Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မကွေးတိုင်း မြို့နယ်လေးခုရှိ ရဲစခန်း၊ စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းများကို PDF တိုက်ခိုက်

မင်းတုန်းမြို့နယ် ပုသိမ် – မုံရွာလမ်း မင်းတုန်းမြို့အဝင် ၅ မိုင်စစ်ဆေးရေးဂိတ်ကို ပြည်သူ့ ကာကွယ်ရေး တပ်မတော်(သရက်ခရိုင်) တပ်ရင်း (၄) Eagle Force နှင့် မိုးကြိုးပြောက်ကျား တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် အီနာဂါဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးနိုင်သည်ဟု အသိပေးထားသည်။

(မကွေးတိုင်းအတွင်းရှိ ချေမုန်းရေးတပ်ဖွဲ့ဝင် ရဲမေများအားတွေ့ရစဉ်၊ ဓာတ်ပုံ - MOD)
(မကွေးတိုင်းအတွင်းရှိ ချေမုန်းရေးတပ်ဖွဲ့ဝင် ရဲမေများအားတွေ့ရစဉ်၊ ဓာတ်ပုံ - MOD)

▪️စစ်ကောင်စီတပ်မှ ၁၀ဦးသေ၊ ဒဏ်ရာရသူများလည်းရှိ

မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်၏ ရဲစခန်း၊ စစ်ဆေးရေးဂိတ်နှင့်စစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဖေဖော်ဝါရီ ၂၀ရက်တွင် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

မကွေးတိုင်း ဂန့်ဂေါ၊သရက်၊ မင်းတုန်း၊ မင်းလှ စသည့်မြို့နယ်များမှ စစ်ကောင်စီတပ်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သား ၁၁ ဦးသေဆုံးခဲ့ပြီး ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရန်သူ့ တပ်စခန်းတချို့ မီးလောင်ပြာကျခဲ့ကြောင်း ဖော်ပြထားသည်။

ဂန့်ဂေါမြို့နယ် မင်းရွာရဲကင်းစခန်းသို့ ရောက်ရှိနေသည့် အင်အား ၁၂၀ခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ဂန့်ဂေါခရိုင်) အမှတ်တပ်ရင်း – ၁ ၊ တင်ရင်း – ၅၊ တပ်ရင်း – ၇၊ တပ်ရင်း – ၁၁၊ တပ်ရင်း – ၁၂၊ တပ်ရင်း – ၁၄ မှ တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးသီး(၂)လုံးချကာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိနိုင်သည်ဟု ဆိုသည်။

ထို့အပြင် သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(သရက်ခရိုင်) တပ်ရင်း (၄) Eagle Force နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းကာ (၄၀) မမဖြင့် (၃) ချက် ပစ်ခက်တိုက်ခိုက်ခဲ့ ကြောင်း ဖော်ပြသည်။ ထိုသို့ တိုက်ခိုက်ရာ ရဲစခန်းဝန်းအတွင်းသို့ (၂) လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ရဲ သုံးဦးသေဆုံးကာ တပ်စခန်းအချို့ မီးလောင်ပြာကျခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဆင်ကော်ရဲစခန်း တိုက်ခိုက်ခံရမှုကြောင့် သရက်မြို့အခြေပြု အမှတ်(၁၂) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံမှ ထွက်လာသော ရန်သူ့တပ်ဖွဲ့ဝင် ၂၅ဦးခန့်လိုက်ပါ လာသည့် Light Truck ကားကိုလည်း တွင်းလယ်ရွာ နှင့် ပုဏ္ဏားရွာအကြား တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား တိမ်းမှောက်သွားကြောင်း၊ ယင်းတိုက်ခိုက်မှု၌ ရန်သူ့တပ်မှ ၆ဦး နေရာတွင် သေဆုံးခဲ့ပြီး ၁၀ဦးနှင့်အထက် ဒဏ်ရာရရှိနိုင်ကြောင်း ဖော်ပြထားသည်။

မင်းတုန်းမြို့နယ် ပုသိမ် – မုံရွာလမ်း မင်းတုန်းမြို့အဝင် ၅ မိုင်စစ်ဆေးရေးဂိတ်ကို ပြည်သူ့ ကာကွယ်ရေး တပ်မတော်(သရက်ခရိုင်) တပ်ရင်း (၄) Eagle Force နှင့် မိုးကြိုးပြောက်ကျား တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် အီနာဂါဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးနိုင်သည်ဟု အသိပေးထားသည်။

မင်းလှမြို့နယ် ရှမ်းတပ်အခြေပြု စစ်ဆေးရေးဂိတ်အနီးမှ ထွက်ခွာလာသည့် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီ ကား ၅စီးကို မီးလောင်ကုန်းရွာအနောက်ဘက် (၂) မိုင်ခန့်အကွာ ၌ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – (မင်းလှ ပကဖ) ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်ACDF- အရှိုချင်းကာကွယ်ရေးတပ်တို့ပူးပေါင်းကာ မိုင်းဆွဲခဲ့သည်ဟု ​ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီတပ်ကို ပိုင်ပိုင်နိုင်နိုင်စီးနင်းတိုက်ခိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။