Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုရားသုံးဆူ ရဲစခန်း ဒီနေ့ မနက်ပိုင်း တိုက်ခိုက်ခံရ

ဘုရားသုံးဆူရဲစခန်းဝန်းမှာ ဒီနေ့မနက်ပိုင်း မြန်မာစံတော်ချိန် ၆ နာရီခန့်က ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ ထိုင်းသတင်းတွေကဆိုပါတယ်။

ဓာတ်ပုံ − Kanchanaburi News
ဓာတ်ပုံ − Kanchanaburi News

ထိုင်း − မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ ရဲစခန်း ဒီနေ့မနက်ပိုင်းက တိုက်ခိုက်ခံလိုက်ရပါတယ်။

ဘုရားသုံးဆူရဲစခန်းဝန်းမှာ ဒီနေ့မနက်ပိုင်း မြန်မာစံတော်ချိန် ၆ နာရီခန့်က ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ ထိုင်းသတင်းတွေကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကန်ချနာဘူရီ သတင်းဌာနကဖော်ပြတဲ့ ဓာတ်ပုံတွေအရ မြန်မာဘက်ခြမ်းမှာ မီးလောင်နေတာတွေ့ရပါတယ်။

Public Service Announcement
Public Service Announcement

ပစ်ခတ်တိုက်ခိုက်မှုတွေဟာ မနက် ၈ နာရီကျော် မှာတိတ်ဆိတ်သွားတယ်လို့ ဒေသခံအချို့ကလည်း လူမှုကွန်ရက်မှာရေးသားအသိပေးတာတွေ့ရပါတယ်။

ဘုရားသုံးဆူမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီရဲ့ စရဖ ရုံးအပါအဝင် ဌာနဆိုင်ရာရုံးတွေ ဝင်ရောက်စီးနင်းမီးရှို့ခံရတာရှိပါတယ်။

စစ်ကောင်စီဘက်ကလည်း ဘုရားသုံးဆူမြို့ကို ပြီးခဲ့တဲ့လပိုင်းတွေအတွင်း လေကြောင်းကနေ ဗုံးကြဲမှုတွေ မကြာခဏ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement