Connect with us

Hi, what are you looking for?

သတင်း

မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင်အသတ်ခံရမှုတွင် မြို့ခံ ၁၄ဦးကို စစ်ကောင်စီ မတရားဖမ်းဆီး

ကျော်တင့်ဦးသည် မော်လမြိုင်ကျွန်းမြို့‌ (၁၂) ရပ်ကွက်ရှိ Happy လက်ဖက်ရည်ဆိုင်၌ ထိုင်နေစဉ် ဖေဖော်ဝါရီ ၂၄ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်။

(မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင် ကျော်တင့်ဦး ပထမအကြိမ် ပစ်ခတ်ခံရမှုကြောင့် ဆေးရုံ၌ ကုသမှုခံယူနေစဉ်။ ဓာတ်ပုံ - CJ)
(မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင် ကျော်တင့်ဦး ပထမအကြိမ် ပစ်ခတ်ခံရမှုကြောင့် ဆေးရုံ၌ ကုသမှုခံယူနေစဉ်။ ဓာတ်ပုံ - CJ)

▪️အမှုနှင့် မသက်ဆိုင်သူများဖမ်းဆီးပြီး ငွေညှစ်ချင်၍ဟု ဒေသခံများပြော

မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင် ကျော်တင့်ဦး အသတ်ခံရပြီးနောက် အဆိုပါအမှုနှင့် မပတ်သက်သော မြို့ခံအမျိုးသား ၁၄ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

“ကျော်တင့်ဦးကို သတ်တာလို့ ပေါ်တင်ထုတ်ပြန်ထားတဲ့အဖွဲ့လည်းရှိတယ်။ အခုက ဘာမှမဆိုင်တဲ့ ‌မြို့ခံတွေကို ခွေးတပ်က လိုက်ဖမ်းနေတယ်” ဟု မော်လမြိုင်ကျွန်းမြို့ခံတစ်ဦးက ပြောသည်။

ကျော်တင့်ဦးသည် မော်လမြိုင်ကျွန်းမြို့‌ (၁၂) ရပ်ကွက်ရှိ Happy လက်ဖက်ရည်ဆိုင်၌ ထိုင်နေစဉ် ဖေဖော်ဝါရီ ၂၄ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်။

စစ်ကောင်စီသတင်းပေး ကျော်တင့်ဦးကို ပစ်ခတ် ရှင်းလင်းလိုက်ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဧရာဝတီလင်းပိုင်အဖွဲ့(မော်ကျွန်း) က ယင်းနေ့တွင်ပင် ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

သို့သော် ဖေဖော်ဝါရီ ၂၅ ရက်တွင်မော်လမြိုင်ကျွန်းမြို့ အမှတ် (၁၂)ရပ်ကွက်နှင့်အမှတ် (၉)ရပ်ကွက်ကို စစ်‌ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များက ဝင်မွှေပြီး ဒေသခံ ၁၄ဦးကို ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

“အဖမ်းခံရတဲ့သူတွေက ငွေကြေးချမ်းသာသူတွေဖြစ်တယ်။ ဒလန်အသတ်ခံရတာကို အကြောင်းပြီး ငွေညှစ်ချင်လို့ ဖမ်းတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီလုပ်ရပ်က အရေးမပါဘူး”ဟု မြို့ခံတစ်ဦးက People’s Spring သို့ ပြောသည်။

မော်လမြိုင်ကျွန်းမြို့တွင် ကျော်တင့်ဦးအပါအဝင်စစ်ကောင်စီသတင်းပေး ခြောက်ဦးကို တော်လှန်ရေးအင်အားစုများက ရှင်းလင်းခဲ့ပြီး ယခင် သတင်းပေးများ အသတ်ခံရစဥ်ကလည်း ဒေသခံများကို စစ်ကောင်စီတပ်က ဖမ်းဆီးငွေညှစ်ခဲ့သည်ဟု ‌သိရသည်။

ယခုဖမ်းဆီးခံထားရသူ ၁၄ဦးကို မော်လမြိုင်ကျွန်းမြို့ရဲစခန်းတွင် ချုပ်နှောင်ထားပြီး ယနေ့ (မတ်လ ၃ရက်)အထိ မိသားစုဝင်များနှင့်တွေ့ခွင့်မရသေးကြောင်း သတင်းရရှိသည်။

ကျော်တင့်ဦးသည် စစ်ကောင်စီကဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်ပြီး မော်လမြိုင်ကျွန်းမြို့ မဘသ ဥက္ကဌတာဝန်လည်းယူထားသည်။

၎င်းသည် ဖေဖော်ဝါရီ ၂၄ရက်တွင် ပစ်ခတ်ခံရပြီး ပုသိမ်မြို့ရှိ စစ်ဆေးရုံတွင် ကုသနေစဉ် ဖေဖော်ဝါရီလ ၂၇ ရက်က သေဆုံးခဲ့သည်။

ကျော်တင့်ဦး ယခင်ကလည်း သေနတ်ဖြင့် ပစ်ခတ်ခံရဖူးပြီး ယခုထပ်မံ ပစ်ခတ်ခံရခြင်းလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။