Connect with us

Hi, what are you looking for?

သတင်း

ကန်ပိုက်တီမြို့ အမည် နိမိတ်မကောင်းဘူးဆိုပြီး ကံပိုင်တည် လို့ စစ်ကောင်စီပြောင်းခေါ်

စစ်ကောင်စီနာမည်ပြောင်းလိုက်တဲ့ မြို့ဟာကချင်ပြည်နယ် ၊ဝိုင်းမော်မြို့နယ်ထဲမှာရှိပြီး မြို့နယ်ခွဲ ဖြစ်ကာ တရုတ် − မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းရှိပါတယ်။

ကန်ပိုက်တီမြို့ အမည် နိမိတ်မကောင်းဘူးဆိုပြီး ကံပိုင်တည် လို့ စစ်ကောင်စီပြောင်းခေါ်
ကန်ပိုက်တီမြို့ အမည် နိမိတ်မကောင်းဘူးဆိုပြီး ကံပိုင်တည် လို့ စစ်ကောင်စီပြောင်းခေါ်

တရုတ် − မြန်မာ နယ်စပ်က ကချင်ပြည်နယ် ၊ ကန်ပိုက်တီမြို့အမည်ဟာ နိမိတ်မကောင်း လို့ဆိုကာ စစ်ကောင်စီက ဒီနှစ် ဖေဖော်ဝါရီလ ၁၄ ရက်မှာ အမည်ပြောင်းလိုက်ပါတယ်။

ကန်ပိုက်တီ ဆိုတဲ့နာမည်ဟာ တရုတ်လို ခြောက်သွေ့ပျက်စီးတဲ့နေရာလို အဓိပ္ပါယ်ရတဲ့အတွက် နိမိတ်မကောင်းလို့ဆိုပြီး မြို့အမည်ကို ကံပိုင်တည် ဆိုပြီး ပြောင်းလဲလိုက်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

ကံပိုင်တည် ဆိုတာဟာ ကံ = ကံကောင်းခြင်း ၊ ပိုင် = ပြည်ထောင်စုက ပိုင်ဆိုင်ခြင်း ၊တည် = တည်ငြိမ်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ရတယ်လို့လည်း စစ်ကောင်စီက ပြောထားပါတယ်။

ဒါကြောင့် ကန်ပိုက်တီနာမည်အစား ကံပိုင်တည်မြို့လို့ ပြောင်းခေါ်ရမယ်လို့လည်းစစ်ကောင်စီက ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနာမည်ပြောင်းလိုက်တဲ့ မြို့ဟာကချင်ပြည်နယ် ၊ဝိုင်းမော်မြို့နယ်ထဲမှာရှိပြီး မြို့နယ်ခွဲ ဖြစ်ကာ တရုတ် − မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook