Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူများကြုံနေရသည့်အခက်အခဲများစာနာရန် အိမ်နီးချင်း နိုင်ငံများအား ယာယီသမ္မတ တောင်းဆို

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံအထူးကိုယ်စားလှယ်က မြန်မာမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်လာရောက်တွေ့ဆုံမှု နှင့်ပတ်သက်ပြီး ယာယီသမ္မတက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူများကြုံနေရသည့်အခက်အခဲများစာနာရန် အိမ်နီးချင်း နိုင်ငံများအား ယာယီသမ္မတ တောင်းဆို
အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူများကြုံနေရသည့်အခက်အခဲများစာနာရန် အိမ်နီးချင်း နိုင်ငံများအား ယာယီသမ္မတ တောင်းဆို

▪️တိုင်းပြည်တည်ငြိမ်မှုနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကို NUGကသာ အာမခံချက်ပေးနိုင်မည်ဟု အသိပေး

အိမ်နီးချင်းနိုင်ငံများအနေဖြင့် စစ်အုပ်စု၏ အာဏာသိမ်းမှုနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့်မြန်မာနိုင်ငံ၏ တိုင်းရင်းသားပြည်သူလူထုများ တွေ့ကြုံနေရသည့် အခက်အခဲ စိန်ခေါ်မှုများကို စာနာပြီး ရပ်တည်ပေးကြရန် မျှော်လင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံအထူးကိုယ်စားလှယ်က မြန်မာမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်လာရောက်တွေ့ဆုံမှု နှင့်ပတ်သက်ပြီး ယာယီသမ္မတက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ဟာ အာဏာရှင်စနစ် ဖျက်သိမ်းပြီး တည်ငြိမ်တဲ့ အစိုးရတရပ်ကို ဖွဲ့စည်းထူထောင်နိုင်ဖို့ဖြစ်ပါတယ်။ လက်ရှိစစ်အစိုးရဟာတိုင်းပြည်ကို တည်ငြိမ်မှုမပေးနိုင်တာ သမိုင်းတလျှောက် အကြိမ်ကြိမ်အာဏာသိမ်းမှုများနဲ့ ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ တိုင်းပြည်နဲ့ လူထုရဲ့ ထွက်ပေါက်/ တိုးတက်မှုလမ်းကြောင်း မရှိပါဘူး။ လက်ရှိ ကျနော် တို့အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားပြီး ပိုမိုစုံလင် တဲ့ စုဖွဲ့ မှုကိုလည်း တိုးချဲ့ဖို့ စိတ်ဆန္ဒရှိပါတယ်။ ကျနော်တို့အစိုးရကသာ တိုင်းပြည်ရဲ့ တည်ငြိမ်မှုနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို အာမခံချက်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

မင်းအောင်လှိုင်နှင့် စစ်အုပ်စုကြောင့် သိန်းနှင့်ချီသည့် ပြည်သူလူထုများ အိုးအိမ်ကို စွန့်ပြီး စစ်ပြေးဒုက္ခသည်ဘ၀ ရောက်နေကြရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်အုပ်စုမှ အပြစ်မဲ့ပြည်သူများကို နေ့စဉ်နှင့်အမျှ လူမဆန်စွာ သတ်ဖြတ်နေပြီး စစ်အုပ်စု၏ အကြမ်းဖက်ဆန်မှုကိုကမ်းကုန်အောင် ကျူးလွန်နေသည်ဟု ယာယီသမ္မတက ပြောသည်။

“အကြမ်းဖက်စစ်အုပ်စုဟာ လူထုကို အကြောက်တရားနဲ့ ဖိပြီး အုပ်ချုပ်လို့ ရမယ်လို့ ထင်နေပါတယ်။ လက်တွေ့အမှန်က လူထုတရပ်လုံးဟာ စစ်အုပ်စုရဲ့ ရက်စက်မှုကို ခါးသီးနေကြပြီ ဖြစ်ပါတယ်။ စစ်အုပ်စုကို လက်လျော့အရှုံးမပေးဘဲ အဆုံးအထိ တိုက်ပွဲဝင်ဖို့ အားလုံးက ဒီနေ့အထိ စိတ်ဆန္ဒပြင်းပြ နေကြဆဲဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

အစိုးရအဖွဲ့ ဝန်ကြီးများအနေဖြင့်လည်း လက်ရှိသွားနေသည့် အချိန်ထိက်မလျှော့ဘဲ တော်လှန်ရေး အရှိန်ကို မြှင့်တင်ရန် လိုပ်အပ်ကြောင်း၎င်းကဆိုသည်။

မျှော်လင့်နေသည့် အောင်မြင်မှုရလဒ်ကို အမြန်ဆုံး ရရှိအောင်ဆက်လက်ကြိုး စားကြရန် ယာယီသမ္မတက တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။