Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲတိုက်ပွဲစစ်​ကောင်စီတပ် ၅ ဦးထက်မနည်း​သေ

ကရင်နီပူးပေါင်းတပ်မှာ ထိခိုက်မှုမရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့သည်ဟုလည်းသိရသည်။ စစ်​ကောင်စီတပ်သဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring က သီးခြားအတည်မပြုနိုင်ပါ ။

(မိုးဗြဲPDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PDF)
(မိုးဗြဲPDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PDF)

ဖယ်ခုံမြို့နယ် ၊မိုးဗြဲမြို့တွင်တင့်ကားတစ်စီးအပါအဝင်စစ်အင်အားအမြောက်အများဖြည့်တင်းလျှက်ရှိသည့် စစ်ကောင်စီတပ် နှင့် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်မှသေဆုံးသူ အနည်းဆုံး ငါးဦးရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှတာဝန်ရှိသူက​ပြောသည်။

“ ထိတွေ့မှုက မနေ့ ကလည်းရှိခဲ့တယ်။ဒီနေ့ကတော့ ပိုပြင်းထန်တယ်။စကစ ဘက်က ပိုတိုးပြီး လှုပ်ရှားလားတာ တွေ့ရတယ်။အခုအခြေအနေက သူတို့ ရှိတဲ့ အထိုင်တပ်တွေ အပြင် လွိုင်ကော်ဘက်နေပါ ထပ်ဖြည့်နေတာ ရှိတယ်။တိုက်ပွဲ က ဒီထက့် အရှိန်မြင့်လာဖို့ရှိနိုင်တယ်” ဟုအထက်ပါတာဝန်ရှိသူက People’s Springသို့ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၉ ရက်) နံနက် ၉ နာရီကစ၍ ညနေ ၄ နာရီခွဲ အထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်​ကောင်စီတပ်ကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)၊ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF B-03 နှင့် လွိုင်ကော် PDF တို့ပူးပေါင်းတိုက်ခိုက်​နေသည်ဟုသိရသည်။

ယနေ့တိုက်ပွဲတွင် ဖယ်ခုံစစ်ကောင်စီတပ်၊ မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်၊ ဝှါရီဆူးပလိုင်တွင်တပ်စွဲထားသောစစ်ကောင်စီတပ်များကလက်နက်ကြီးများပစ်ကူတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သို့သော် စစ်ကောင်စီတပ်ကပစ်ကူသောတာဝေးပစ်လက်နက်ကြီးများအနက် (၃) လုံးသည် စစ်ကောင်စီတပ်သားများတပ်စွဲရာ စက်တော်ရာတောင်ပေါ်ကို တည့်မစွာကျရောက်ပေါက်ကွဲခဲ့ရာ စစ်ကောင်စီမှ အနည်း ဆုံးငါး ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းကို မြေပြင်သတင်းအရ အတည်ပြုနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ကရင်နီပူးပေါင်းတပ်မှာ ထိခိုက်မှုမရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့သည်ဟုလည်းသိရသည်။ စစ်​ကောင်စီတပ်သဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring က သီးခြားအတည်မပြုနိုင်ပါ ။

မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပူး ပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များ စစ်ရေးအခြေအနေတင်းမှာလျှက်ရှိပြီး မိုးဗြဲ-ပီကင်းလမ်းပိုင်းကို ပြည်သူများအသုံးမပြုသေးရန် မိုးဗြဲ PDF က သတိပေးသည်။

ထို့အပြင် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ မြို့ပြအဆင့်ထိ နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက်လိုအပ်ချက်များဖြည့်တင်းနိုင်ရန် ကူညီပံ့ပိုးပေးရန် မေတ္တာရပ်ခံထားသည်။

You May Also Like

နိုင်ငံတကာ

လေဆင်နှာမောင်းဟာ ညပိုင်းအချိန် လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်း ရုတ်တရက် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ သတိပေး ကြေညာချက်တွေလည်း မကြားခဲ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီသည် ကျဆုံးခန်းမြင်နေရပြီဖြစ်၍ စစ်ကောင်စီလက်အောက်ခံများအနေဖြင့် အမှန်တရားဘက်ပြောင်းကာ ပြည်သူ့ရင်ခွင်ခိုလှုံသင့်ပြီဟု အဆိုပါအဖွဲ့က ဆိုသည်။

သတင်း

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အထိနာ၍ လက်နက်ကြီးများ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။