Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်နယ် ဂျပန်ကျွန်းအား သုံးရက်အတွင်း နှစ်ကြိမ်မီးရှို့ခံရ၍ တစ်ရွာလုံးနီးပါးပြာကျ

ဂျပန်ကျွန်းသည် စစ်အုပ်စု၏ မကြာခဏဝင်ရောက်မွှေနှောက်ဖျက်ဆီးမှုများ ခံခဲ့ရပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၁၇ ရက်က မီးတစ်ကြိမ်အရှို့ခံရ၍ နေအိမ်အချို့ မီးလောင်ကျွမ်းပျက်စီးခဲ့သည်။

ငါန်းဇွန်မြို့နယ် မင်းဂျီ(မဂျီ)ရွာအား စစ်ကောင်စီတပ် ပြီးခဲ့သည့်နှစ်အတွင်း မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - CJ
ငါန်းဇွန်မြို့နယ် မင်းဂျီ(မဂျီ)ရွာအား စစ်ကောင်စီတပ် ပြီးခဲ့သည့်နှစ်အတွင်း မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - CJ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အနောက်ခြမ်းရှိ ဂျပန်ကျွန်းအား စစ်ကောင်စီတပ်က သုံးရက်အတွင်း နှစ်ကြိမ်တိုင် မီးရှို့ခဲ့၍ တစ်ရွာလုံးနီးပါး ပြာကျခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၅ နာရီခန့်က စစ်ကောင်စီတပ်သည် ငါန်းဇွန်မြို့နယ်၊ မရိုးကုန်းရွာ ကျွန်းကျောင်းအတိုင်း အင်အား ၂၅ဦးခန့်ဖြင့်ဂျပန်ကျွန်းသို့ သွားရောက်ကာ ညနေ ၆နာရီသာသာတွင် ဂျပန်ကျွန်းပေါ်ရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်)နံနက် ၉ နာရီ မိနစ် ၂ဝ ခန့်တွင်လည်း စစ်ကောင်စီတပ်က ဂျပန်ကျွန်းပေါ် ထပ်မံရောက်ရှိလာပြီး လက်နက်ကြီးဖြင့် ပြည်သူများရှိနိုင်မည်ထင်သည့်နေရာများ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့နောက် ဂျပန်ကျွန်းအား မီးထပ်မံရှို့ခဲ့ရာ ရွာအိမ်ခြေကုန်လုနီးပါး လောင်ကျွမ်းခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဂျပန်ကျွန်းကတော့ တစ်ရွာလုံးပြာဖြစ်သွားတယ်။မီးရှို့ပြီးတော့ ကံသာရွာကို ဆက်ပြီးဝင်မွှေနေတယ်”ဟု နယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ဂျပန်ကျွန်းတွင် လူနေအိမ် ၁၀၀ခန့်ရှိပြီးရွာသူ၊ ရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေရ၍ ဆုံးရှုံးမှုအခြေအနေ အတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။

ဂျပန်ကျွန်းသည် စစ်အုပ်စု၏ မကြာခဏဝင်ရောက်မွှေနှောက်ဖျက်ဆီးမှုများ ခံခဲ့ရပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၁၇ ရက်က မီးတစ်ကြိမ်အရှို့ခံရ၍ နေအိမ်အချို့ မီးလောင်ကျွမ်းပျက်စီးခဲ့သည်။

ဇန်နဝါရီအတွင်းကလည်း ဂျပန်ကျွန်းပေါ်သို့ စစ်ကောင်စီတပ်များ လာရောက်စဥ် မိုင်းခွဲတိုက်ခိုက်ခံရဖူးသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက် ည ၇ နာရီခန့်က လည်း ငါန်းဇွန်မြို့နယ် သားကျင်ရွာ(အ.ထ.က) ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ငါန်းဇွန်(ပကဖ)အပါအဝင် ဒေသတွင်းPDFများ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ဗိုလ်ကြီး နန္ဒာမင်းဆိုသူအပါအဝင် လေးဦးသေဆုံးခဲ့ပြီး MA 3 တစ်လက်ပါ သိမ်းဆည်းနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်