Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှUG ရဲဘော်အချို့ ​ခြောက်​ကွေ့တွင် စစ်​ကောင်စီတပ်ကပစ်ခတ်ဖမ်းဆီးသော်လည်းထွက်ပြေးလွတ်မြောက်

ယနေ့(ဖေဖော်ဝါရီ ၂၁)နေ့လယ် ၁ နာရီဝန်းကျင်က ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ခြောက်ကွေ့မီးပွိုင့်အနီး ခဲရောင်ပရာဒို(Parado)ကားတစ်စီးအား စစ်ကောင်စီတပ်မှ အင်အား (၅၀)ခန့်ဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်က UGများကို ပိတ်ဆို့ဖမ်းဆီးရန်ပြုလုပ်ခဲ့​သော ​မြောက်ဥက္ကလာပ ​ခြောက်​​ကွေ့ဝန်းကျင်ကို Google Map တွင်​တွေ့ရပုံ)
(စစ်​ကောင်စီတပ်က UGများကို ပိတ်ဆို့ဖမ်းဆီးရန်ပြုလုပ်ခဲ့​သော ​မြောက်ဥက္ကလာပ ​ခြောက်​​ကွေ့ဝန်းကျင်ကို Google Map တွင်​တွေ့ရပုံ)

ရန်ကုန်မြို့အခြေစိုက် မြေအောက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် Myanmar Underground People Defense Force – MUPDF အား စစ်ကောင်စီတပ်က လမ်းပေါ်တွင် လိုက်လံပစ်ခတ်၍ ဖမ်းဆီးရန်လုပ်ဆောင်ခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း MUPDF တာဝန်ခံ ကိုစနေက People’s Spring သို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၂၁)နေ့လယ် ၁ နာရီဝန်းကျင်က ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ခြောက်ကွေ့မီးပွိုင့်အနီး ခဲရောင်ပရာဒို(Parado)ကားတစ်စီးအား စစ်ကောင်စီတပ်မှ အင်အား (၅၀)ခန့်ဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်မှာ မြို့ပြစစ်ဆင်ရေးအချို့တွင် MUPDF အဖွဲ့အား နည်းပညာနှင့် ပစ္စည်းအကူအညီပေးနေသည့် URF အဖွဲ့မှ ဖောက်ခွဲရေးလုပ်ငန်းသုံးပစ္စည်းများပေးမည်ဟု ဆက်သွယ်လာသောကြောင့် ကားတစ်စီးဖြင့်သွားရောက်ယူဆောင်စဥ် လမ်းခုလတ်၌ အထက်ပါအတိုင်း ပိတ်ဆို့ဖမ်းဆီးခြင်းနှင့် ရင်ဆိုင်ရခြင်းဖြစ်ကြောင်း ကိုစနေက ရှင်းပြသည်။

“ကားကို မီးပွိုင့်မှာပိတ်ပြီး ဖမ်းတာပါ။ (စစ်ကောင်စီတပ်အင်အား)၅၀ လောက်ရှိပါတယ်။ အဆင့်ဆင့်ပိတ်ပြီး ဖမ်းတာ”ဟု MUPDF တပ်ဖွဲ့တာဝန်ခံ ကိုစနေကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်သော်လည်း ကားအားမောင်းထွက်ပြေးရာ ကိုစနေနှင့် ရဲဘော်တစ်ဦးထွက် ပြေးလွတ်မြောက်ခဲ့သော်လည်း ယာဥ်မောင်းဖြစ်သူမှာ ကားပေါ်ကဆင်းချိန်မရဘဲ ဖမ်းဆီးခံလိုက်ရသည်ဟုဆိုသည်။

အထက်ပါဖြစ်စဥ်အရ URF ၏ ရန်ကုန်အခြေစိုက်အဖွဲ့မှာ စစ်ကောင်စီဘက်မှ အသွင်ယူထားသူများဖြစ်နိုင် သည်ဟုယူဆရပြီး အကြောင်းမှာ ယနေ့မနက်ပိုင်းက MUPDF ထံ ပစ္စည်းလွှဲပြောင်းပေးခဲ့သူများပါ ဖမ်းဆီးမှုတွင် ပါဝင်နေသည်ကိုတွေ့ရကြောင်း ကိုစနေက ဆက်ပြောသည်။

“မီးပွိုင့်နားမှာ ပစ်တယ်ခတ်တယ်ဆိုတာတော့ ဟုတ်တယ်။ ကားတစ်စီးကိုပစ်တာလား ကားတစ်စီးပေါ်ကနေ စစ်ကားတွေကိုပစ်သွားတာလား သေချာတော့မသိဘူး။ထွက်ပြေးတဲ့ကလေးတွေက ကန်သာယာနားမှာ ကားကို ထားခဲ့တာ”ဟု မြောက်ဥက္ကာပမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

ယခုရက်ပိုင်းတွင် စစ်ကောင်စီတပ်က ရန်ကုန်မြို့သို့ PDF တပ်ဖွဲ့ဝင် အင်အား (၅၀၀)ခန့်ရောက်လာနိုင်သည်ဟုဆိုကာ မြောက်ဥက္ကလာပရှိ အောင်မဂ်လာအဝေးပြေးဝင်းအပါအဝင် ရန်ကုန်အဝင်အထွက်များတွင် လုံခြုံရေးတင်းကြပ်ထားပြီး အစစ်အဆေးများလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။