Connect with us

Hi, what are you looking for?

သတင်း

မြင်းမူတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းထိ

ယနေ့ (မတ်လ ၁ ရက်)တွင်မူ စစ်ကောင်စီတပ်သည် တာတိုင်ကျေးရွာ ဝင်ရောက်ကာ ဒေသခံ ပြည်သူ ခြောက်ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ၁၀ဦးကျော် ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြသူများအား စမ်းချောင်းမြို့နယ်ဗားကရာလမ်းပေါ်၌ ပစ်ခတ်ဖြိုခွင်းနေသော စစ်ကောင်စီလက်ပါးစေများအား ၂၀၂၁ ဖေဖော်ဝါရီ ၂၈ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြသူများအား စမ်းချောင်းမြို့နယ်ဗားကရာလမ်းပေါ်၌ ပစ်ခတ်ဖြိုခွင်းနေသော စစ်ကောင်စီလက်ပါးစေများအား ၂၀၂၁ ဖေဖော်ဝါရီ ၂၈ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)

▪️မုံရွာတွင်လည်း ရဲစခန်းအနီးရှိ စစ်အုပ်စုအား အနီးကပ်တိုက်ခိုက်ရာ သေဆုံးမှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကြောင်းထိုးသတ်ဖြတ်နေသော စစ်ကောင်စီစစ်ကြောင်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးပွဲချင်းပြီးသေဆုံး၍ ထမ်းစင်များဖြင့် သယ်ထုတ်သွားရကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့(PAFD)၏ တာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၂၈ရက်က စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာ၊ ရွှေလှေကျေးရွာနှင့် မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာ၊ ပုလဲတန်ကျေးရွာများသို့ စစ်ကြောင်းထိုး ပစ်ခတ်သတ်ဖြတ်နေသော စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းအား မြင်းမူမြို့နှင့် ပုလဲတန်ကျေးရွာကြားတွင် အထူးပြုလုပ်ထားသော မိုင်းဘီလူးပေါ်၌ တည့်တည့်ရပ်နေစဉ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့(PAFD)၏ တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးပွဲချင်းပြီး သေဆုံးပြီး လေးဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

ထိုသို့ မိုင်းခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသောအလောင်းများနှင့် ဒဏ်ရာရသူများအား ထမ်းစင်ဖြင့် သယ်ဆောင်သွားသည်ကို PAFDအဖွဲ့က ဗွီဒီယိုဖြင့် မှတ်တမ်းတင်ထားခဲ့သည်။

Public Service Announcement

Public Service Announcement

“မိုင်းထိပြီးတော့ စက်သေနတ်တွေ ဖိုတီးတွေနဲ့ပစ်တာ။အလောင်းသယ်ပြီး မြင်းမူဘက်ကိုပြန်သွားတယ်လို့သတင်းရတယ်။”ဟု PAFD၏ တာဝန်ခံက ပြောသည်။

ယနေ့ (မတ်လ ၁ ရက်)တွင်မူ စစ်ကောင်စီတပ်သည် တာတိုင်ကျေးရွာ ဝင်ရောက်ကာ ဒေသခံ ပြည်သူ ခြောက်ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ၁၀ဦးကျော် ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။

စစ်ဆင်ရေးကို People’s Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU)၊ People’s Knight Defense Force Myinmu(PKDF.MMU)၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပကဖ .D.B.B.F.MMU စသည့် မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ပြီး စစ်ဆင်ရေးများ ဆက်တိုက်ဆောင်ရွက်နေ၍ ထောက်ပံ့မှုများလည်း လိုအပ်နေကြောင်းPAFDက အသိပေးထားသည်။

အလားတူ ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၆ နာရီခန့်က မုံရွာမြို့ အမှတ်(၂)ရဲစခန်းက စစ်ကောင်စီတပ်နှင့်ရဲ စုစုပေါင်း ရှစ်ဦးသည် အေးရိပ်သာလမ်းအား ပိတ်နေစဥ် နတ်ဆိုးအထူး ကွန်မန်ဒိုအဖွဲ့က အနီးကပ်တိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့တာဝန်ခံက ပြောသည်။

“သူတို့က အုပ်လိုက်ကြီးရှိနေချိန်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။”ဟု နတ်ဆိုးအဖွဲ့တာဝန်ခံက ပြောသည်။

ပြည်သူများ စစ်ကောင်စီဂိတ်များနှင့်ဝေးရာသို့ ရှောင်ကွင်းသွားကြပါရန်၊ပစ်ခတ်သံများကြားပါက သတိထားသွားလာကြရန် နတ်ဆိုးအဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ပြင်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ စစ်တပ်က ၇ ဦးခန့် သေဆုံးကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။