Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူပျူခေါင်းဆောင်ဦးဝါသဝ၏ပျူစခန်းတစ်ခုကိုPDFများတိုက်ခိုက်သိမ်းပိုက်

တိုက်ပွဲတွင် MA1 တစ်လက် ၊ကျည်ဘောက် ၃ ခု၊ကာဘိုင် တစ်လက် ၊ကျည်ဘောက် ၄ ခု ၊ကျည်အများနှင့်ဆက်သွယ်ရေးစက် ၁ လုံး ၊ဖုန်း ၁ လုံး သိမ်းဆည်းနိုင်ခဲ့ကြောင်းဓါတ်ပုံမှတ်တမ်းများနှင့်အတူ​ဖော်ပြထားသည်။

(ပျူစခန်းမှ သိမ်းဆည်းရမိ​​သောလက်နက်ခဲယမ်းများနှင့် ပျူ​ခေါင်း​ဆောင် သက်န်းဝတ် ဦးဝါသ။ ဓါတ်ပုံ- TRF/CJ)
(ပျူစခန်းမှ သိမ်းဆည်းရမိ​​သောလက်နက်ခဲယမ်းများနှင့် ပျူ​ခေါင်း​ဆောင် သက်န်းဝတ် ဦးဝါသ။ ဓါတ်ပုံ- TRF/CJ)

▪︎စစ်​ကောင်စီဗိုလ်တစ်ဦးနှင့်ပျူ ၇ ဦး​သေ၊လက်နက် ခဲယမ်းအချို့ရရှိ

ကန့်ဘလူမြို့နယ် စိန့်နားကျေးရွာမှ ပျူစောထီးခေါင်းဆောင်ာသက်န်းဝတ်ဦးဝါသဝလက်အောက်ခံပျူစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁)ကန့်ဘလူခရိုင်နှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁၆) ရွှေဘိုခရိုင် TRF(Taze Revolution Force) တို့ကပူး​ပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသတင်းထုတ်ပြန်သည်။

ပျူ​ခေါင်း​ဆောင်ဟုလူသိများ​သော လက်နက်ကိုင် သက်န်းဝတ်ဝါသဝ၏လက်အောက်ခံပျူစောထီးများနှင့်စစ်အုပ်စုအထိုင်ချထားသော စိန့်နားကျေးရွာမှပျူစခန်းကိုဖေဖော်ဝါရီလ ၉ ရက်နေ့ည ၁၂ နာရီခန့်တွင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း Taze Revolution Forceက ယနေ့ (ဖေဖော်ဝါရီ၁၁ရက်) သတင်းထုတ်ပြန်ထားသည်။

(ပျူစခန်းမှ သိမ်းဆည်းရမိ​​သောလက်နက်ခဲယမ်းများနှင့် ပျူ​ခေါင်း​ဆောင် သက်န်းဝတ် ဦးဝါသ။ ဓါတ်ပုံ- TRF/CJ)
(ပျူစခန်းမှ သိမ်းဆည်းရမိ​​သောလက်နက်ခဲယမ်းများနှင့် ပျူ​ခေါင်း​ဆောင် သက်န်းဝတ် ဦးဝါသ။ ဓါတ်ပုံ- TRF/CJ)

” ကန့်ဘလူမြို့နယ်ဝါသ၀၏တပည့်များစီမံအုပ်ချူပ်နေသော စိန့်နားကျေးရွာ ပျူစောထီးစခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။ စခန်းတစ်ခုလုံးအား သိမ်းပိုက်နိူင်ခဲ့ပြီး ရန်သူ့ဖက်မှ စခအရာရှိ သင်တန်းဆရာတစ်ဦး၊ သူ၏ သက်တော်စောင့်တစ်ဦး၊ပျူ ၆ကောင် သေဆုံးပြီး ထိခိုက်ဒဏ်ရာများနှင့်ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိပါသည်။မိမိတို့ဖက်မှထိခိုက်မှု့တစုံတရာမရှိပဲသိမ်းယူနိူင်ခဲ့ပါသည်”ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

သေဆုံးသွားသူမှာ စစ်ဗိုလ်ကျော်ဇင်သက်ဆိုသူဖြစ်ပြီးမြေတူး၊မှော်တော်၊စိန့်နား၊ကမ်းဖြူရွာသစ်၊ဆားကုန်း၊ကျေးရွာများရှိ ပျူစောထီးများကို ဦးဆောင်နေသည့် သင်တန်းဆရာဖြစ်သလို ဝါသ၀၏ ပျူ​စောထီးပြန့်ပွားရေးတွင် အဓိကအခန်းကဏ္ဍမှ ပါ၀င်နေသူဟု Taze Revolution Forceကအသိ​ပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် MA1 တစ်လက် ၊ကျည်ဘောက် ၃ ခု၊ကာဘိုင် တစ်လက် ၊ကျည်ဘောက် ၄ ခု ၊ကျည်အများနှင့်ဆက်သွယ်ရေးစက် ၁ လုံး ၊ဖုန်း ၁ လုံး သိမ်းဆည်းနိုင်ခဲ့ကြောင်းဓါတ်ပုံမှတ်တမ်းများနှင့်အတူ​ဖော်ပြထားသည်။

ပျူစောထီးခေါင်းဆောင်ဟု နာမည်ကြီးသောသက်န်းဝတ်လက်နက်ကိုင် ဦးဝါသဝသည် ကန့်ဘလူမြို့နယ်၊မှော်တောကျေးရွာမှ ဖြစ်ပြီး စစ်ကောင်စီ၏ အမာခံဒေါက်တိုင်ဖြစ်ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။ ပျူစောထီးများကို ၎င်းဦးဆောင်ပြီး သင်တန်းနေသည့် ရုပ်သံမှတ်တမ်းများကိုလည်း စစ်ကောင်စီဩဇာခံ မီဒီယာများတွင် မကြာခဏဖော်ပြလေ့ရှိသည်။

ထိုအပြင် ​ဖေ​ဖော်ဝါရီ ၉ ရက် ည ၁၂ နာရီ ၅ မိနစ်တွင်တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း တန့်ဆည်ပကဖအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပျူစခန်းကို သိမ်းပိုက်ရန်တိုက်ပွဲကြာချိန် တစ်နာရီနီးပါးကြာမြင့်ပြီး တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးနှင့် ပျူ(၉)ဦး သေဆုံးခဲ့ကြောင်း၊ ထိခိုက် ဒါဏ်ရာရသူလည်း များပြားကြောင်း တန့်ဆည်ပကဖ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုတိုက်ပွဲတွင် PDF ရဲဘော်တစ်ဦးနှင့် ပ.က.ဖ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

“အရင်တခါ ဆင်ငယ်သိမ်းသလိုပါပဲ။ အင်ကုက္ကားစခန်းကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အရင်ဦးဆုံး စပစ်တယ်။ တိုက်ပွဲကြာချိန် တစ်နာရီလောက်အကြာမှာ သိမ်းနိုင်ခဲ့တယ်။ တောင်ဘက်က သူတို့တပ်စွဲထားတဲ့စခန်းကို မီးရှိူ့ခဲ့တယ်။”ဟု တန့်ဆည်ပကဖအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရက်​ပေါင်း ၄၀ အတွင်း ပျူစောထီးစခန်းနှစ်ခုသိမ်းလိုက်နိုင်ပြီး ကျန်သည့် ပျူစခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း တန့်ဆည်ပကဖအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ပျူစခန်းမှ သိမ်းဆည်းရမိ​​သောလက်နက်ခဲယမ်းများနှင့်ပျူ​ခေါင်း​ဆောင် သက်န်းဝတ် ဦးဝါသ။ ဓါတ်ပုံ- TRF/CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။