Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲတိုက်ပွဲစစ်​ကောင်စီတပ် ၅ ဦးထက်မနည်း​သေ

ကရင်နီပူးပေါင်းတပ်မှာ ထိခိုက်မှုမရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့သည်ဟုလည်းသိရသည်။ စစ်​ကောင်စီတပ်သဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring က သီးခြားအတည်မပြုနိုင်ပါ ။

(မိုးဗြဲPDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PDF)
(မိုးဗြဲPDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PDF)

ဖယ်ခုံမြို့နယ် ၊မိုးဗြဲမြို့တွင်တင့်ကားတစ်စီးအပါအဝင်စစ်အင်အားအမြောက်အများဖြည့်တင်းလျှက်ရှိသည့် စစ်ကောင်စီတပ် နှင့် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်မှသေဆုံးသူ အနည်းဆုံး ငါးဦးရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှတာဝန်ရှိသူက​ပြောသည်။

“ထိတွေ့မှုက မနေ့ ကလည်းရှိခဲ့တယ်။ဒီနေ့ကတော့ ပိုပြင်းထန်တယ်။စကစ ဘက်က ပိုတိုးပြီး လှုပ်ရှားလားတာ တွေ့ရတယ်။အခုအခြေအနေက သူတို့ ရှိတဲ့ အထိုင်တပ်တွေ အပြင် လွိုင်ကော်ဘက်နေပါ ထပ်ဖြည့်နေတာ ရှိတယ်။တိုက်ပွဲ က ဒီထက့် အရှိန်မြင့်လာဖို့ရှိနိုင်တယ်”ဟုအထက်ပါတာဝန်ရှိသူက People’s Springသို့ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၉ ရက်) နံနက် ၉ နာရီကစ၍ ညနေ ၄ နာရီခွဲ အထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်​ကောင်စီတပ်ကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)၊ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF B-03 နှင့် လွိုင်ကော် PDF တို့ပူးပေါင်းတိုက်ခိုက်​နေသည်ဟုသိရသည်။

ယနေ့တိုက်ပွဲတွင် ဖယ်ခုံစစ်ကောင်စီတပ်၊ မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်၊ ဝှါရီဆူးပလိုင်တွင်တပ်စွဲထားသောစစ်ကောင်စီတပ်များကလက်နက်ကြီးများပစ်ကူတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီတပ်ကပစ်ကူသောတာဝေးပစ်လက်နက်ကြီးများအနက် (၃) လုံးသည် စစ်ကောင်စီတပ်သားများတပ်စွဲရာ စက်တော်ရာတောင်ပေါ်ကို တည့်မစွာကျရောက်ပေါက်ကွဲခဲ့ရာ စစ်ကောင်စီမှ အနည်း ဆုံးငါး ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းကို မြေပြင်သတင်းအရ အတည်ပြုနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ကရင်နီပူးပေါင်းတပ်မှာ ထိခိုက်မှုမရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့သည်ဟုလည်းသိရသည်။ စစ်​ကောင်စီတပ်သဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring က သီးခြားအတည်မပြုနိုင်ပါ ။

မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပူး ပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များ စစ်ရေးအခြေအနေတင်းမှာလျှက်ရှိပြီး မိုးဗြဲ-ပီကင်းလမ်းပိုင်းကို ပြည်သူများအသုံးမပြုသေးရန် မိုးဗြဲ PDF က သတိပေးသည်။

ထို့အပြင် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ မြို့ပြအဆင့်ထိ နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက်လိုအပ်ချက်များဖြည့်တင်းနိုင်ရန် ကူညီပံ့ပိုးပေးရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။