Connect with us

Hi, what are you looking for?

သတင်း

ဖလူးဝေါ်လေလမ်း၌ စစ်ကောင်စီယာဉ်တန်း ကော်ဘရာစစ်ကြောင်းတိုက်ခိုက်ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် နှစ်ဦးသေ

စစ်ကောင်စီက ကားပေါ်မှ ရမ်းသမ်းပစ်ခတ်သဖြင့် ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ပြည်သူတစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ ကော်ဘရာစစ်ကြောင်းမှလည်း တစ်ဦးဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း ထပ်မံ အသိပေးထားသည်။

ဒဏ်ရာရရှိသူတစ်ဦးအား သယ်ဆောင်လာစဥ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ဒဏ်ရာရရှိသူတစ်ဦးအား သယ်ဆောင်လာစဥ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားသည့် ဖလူးဝေါ်လေလမ်း ဝင်ရောက် လာသည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ စစ်ကြောင်းက အသိပေးသည်။

ယနေ့(ဖေဖော်ဝါရီ ၂၂ရက်)နေ့လည် ၂နာရီ၁၀မိနစ်တွင် စစ်ကောင်စီ၏ (၅၈၅) တပ်ရင်း၊ စကစ ၁၃ ထုတ်နုတ်အဖွဲ့၏ ယာဉ် သုံးစီးသည်ကော်ဘရာစစ်ကြောင်းတာဝန်ယူစောင့်ရှောက်နေသော ဖလူးဝေါ်လေလမ်းမမှ ဖြတ်သန်းစဥ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ဆိုသည်။

“တိုက်ပွဲမှာ ၁၅မိနစ်ခန့်သာ ကြာခဲ့သော်လည်း ရန်သူဘက်မှ ဗိုလ်မှူး(၁)ဦးနှင့် အခြားအဆင့်(၁)ဦးး သေဆုံးခဲ့ပြီး (၄)ဦးဒဏ်ရာရခဲ့သည်”ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ကားပေါ်မှ ရမ်းသမ်းပစ်ခတ်သဖြင့် ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ပြည်သူတစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ ကော်ဘရာစစ်ကြောင်းမှလည်း တစ်ဦးဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း ထပ်မံ အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေတွင်လည်း တိုက်ခိုက်ခံနေရသည်။ KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ၊ ထီးကပလယ်စစ်ကောင်စီတပ်စခန်းကုန်းကို KNDO တပ်ရင်း(၈)နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ယခုရက်ပိုင်း တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်မှ စခန်းမစွန့်လွှတ်ရရေးအတွက် ခုခံနေရကြောင်း သတင်းရရှိသည်။

ထို့အပြင် လေကြောင်းပစ်ကူများ၊လက်နက်ကြီးများဖြင့် ပြန်လည်ခုခံနေရသည့်အပြင် အတွဲလိုက်ပစ် (၁၂၂)မမ မစ်ဇိုင်းဒုံးများကိုပါ အသုံးပြုခုခံနေရကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။