Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့ စုပေါင်းရုံးကို MBT တပ်ဖွဲ့ဝင်တိုက်၊ စစ်ကောင်စီတပ်သားလေးဦး ဒဏ်ရာရ

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားလေးဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး ရေစကြိုဆေးရုံးတွင် အသက်လုကုသမှုခံယူနေရသည်ကို အတွင်းသတင်းရင်းမြစ်ထံမှတဆင့် အတည်ပြုနိုင်ခဲ့ကြောင်း MBTတပ်ဖွဲ့ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

(MBTတပ်ဖွဲ့ဝင်တစ်ဦး စစ်ကောင်စီစုပေါင်းရုံးနေရာအား အဝေးပစ်ပုခုံးထမ်းလောင်ချာဖြင့် ပစ်ခတ်နေစဥ်၊ ဓာတ်ပုံ - MBT)
(MBTတပ်ဖွဲ့ဝင်တစ်ဦး စစ်ကောင်စီစုပေါင်းရုံးနေရာအား အဝေးပစ်ပုခုံးထမ်းလောင်ချာဖြင့် ပစ်ခတ်နေစဥ်၊ ဓာတ်ပုံ - MBT)

မကွေးတိုင်း ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသော စုပေါင်းရုံးဝင်းအတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger – MBTတပ်ဖွဲ့က ပြောသည်။

ဖေဖော်ဝါရီ ၂၆ ရက် ည ၉နာရီခွဲက ရေစကြိုမြို့ အမှတ် (၂) စည်ပင်သာယာရပ်ကွက်ရှိ စုပေါင်းရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား ပုခုံးထမ်းလောင်ချာ၊ (၄၀) မမနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု MBTတပ်ဖွဲ့က ပြောသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားလေးဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး ရေစကြိုဆေးရုံးတွင် အသက်လုကုသမှုခံယူနေရသည်ကို အတွင်းသတင်းရင်းမြစ်ထံမှတဆင့် အတည်ပြုနိုင်ခဲ့ကြောင်း MBTတပ်ဖွဲ့ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

“သွားပြီးပစ်ခတ်တဲ့အချိန်မှာ အင်အား ၂၅၊ ၃၀ လောက်ပဲရှိတယ်ဗျ။ အတွင်းသတင်းကတဆင့် သူတို့ အဲဒီရုံးကွင်းပြင်မှာ တန်းစီနေပြီဆိုတာကို သိရတဲ့အချိန်မှာ အလျှင်အမြန်ပဲ သွားပြီးတော့ တိုက်ခိုက်ခဲ့တာဗျ”ဟု MBTတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ ရေစကြိုမြို့ပေါ် စုပေါင်းရုံးတွင် ပုံမှန်ဆိုလျှင် တပ်အင်အား ၂၀၀ခန့်တပ်စွဲလေ့ရှိသော်လည်း လက်ရှိတွင် ကျေးရွာများသို့ စစ်ကြောင်းထိုးနေခြင်းကြောင့် အင်အားအနည်းငယ်သာ ကျန်ရှိကြောင်း သိရသည်။

“မိနစ်၂၀လောက် တိုက်ပွဲဖြစ်ခဲ့တယ်။ သူတို့ဘက်က လက်နက်ကြီး၊ စက်ကလေး၊ စက်ကြီးတို့နဲ့ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။ ရဲဘော်တွေအထိအခိုက်တော့မရှိပါဘူး”ဟု Myingyan Black Tiger (MBT)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Myingyan Black Tiger – MBT တပ်ဖွဲ့နှင့် မဟာမိတ်တပ်များသည် ရေစကြိုမြို့ပေါ်ရှိ စစ်ရေးပစ်မှတ်များအား မကြာခဏတိုက်ခိုက်လျှက်ရှိရာ ဖေဖော်ဝါရီ ၂၁ရက်ညပိုင်းက အထက်ပါ စုပေါင်းရုံးအား တိုက်ခိုက်ခဲ့သည့်အပြင် ဖေဖော်ဝါရီ ၁၃ရက်ကလည်း ငြိမ်းဇာနည်တပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

အထက်ပါ ရေစကြို စုပေါင်းရုံးနေရာနှင့် ငြိမ်းဇာနည်တပ်စခန်းများအား တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ (၁၇)ဦးထက်မည်း ထိခိုက်သေဆုံးခဲ့သည်။

ဖေဖော်ဝါရီ ၂၅ ရက် ည ၁၁နာရီခန့်ကလည်း ရေစကြိုမြို့နယ် အလယ်သောင်ကျေးရွာအုပ်စု၊ ဂွက်ကြီးကျေးရွာတွင် ပျူစောထီးခေါင်းဆောင်ဆိုသူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို ၎င်းတို့နေအိမ်များသို့သွားရောက်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။