Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏နယ်စပ်စခန်းသို့ ကုန်းလမ်းမှရိက္ခာပို့မှု ၃ ကြိမ်တိုင်ဖြတ်တိုက်ခံရ၍ ရဟတ်ယာဥ်ဖြင့်လာရာအပစ်ခံရပြန်ပြီးမဆင်းနိုင်ဘဲနောက်ကြောင်းပြန်လှည့်

ဖေဖော်ဝါရီ ၂၄ရက် မွန်းလွဲ၃ နာရီ​ကျော်က မြန်မာ-ထိုင်း နယ်စပ် BP-12 အနီးရှိ စစ်ကောင်စီ၏ ဟွေခမောက်စခန်းသို့ရိက္ခာပို့ဆောင်ရန်လာသော ရဟတ်ယာဉ်တစ်စီးကို ကရင်နီတပ်မတော်အမှတ်(၁)တပ်ရင်းက မြေပြင်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

▪︎မြန်မာ-ထိုင်းနယ်စပ်ရှိ​ဟွေခ​မောက်စခန်းသည်စစ်တပ်အတွက် အရးပါ​သောစခန်းဖြစ်

ကရင်နီပြည်နယ် မြန်မာ -ထိုင်းနယ်ရှိစစ်​ကောင်စီ၏တပ်စခန်းသို့ကုန်​ကြောင်းမှ ရိက္ခာလာပို့သည့် စစ်​ကြောင်းများကို အကြိမ်ကြိမ်တိုက်ခိုက်ခံရပြီး​နောက် စစ်တပ်ရဟတ်ယာဉ်ဖြင့်ရိက္ခာပို့ရန်လာ​ရောက်စဥ်ကရင်နီတပ်မ​တော်(KA)က ပစ်ခတ်ခဲ့ရာရဟတ်ယာဉ် ဆင်းသက်နိုင်ခြင်းမရှိဘဲ နောက်ကြောင်းပြန်လှည့်သွားကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ခံက​ပြောကြားသည်။

ဖေဖော်ဝါရီ ၂၄ရက် မွန်းလွဲ၃ နာရီ​ကျော်က မြန်မာ-ထိုင်း နယ်စပ် BP-12 အနီးရှိ စစ်ကောင်စီ၏ ဟွေခမောက်စခန်းသို့ရိက္ခာပို့ဆောင်ရန်လာသော ရဟတ်ယာဉ်တစ်စီးကို ကရင်နီတပ်မတော်အမှတ်(၁)တပ်ရင်းက မြေပြင်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ပြီးခဲ့သည့် ရက်များတွင် အဆိုပါဒေသသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီ မြေပြင်တပ်ကို ကရင်နီတပ်မ​တာ်ဦး​ဆောင်​သောကရင်နီပူးပေါင်းတပ်များက အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်တပ်ကလေကြောင်းမှ ရိက္ခာပို့ရန် ကြိုးပမ်းစဥ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။

​ဟွေ့ခ​မောက်စခန်းတွင် လက်နက်ကြီးပစ်​သောကုန်းများရှိပြီးစခန်းငယ် ၃ ၊၄ ခုနှင့် တွဲဖက်ထားကာ စစ်​ကောင်စီတပ်အတွက် ဗျူဟာအရ အ​ရေးပါ​သောစခန်းဖြစ်​ကြောင်းအထက်ပါတာဝန်ရှိသူက​ပြောသည်။ စခန်းတွင် စစ်တပ်အင်အားဆယ်ဂဏန်းရှိနိုင်​ကြောင်းလည်း၎င်းကခန့်မှန်းသည်။

Public Service Announcement

Public Service Announcement

ဖေ​ဖော်ဝါရီ ၁၉ ရက်က ​ဟွေခမောက်စခန်းသို့ ကုန်းလမ်းမှ ရိက္ခာလာပို့​သောစစ်​ကောင်စီတပ်အား ကရင်နီပူး​ပေါင်းတပ်ကကြားဖြတ်တိုက်ခိုက်ပြီး အရာရှိအပါအဝင် စစ်သုံ့ပန်း ၅ ဦးကိုလက်နက်များနှင့်အတူဖမ်းမိစဥ်။ ဓါတ်ပုံ- KMIC
ဖေ​ဖော်ဝါရီ ၁၉ ရက်က ​ဟွေခမောက်စခန်းသို့ ကုန်းလမ်းမှ ရိက္ခာလာပို့​သောစစ်​ကောင်စီတပ်အား ကရင်နီပူး​ပေါင်းတပ်ကကြားဖြတ်တိုက်ခိုက်ပြီး အရာရှိအပါအဝင် စစ်သုံ့ပန်း ၅ ဦးကိုလက်နက်များနှင့်အတူဖမ်းမိစဥ်။ ဓါတ်ပုံ- KMIC

“၁၉၉၇ ​လောက်ကတည်းကရှိတာ။သူတို့(စစ်တပ်)အတွက်မဆုတ်တန်းစခန်း​။စိုးမိုးကုန်း​ပေါ့”ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ မှတာဝန်ခံကPeople’s Spring သတင်းဌာနသို့​ပြောသည်။

ရိက္ခာလာပို့​သောရဟတ်ယာဉ်ကိုပစ်ခတ်၍ဆင်းသက်ခြင်းမပြုနိုင်ဘဲပြန်လှည့်သွားပီးနောက် တစ်နာရီခန့် အကြာတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂စီးဖြင့်ဟွေခမောက် ဝန်းကျင် တစ်ဝိုက်သို့ ၄ကြိမ်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။သို့​သော် စစ်တပ်၏လေကြောင်း တိုက်ခိုက်မှုတွင် ကရင်နီတပ်မတော်ဖက်မှ တစ်စုံတစ်ရာထိခိုက်မှုမရှိဟုဆိုသည်။

ဖေဖော်ဝါရီ ၁၉ရက်က ဖားဆောင်းအခြေစိုက်စစ်​ကောင်စီ၏ ခလရ(၁၃၅) စစ်ကြောင်းကထိုစခန်း ရိက္ခာပို့ရန်လာရောက်စဉ် ကရင်နီတပ်မတော်နှင့်ပူးပေါင်းတပ်တို့ကဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သားအနည်းဆုံး ၆ ဦး​သေပြီး အရာရှိအပါအဝင် စစ်သုံ့ပန်း ၅ဦးဖမ်းဆီးရမိခဲ့သည်။စစ်​ကောင်စီတပ်မှ လက်နက်၊ခဲယမ်းနှင့် ရိက္ခာများ ကိုလည်း ကရင်နီ​တော်လှန်​ရေးတပ်ဖွဲ့ကသိမ်းဆည်းနိုင်ခဲ့သည်။

အလားတူ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင်လည်း ရှမ်းပြည်တောင်ပိုင် SSS နယ်မြေကို ဖြတ်၍ ရိက္ခာပို့ရန်လာသော စစ်ကောင်စီတပ်များအား ကရင်နီတပ်မတော်(KA) အမှတ်(၃)တပ်ရင်းတပ်ဖွဲ့ကစောင့်ကြိုတိုက်ခိုက်ခဲ့ပြန်ရာ စစ်ကောင်စီတပ်ဖက်မှ(၃)ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာအချို့ရရှိသွားခဲ့သည်။

ထို့အပြင်ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင်လည်း တစ်ကြိမ်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖက်မှ(၅)ဦးခန့် ​သေဆုံးခဲ့ပြီး ဒဏ်ရာအများအပြားရရှိခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် ရှမ်းပြည်တောင်ပိုင်း ရှမ်း-ကရင်နီနယ်စပ်နှင့် တဆက်တည်းရှိနေသည့် ရှမ်းပြည်တောင်ပိုင်း ပြည်သူ့စစ် (SSS) အဖွဲ့၏ နယ်မြေကို အသုံးပြု၍ စစ်သည်အင်အား(၂၀၀)ခန့်ဖြင့် ကရင်နီနယ်စပ်ရှိ စစ်စခန်းများသို့ ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ရန် ခြောက်သွေ့/ပွင့်လင်းရာသီအတွင်း စီစဉ်နေခြင်းဖြစ်​ကြောင်းလည်းထုတ်ပြန်ထားသည်။

ထို​ကြောင့်စစ်တပ်သည်ကုန်​​ကြောင်းမှ ရိက္ခာပို့ရန် ၃ ကြိမ်ကြိုးစားရာ ဖြတ်တိုက်ခံရပြီး အထိနာသဖြင့် ​လေ​ကြောင်းမှရိက္ခာဖြည့်တင်းရန်စီစဥ်​နေခြင်းဖြစ်သည်။

(​မြေပြင်သို့မဆင်းနိုင်ဘဲ ပြန်လှည့်​​မောင်းသွားရသည့် စစ်တပ်၏ ရဟတ်ယာဥ်နှင့်​ဖေ​ဖော်ဝါရီ ၁၉ ရက်က ​ဟွေခမောက်စခန်းသို့ ကုန်းလမ်းမှ ရိက္ခာလာပို့​သောစစ်​ကောင်စီတပ်အား ကရင်နီပူး​ပေါင်းတပ်ကကြားဖြတ်တိုက်ခိုက်ပြီး အရာရှိအပါအဝင် စစ်သုံ့ပန်း ၅ ဦးကိုလက်နက်များနှင့်အတူဖမ်းမိစဥ်။ဓါတ်ပုံ- KMIC)

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။