Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့တွင် တာဝန်ကျနေသော စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ခဲယမ်းများဖြင့် ထွက်ပြေး

ကနီမြို့ တာဝန်ကျနေသည့် စစ်ကောင်စီတပ်မှာ ပညာရေး(၁၁)ဟု ခေါ်သော လက်ရုံးတပ်ဖြစ်ပြီး ဗိုလ်မှူးကျော်သန့်နိုင်ဆိုသူဦးစီးနေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် ၂၀၂၂ ဖေဖော်ဝါရီအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများအား ပစ်ခတ်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - PS
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် ၂၀၂၂ ဖေဖော်ဝါရီအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများအား ပစ်ခတ်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - PS

▪️စစ်ကောင်စီတပ်လိုက်လံပစ်ခတ်၍ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးလွှတ်မြောက်

စစ်ကိုင်းတိုင်း၊ ကနီမြို့တွင် တာဝန်ကျနေသော စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ တပ်ကိုစွန့်ခွာပြီးထွက်ပြေးစဉ် စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးလွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၅ရက်)ည ၇နာရီခန့်ကကနီမြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့မှ နှစ်ဦး လက်နက်ခဲယမ်းများနှင့် ထွက်ပြေးစဉ် လိုက်လံပစ်ခတ်ခံရခြင်းဟု သိရသည်။

“ဖုန်းတော့ပါမသွားဘူး။ လက်နက်တွေပါ သွားတယ်။ စစ်ကောင်စီတပ်က နောက်ကနေ လိုက်ပစ် တာ။တစ်ယောက်က လွတ်သွားတယ်။ထွေအုပ်ရုံးထဲမှာ တစ်ယောက်မိပြီး ပစ်သတ်လိုက်တယ်။ လွန်ခဲ့တဲ့နာရီဝက်လောက်ကမှ ဆေးရုံရင်ခွဲရုံကို ပို့လိုက်တာ”ဟု ကနီမြို့ခံတစ်ဦးက ယနေ့ ပြောသည်။

Public Service Announcement
Public Service Announcement

သေဆုံးသွားသည့် စစ်ကောင်စီတပ်သားမှာ မုံရွာမြို့ခံတစ်ဦးဖြစ်ပြီး လည်ပင်းတွင်ကြယ်ပုံ တက်တူးထိုးထားကြောင်း၊ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏သတင်းကို မကြားရသေးကြောင်း ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

ကနီမြို့ တာဝန်ကျနေသည့် စစ်ကောင်စီတပ်မှာ ပညာရေး(၁၁)ဟု ခေါ်သော လက်ရုံးတပ်ဖြစ်ပြီး ဗိုလ်မှူးကျော်သန့်နိုင်ဆိုသူဦးစီးနေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီကလည်း အဆိုပါတပ်မှ စစ်ကောင် စီတပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDMပြုလုပ်ကာ လာရောက်ပူးပေါင်းခဲ့ကြောင်း ကနီမြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

သတင်း

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာစစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။