Connect with us

Hi, what are you looking for?

သတင်း

ဘုရားသုံးဆူ ရဲစခန်း ဒီနေ့ မနက်ပိုင်း တိုက်ခိုက်ခံရ

ဘုရားသုံးဆူရဲစခန်းဝန်းမှာ ဒီနေ့မနက်ပိုင်း မြန်မာစံတော်ချိန် ၆ နာရီခန့်က ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ ထိုင်းသတင်းတွေကဆိုပါတယ်။

ဓာတ်ပုံ − Kanchanaburi News
ဓာတ်ပုံ − Kanchanaburi News

ထိုင်း − မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ ရဲစခန်း ဒီနေ့မနက်ပိုင်းက တိုက်ခိုက်ခံလိုက်ရပါတယ်။

ဘုရားသုံးဆူရဲစခန်းဝန်းမှာ ဒီနေ့မနက်ပိုင်း မြန်မာစံတော်ချိန် ၆ နာရီခန့်က ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ ထိုင်းသတင်းတွေကဆိုပါတယ်။

ကန်ချနာဘူရီ သတင်းဌာနကဖော်ပြတဲ့ ဓာတ်ပုံတွေအရ မြန်မာဘက်ခြမ်းမှာ မီးလောင်နေတာတွေ့ရပါတယ်။

Public Service Announcement
Public Service Announcement

ပစ်ခတ်တိုက်ခိုက်မှုတွေဟာ မနက် ၈ နာရီကျော် မှာတိတ်ဆိတ်သွားတယ်လို့ ဒေသခံအချို့ကလည်း လူမှုကွန်ရက်မှာရေးသားအသိပေးတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဘုရားသုံးဆူမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီရဲ့ စရဖ ရုံးအပါအဝင် ဌာနဆိုင်ရာရုံးတွေ ဝင်ရောက်စီးနင်းမီးရှို့ခံရတာရှိပါတယ်။

စစ်ကောင်စီဘက်ကလည်း ဘုရားသုံးဆူမြို့ကို ပြီးခဲ့တဲ့လပိုင်းတွေအတွင်း လေကြောင်းကနေ ဗုံးကြဲမှုတွေ မကြာခဏ ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။