို လျော့ပါးစေကြောင်း အမေရိကန်သမ္မတ၏ ကြေညာချက်၌ ဖော်ပြသည်။

ထိုသို့ မြန်မာနိုင်ငံ၏ ပုံမှန်မဟုတ်သည့်၊ သာမာန်ထက်လွန်ကဲသော ခြိမ်းခြောက်မှုများကြောင့် အမေရိကန်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်သော အမျိုးသားဆိုင်ရာအရေးပေါ်ကြေညာချက်ကို ဂျိုးဘိုင်ဒန်က ဒုတိယအကြိမ်ဆက်လက်သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

You May Also Like

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း တောင်ကိုရီးယားနဲ့ အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အမျိုးအစားစုံ ဒုံးကျည်တွေ ပစ်လွှတ်ပြခဲ့ပါသေးတယ်။

နိုင်ငံတကာ

လေဆင်နှာမောင်းဟာ ညပိုင်းအချိန် လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်း ရုတ်တရက် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ သတိပေး ကြေညာချက်တွေလည်း မကြားခဲ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ပွဲမှာ အသုံးပြုမယ့် လက်နက်နဲ့ လောင်စာဆီတွေ ဝယ်ယူရေးအတွက် စစ်ကောင်စီ အရေးတကြီး လိုအပ်နေတဲ့ ဝင်ငွေလမ်းကြောင်းတွေကို ပိုမို ဖြတ်တောက်ဖို့ဆိုရင် နောက်ထပ် အရေးယူ ပိတ်ဆို့မှု အသစ်တွေလည်း လိုအပ်လိမ့်ဦးမယ်လို့ ချော်လတ်က ဆက်ပြောပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်ကစလို့ နျူကလီးယား လက်နက် စမ်းသပ်ဖောက်ခွဲမှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီထဲက ၄ ကြိမ်ဟာ ကင်မ်ရဲ့ လက်ထက်မှာ အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။