Connect with us

Hi, what are you looking for?

သတင်း

ကရင်တပ်အချင်းချင်း ပစ်ခတ်မှု ထပ်မံ မဖြစ်ရေး ဆောင်ရွက်ပေးရန် တနင်္သာရီတိုင်းရှိ ကရင်လူမျိုးများ တောင်းဆို

KTLAနှင့် KNLA ဘက်မှ အမြင့်ဆုံး တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် တွေ့ဆုံဆွေးနွေးမည့် နည်းလမ်းဖြင့် အမြန်ဆုံးအဖြေရှာကြရန် အလေးထားတိုက်တွန်းကြောင်း လည်းရ၎ဖော်ပြထားသည်။

ကရင်တပ်အချင်းချင်း ပစ်ခတ်မှု ထပ်မံ မဖြစ်ရေး ဆောင်ရွက်ပေးရန် တနင်္သာရီ တိုင်းရှိ ကရင်လူမျိုးများ တောင်းဆို
ကရင်တပ်အချင်းချင်း ပစ်ခတ်မှု ထပ်မံ မဖြစ်ရေး ဆောင်ရွက်ပေးရန် တနင်္သာရီ တိုင်းရှိ ကရင်လူမျိုးများ တောင်းဆို

ကရင်လက်နက်ကိုင်တပ်အချင်းချင်း ပစ်ခတ်မှုများ ထပ်မံမဖြစ်ရေး ညှိနှိုင်းဆွေးနွေးကြရန်တနင်္သာရီတိုင်း အတွင်းရှိ ကရင်လူမျိုးများက ဖေဖော်ဝါရီ ၂၀ရက် နေ့စွဲဖြင့် စာတစ်စောင်ထုတ်ပြန်ခဲ့သည်။

ကရင်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ဖြစ်ကြသည့် တပ်မဟာ(၄)နှင့် KTLA တို့အကြား လတ်တလော ဖြစ်ပေါ်လာသည့် တင်းမာမှုအပေါ် ငြိမ်းချမ်းသောနည်းဖြင့် ဆွေးနွေးအဖြေရှာကြရန် တိုက်တွန်းစာ တစ်စောင်ကို ဖေဖော်ဝါရီ ၇ရက်က ထုတ်ပြန်ခဲ့ပြီးနောက် ယခုထပ်မံ ထုတ်ပြန်ခြင်းဖြစ်သည်။

ကရင်တပ်အချင်းချင်း ပစ်ခတ်မှု ထပ်မံ မဖြစ်ရေး ဆောင်ရွက်ပေးရန် တနင်္သာရီ တိုင်းရှိ ကရင်လူမျိုးများ တောင်းဆို
ကရင်တပ်အချင်းချင်း ပစ်ခတ်မှု ထပ်မံ မဖြစ်ရေး ဆောင်ရွက်ပေးရန် တနင်္သာရီ တိုင်းရှိ ကရင်လူမျိုးများ တောင်းဆို

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နှင့်ကော်သူးလေတပ်မတော်(KTLA) အမည်ဖြင့် ဖွဲ့ထားသည့် တပ်တို့ဖေဖော်ဝါရီ ၁၅ရက် တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ ယင်းဖြစ်ရပ်အပေါ် များစွာ စိတ်ထိခိုက်မိဟု တနင်္သာရီတိုင်းရှိ ကရင်လူမျိုးများ၏ စာ၌ ဖော်ပြသည်။

နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အခြေအနေများအပေါ်တွင်လည်း များစွာစိုးရိမ်မိ ကြောင်းဖော်ပြထားပြီး ယနေ့ အချိန်အခါတွင် ကရင်တစ်မျိုးသားလုံးနှင့် မြန်မာတစ်နိုင်ငံလုံး၏ ဘုံရန်သူကို အဓိက ပစ်မှတ်ထားရမည့် အချိန်တွင် ကရင်လူမျိုးအချင်းချင်း တိုက်ခိုက်မှု ဖြစ်ပေါ်ခြင်းကြောင့်များစွာ ဝမ်းနည်းမိကြောင်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီလဆန်းက KNU ဗဟိုမှ တပ်မဟာ(၄)တပ်မဟာမှူးတာဝန်ကို ယူမည့်ဗိုလ်မှူးချုပ်စေားလေးမူးအား စေလွှတ်ခဲ့ကြောင်း ၊ ထို့ကြောင့် ဗိုလ်မှူးချုပ်စောလေးမူးအနေဖြင့် ကရင် လက်နက်ကိုင်အဖွဲ့များ အကြား ပြန်လည်စေ့စပ်နိုင်မည့်လမ်းကြောင်းကိုအမြန်ဆုံးရှာဖွေပြီထိပ်တိုက်ရင်ဆိုင်မှု များ နောင်တွင် မပေါ်ပေါက်လာစေရေး တာဝန်ယူမှု တာဝန်ခံမှု ရှိရှိဖြင့် အလေးထား ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းထားသည်။

KTLAနှင့် KNLA ဘက်မှ အမြင့်ဆုံး တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် တွေ့ဆုံဆွေးနွေးမည့် နည်းလမ်းဖြင့် အမြန်ဆုံးအဖြေရှာကြရန် အလေးထားတိုက်တွန်းကြောင်း လည်းရ၎ဖော်ပြထားသည်။

KTLA အမြင့်ဆုံးပုဂ္ဂိုလ်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့က အဖွဲ့မှ ထုတ်ပယ်ထားသည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြဖြစ်သည်။ ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် ဝေါ်လေ တိုက်ပွဲ၌ တံတား လုပ်ငန်းခွင်မှ အရပ်သား၂၀ ကျော်ကို သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး KNU၏ စုံစမ်းစစ်ဆေးမှုကို လက်မခံ၍ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) စစ်ဦးစီးချုပ်အဖြစ်မှ တာဝန်ရပ်စဲခံရသူဖြစ်ပြီး နောက်ပိုင်းတွင် KTLA ဖွဲ့စည်းခြင်းကြောင့် အဖွဲ့မှ ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။

KNU ဘိတ်ထားဝယ်ခရိုင် တွင် တပ်မဟာ(၄)နှင့် ပြဿနာဖြစ်ပွားနေသည့် KTLAမှ ဗိုလ်စောအယ်ခွီးသည် ဗိုလ်မှူးချုပ်နယ်ဒါးမြလက်အောက်၌ တာဝန်ယူနေသူဖြစ်သည်။ ဗိုလ်စောအယ်ခွီးသည် ဗိုလ်ကော်လာဖိုးဟုလည်း လူသိများပြီး ၎င်းသည် စစ်အစိုးရထံ ၂ကြိမ် လက်နက်ချခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသူဖြစ်သည်ဟု တပ်မဟာ(၄)တာဝန်ရှိသူ အချို့က ပြောကြားထားသည်။

တနင်္သာရီတိုင်းကရင်လူမျိုးများ၏ ထုတ်ပြန်ချက်တွင် ကရင်အမျိုးသားပြည်သူလူထု အနေဖြင့်လည်း မည်သည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းကို မဆို ရန်လိုသောစိတ်၊ အနိုင်အထက် စီးနင်းလိုသော စိတ်၊ ကရင်အမျိုးသားများနှင့် မြန်မာ ပြည်သူများ အားလုံး၏ အကျိုးကို လစ်လျူရှုပြီး မိမိ ပုဂ္ဂလိက နှင့် သက်ဆိုင်ရာ အဖွဲ့ငယ်များ၏ အကျိုးစီးပွားကိုသာ ကြည့်ရှုသော ခေါင်းဆောင် များကိုလည်း ပြင်းပြင်းထန်ထန် ရှုံချကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်စခန်းတစ်ခုမှ စခန်းစွန့် လာသည့် စစ်ကြောင်းကို KNU/KNLA တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အပါအဝင် ၃၀ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

သတင်း

ဖာပွန်ခရိုင်၌ စက်တင်ဘာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ၇၀ကျော် သေဆုံးဟု KNU အသိပေး

ဆောင်းပါး

စစ်​ကောင်စီ၏ ​​ထောင်​ချောက်ဆင်မှုတဝက် ၊သွေးခွဲမှုတစ်ဝက်ဖြင့် လက်နက်စွန့် ​​ပါတီ​ထောင်​ရွေး​ကောက်ပွဲဝင်ရန် ကမ်းလှမ်းမှုကို တော်လှန်​ရေးအင်အားစုများက တညီတညွတ်တည်းငြင်းပယ်လိုက်သည်။

သတင်း

ကရင်နီပြည်နယ်အတွင်း အရပ်သားအသွင်းယူထားသည့် စစ်ကောင်စီတပ်သားများနှင့် သတင်းပေး(ဒလန်)များ စိမ့်ဝင်နေပြီး လေကြောင်းပစ်မှတ် အတည်ပြုပေးခြင်းနှင့် လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်မှုများပါ လုပ်ဆောင်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

Facebook