Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၅)နယ်မြေ၌ လဝက်အတွင်း တိုက်ပွဲ ၉၀ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၃၀နီးပါးသေဟု ထုတ်ပြန်

ဖေဖော်ဝါရီ ၁ရက်မှ ၁၅ရက်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၂၈ဦး သေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားသည်။

ဖာပွန်(မူတြော်)ခရိုင်တွင် စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNU - Mutraw News
ဖာပွန်(မူတြော်)ခရိုင်တွင် စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNU - Mutraw News

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) နယ်မြေ ဖာပွန်(မူတြော်)ခရိုင်၌ ဖေဖော်ဝါရီ လဝက်အတွင်း တိုက်ပွဲပေါင်း ၉၁ကြိမ်ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန် သည်။

ဖေဖော်ဝါရီ ၁ရက်မှ ၁၅ရက်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၂၈ဦး သေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားသည်။

တပ်မဟာ(၅)ဘက်က တစ်ဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့၍ ရွာသားတစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ကျေးရွာများ၊ လယ်ယာ၊ တောင်ယာလုပ်ငန်းခွင်များနှင့် စာသင်ကျောင်းများသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စုစုပေါင်း ဗုံးအလုံး ၄၀ကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း လေယာဉ်ဖြင့် ဗုံးကြဲခြင်းတို့ကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်အပါအဝင် အဆောက်အဦး၂၆ လုံး ပျက်စီးခဲ့သည်ဟု အသိပေးထားသည်။ ထို့ပြင် စပါးကျီ၊ စျေးဆိုင်၊ မော်တော်ကား၊ ဆိုင်ကယ် ၊ လယ်ထွန်စက်စသည့်ပြည်သူလူထုပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။