Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်သင်္ကြန်စည်းကားရေးနှင့် ရပ်ကွက်တစ်ခု ကျပ်နှစ်သိန်းကောက်ခံရန် စစ်ကောင်စီညွှန်ကြား

တော်လှန်ရေးအခြေအနေများကို ဖုံးကွယ်ရန် စစ်ကောင်စီက မကြာခဏကြိုးပမ်းနေပြီး ပြီးခဲ့သည့် နှစ်သစ်ကူးနေ့တွင် ပျော်ပွဲ၊ရွှင်ပွဲများကျင်းပရန် ၎င်းတို့ ချမှတ်ထားသည့် ညမထွက်ရ အမိန့်ကိုပင် ခေတ္တပယ်ဖျက်ခဲ့ဖူးသည်။

ယမန်နှစ် သင်္ကြန်အကြိုနေ့တွင် မန္တလေးမြို့၌ သံဃသမဂ္ဂသပိတ်စစ်ကြောင်းက ဆန္ဒပြလှုံ့ဆော်နေစဉ်၊ ဓာတ်ပုံ - သံဃသမဂ္ဂသပိတ်စစ်ကြောင်း
ယမန်နှစ် သင်္ကြန်အကြိုနေ့တွင် မန္တလေးမြို့၌ သံဃသမဂ္ဂသပိတ်စစ်ကြောင်းက ဆန္ဒပြလှုံ့ဆော်နေစဉ်၊ ဓာတ်ပုံ - သံဃသမဂ္ဂသပိတ်စစ်ကြောင်း

ရန်ကုန်မြို့၌ သင်္ကြန်ပွဲတော်ကာလမဏ္ဍပ်များဆောက်လုပ်ရန်နှင့် ပျော်ပွဲ၊ရွှင်ပွဲများကျင်းပရန် ရပ်ကွက်တစ်ခုလျှင် ကျပ်နှစ်သိန်း ကောက်ခံရန် စစ်ကောင်စီက ညွှန်ကြားထားသည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးအချို့က ပြောသည်။

အဆိုပါ ညွှန်ကြားချက်မှာ တိုင်းစစ်ဌာနချုပ်မှ တဆင့် တိုင်းအစိုးရအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများကို နှုတ်မိန့်ဖြင့်ကနဦးပြောကြားခြင်းဟု ဆိုသည်။

“တနေ့က မြို့နယ်အုပ်မှူးက ခေါ်ပြောတယ်။အဓိကတော့ ရပ်ကွက်တစ်ခုချင်းအလိုက် နှစ်သိန်းစီကောက်ပြီး တိုင်းအစိုးရအဖွဲ့ကိုပေးရမယ်။ပြီးတော့ ပျော်မယ့်၊ ရွှင်မယ့်လူတွေပါ သင်္ကြန်နားနီးရင် ရှာပေးရမယ်လို့လည်း ပြောတယ်”ဟု တာမွေမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ယခုကဲ့သို့စီစဥ်ခြင်းကြောင့် မြို့နယ်ရှိ ငွေကြေး အဆင်ပြေသူများထံ စစ်ကောင်စီက ငွေကြေးကောက်ခံမည်ဟုလည်း ၎င်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“၁၅ ရက်နေ့က ထင်တယ်။ရပ်ကွက်ရုံးထဲ မှာ အဲဒီ ပိုက်ဆံ နှစ်သိန်းကောက်ရမယ်ဆိုတာ ပြောနေတယ်။မဏ္ဍပ်တွေ များများလုပ်ရမယ်လို့လည်း ပြောသံကြား တယ်”ဟု မရမ်းကုန်းမြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူက ပြောသည်။

တော်လှန်ရေးအခြေအနေများကို ဖုံးကွယ်ရန် စစ်ကောင်စီက မကြာခဏကြိုးပမ်းနေပြီး ပြီးခဲ့သည့် နှစ်သစ်ကူးနေ့တွင် ပျော်ပွဲ၊ရွှင်ပွဲများကျင်းပရန် ၎င်းတို့ ချမှတ်ထားသည့် ညမထွက်ရ အမိန့်ကိုပင် ခေတ္တပယ်ဖျက်ခဲ့ဖူးသည်။

အာဏာသိမ်းပြီးနောက်ပိုင်း (၂)နှစ်ကျော်ကာလအတွင်း သင်္ကြန်ပွဲတော်ကာလ နှစ်ကြိမ်တွင် စစ်ကောင်စီက လမ်းလျှောက်ရေပက်ခံနေရာများ နှင့် ၎င်းတို့ စီစဥ်ခဲ့သည့် ရေပက်ခံကားအချို့ဖြင့် စည်းကားရန် ကြိုတင်ဖန်တီးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ရန်ကုန်မြို့မှာဇွန်လ၁၁ရက်နေ့လယ် ၁၂နာရီ ၁၈မိနစ်ခန့်က ငလျင်လှုပ်သွားပြီးအထပ်မြင့်အဆောက်အအုံတွေမှာပါသိသိသာသာ ခံစားလိုက်ရတယ်လို့မြို့ခံတွေကပြောပါတယ်။